Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လမ်းမလျှောက်နိုင်တော့လို့ ဘီးတပ်ကုလားထိုင် အသုံးပြုနေရတဲ့ ပုပ်ရဟန်းမင်းကြီး

ရောမမြို့မှာ တက်ရောက်ခဲ့တဲ့ အစည်းအဝေးကတော့ ပုပ်ရဟန်းမင်းကြီးကို ဘီးတပ်ကုလားထိုင်ပေါ်မှာ ပထမဆုံးအကြိမ် လူသိရှင်ကြား တွေ့မြင်ရတာလည်း ဖြစ်ပါတယ်။ အသက် ၈၅ နှစ် ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ ညာဖက်ဒူးက အရွတ်တွေမှာ နာကျင်တာကို လပေါင်းအတော်ကြာ ခံစားနေခဲ့ရကြောင်း ဗာတီကန်နန်းတော် တာဝန်ရှိသူတွေက ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဒူးပြဿနာကြောင့် ဘီးတပ် ကုလားထိုင် အသုံးပြုပြီး သွားလာနေရကြောင်း သိရပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ မေလ ၅ ရက်က ဘာသာရေး ခေါင်းဆောင်တွေ၊ သီလရှင်ကြီးတွေနဲ့ အစည်းအဝေးတစ်ခု ပြုလုပ်ရာမှာ ဘီးတပ် ကုလားထိုင်ပေါ် လိုက်ပါလာတာ ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရပါတယ်။ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးဟာ ဒူးခေါင်း နာကျင်မှုကြောင့် လှုပ်ရှား သွားလာရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ရောမမြို့မှာ တက်ရောက်ခဲ့တဲ့ အစည်းအဝေးကတော့ ပုပ်ရဟန်းမင်းကြီးကို ဘီးတပ်ကုလားထိုင်ပေါ်မှာ ပထမဆုံးအကြိမ် လူသိရှင်ကြား တွေ့မြင်ရတာလည်း ဖြစ်ပါတယ်။ အသက် ၈၅ နှစ် ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ ညာဖက်ဒူးက အရွတ်တွေမှာ နာကျင်တာကို လပေါင်းအတော်ကြာ ခံစားနေခဲ့ရကြောင်း ဗာတီကန်နန်းတော် တာဝန်ရှိသူတွေက ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်ကလည်း နာကျင်မှု သက်သာအောင် အကိုက်အခဲ ပျောက်ဆေးတွေပါ ထိုးနေရကြောင်း ထုတ်ပြောဖူးပါတယ်။ ဒါပေမဲ့ အခြေအနေက တိုးတက်မလာဘဲ လမ်းတောင် မလျှောက်နိုင်အောင် ဖြစ်လာလို့ ဘီးတပ် ကုလားထိုင် အသုံးပြုလာရတာပါ။

အာဂျင်တီးနား နိုင်ငံသား ဘုန်းတော်ကြီး ဖရန်ဆစ်ဟာ ၂၀၁၃ နှစ်ဆန်းပိုင်းလောက်က စပြီး ပုပ်ရဟန်းမင်း အရိုက်အရာကို ဆက်ခံခဲ့ပါတယ်။ သူဟာ ၂၀၁၇၊ နှစ်ကုန်ပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး နိုင်ငံသမိုင်းတလျှောက် ပထမဆုံး ကြွရောက်တဲ့ ပုပ်ရဟန်းမင်းအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူ၊ ပြည်သားတွေ ငြိမ်းချမ်းရေးရရှိဖို့နဲ့ ရင်ဆိုင်နေရတဲ့ကပ်ဘေးတွေ အမြန်ဆုံးကင်းဝေးဖို့ ပုပ်ရဟန်းမင်းကြီးဖရန် ဆစ်က မကြာခဏ ဆုတောင်းပေးခဲ့ပါတယ်။

နိုင်ငံတကာ

ပုပ်ရဟန်းမင်းကြီးဟာ အရင်ကတည်းက ကျန်းမာရေး ပြဿနာတချို့ ရှိခဲ့ဖူးပေမယ့် ဆေးရုံတက် ခွဲစိတ်မှုနဲ့ ပတ်သက်လို့ ဗာတီကန် နန်းတော်က အသေးစိတ် ထုတ်ပြန် ကြေညာတာ အခုတစ်ကြိမ် ပထမဆုံး ဖြစ်ပါတယ်။

နိုင်ငံတကာ

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး ကြိမ်ဖန်များစွာ မေတ္တာရပ်ခံခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဟာ ငတ်မွတ်ခေါင်းပါးရင်းသေဆုံးခဲ့သူတွေ၊ နေရပ်ကိုစွန့်ခွာနေရသူတွေရှိတဲ့ မြန်မာနိုင်ငံမှာ ထောင်ပေါင်းများစွာ သော ပြည်သူတွေရဲ့ စိတ်နှလုံးထိခိုက်ဖွယ်အတွေ့အကြုံတွေဖြစ်တယ်လို့ ဆိုပါတယ်။