Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်ရှိနိုင်ငံရေးအချိုးအကွေ့တွင် မွန်တစ်မျိုးသားလုံးညီညွတ်ရေး ခိုင်မာစွာ တည်ဆောက်မည်ဟု NMSP နယ်မြေ၌ ပြုလုပ်သည့် မွန်ညီလာခံထုတ်ပြန်

ညီလာခံတွင် ဖက်ဒရယ်ပြည်ထောင်စုနှင့် မွန်ပြည်နယ်ဖွဲ့စည်းပုံ အခြေခံမူစေ့စပ်ညှိနှိုင်းရေးဆွဲရေး ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်ဟုလည်း ကြေညာချက်ကဆိုသည်။

(NMSP ထိန်းချုပ်နယ်​မြေတွင်ပြုလုပ်​သော မွန်အမျိုးသားရေးရာညီလာခံ)

လက်ရှိ ယနေ့နိုင်ငံရေးအချိုးအကွေ့တွင် တည်တန့်ခိုင်မြဲ၍ ညီညွတ်သော အမျိုးသားအင်အားစုတရပ်ဖြစ်ပေါ်လာရေးသည်သာ အရေးကြီးသည့်လိုအပ်ချက်တရပ် ဖြစ်ပြီးမွန်တမျိုးသားလုံးညီညွတ်ရေးကို ခိုင်မာစွာတည်ဆောက်သွားမည်ဖြစ်ကြောင်း အလေးအနက်ထား၍ အသိပေးတိုက်တွန်းအပ်သည်ဟု မွန်အမျိုးသားရေးရာညီလာခံက ထုတ်ပြန်ခဲ့သည်။

မွန်အမျိုးသားရေးရာညီလာခံ (၂၀၂၂)ကို မွန်ပြည်သစ်ပါတီ(NMSP) ထိန်းချုပ်နယ်မြေ ရေးမြို့အရှေ့ဘက် ရေးချောင်းဖျားဒေသ၌ ​မေလ၂ ရက်မှစ၍ ​လေးရက်ကြာကျင်းပခဲ့ရာ မေလ ၅ရက်တွင် ကျင်းပပြီးစီးခဲ့ပြီးမွန်ဘာသာဖြင့် ထုတ်ပြန်ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်ကို မွန်သတင်းအေဂျင်စီက မြန်မာဘာသာဖြင့် ပြန်လည်ရေးသားဖော်ပြသည်။

ညီလာခံတွင် ဖက်ဒရယ်ပြည်ထောင်စုနှင့် မွန်ပြည်နယ်ဖွဲ့စည်းပုံ အခြေခံမူစေ့စပ်ညှိနှိုင်းရေးဆွဲရေး ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်ဟုလည်း ကြေညာချက်ကဆိုသည်။

“ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ မွန်လူမျိုးတွေ ဘာလိုအပ်နေသလဲ၊ ဘာတွေကို တောင်းဆိုမှာလဲ၊ ကာလဒေသ အချိန်အခါတွေ အမြဲတမ်းပြောင်းလဲနေတဲ့နေရာမှာ လိုက်လျောညီထွေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာစေဖို့ ဆွေးနွေးကြတယ်၊ နောက်တချက် ရာမညမွန်ပြည်(နယ်) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကျနော်တို့(တတိယမူကြမ်း) ရေးဆွဲထားပြီးသား ရှိပါတယ်၊ ဒီနေရာမှာ သတိကြီးစွာထားဖို့လိုပါတယ်၊ ဒီအချိန်ကာလမှာ ကျနော်တို့ပိုပြီး သတိထားဖို့ လိုအပ်ပါတယ်၊ မွန်ပြည်နယ်အတွင်းက တိုင်းရင်းသားပြည်သူအားလုံး ဒါကို ဘယ်လောက်လက်ခံ ဘယ်လောက်အသိအမှတ်ပြု ဘယ်လိုသဘောထားရှိနေပါသလဲ ဒီကိစ္စအရေးကြီးပါတယ်၊ ဒါတွေကို ကျနော်တို့ ဆွေးနွေးသုံးသပ်ကြတယ်၊ ဒီဖွဲ့စည်းပုံတွေကို ရေးဆွဲနိုင်ဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းသွားမယ်”ဟုညီလာခံ ပြောရေးဆိုခွင့်ရှိသူ NMSP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်အောင်မငေးက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားကြောင်း မွန်သတင်းအေဂျင်စီက ဖော်ပြသည်။

မွန်အမျိုးသားအဖွဲ့ချုပ် ဖွဲ့စည်းပုံကို ယာယီအားဖြင့်အတည်ပြုခဲ့ကြပြီး အဆိုပါ ဖွဲ့စည်းပုံကို လက်ရှိပစ္စုပ္ပန်ကာလနှင့်ကိုက်ညီစေရန် ပြန်လည်သုံးသပ်၍ မွန်အမျိုးသားအဖွဲ့ချုပ် ဖွဲ့စည်းတည်ဆောက်ရေး အကောင်အထည်ဖော်ဆောင်ညှိနှိုင်းရေး(အဖွဲ့စုံ)အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်ဟုဆိုသည်။

မွန်ဒေသတွင် မွန်အမျိုးသားနေ့ တရားဝင်ရုံးပိတ်ရက်သတ်မှတ်ပေးရေးအတွက် ကဏ္ဍစုံအဖွဲ့အစည်းအသီးသီးက ကြိုးပမ်းအားထုတ်သွားကြရန်၊ မွန်အမျိုးသားနေ့တွင် မိမိတို့ဆန္ဒဖြင့် ရုံးမတက် အလုပ်ပိတ်ခြင်းအားဖြင့် မွန်ပြည်သူတရပ်လုံးအနေဖြင့် ဇာတိသွေးဇာတိမာန် စိတ်ဓါတ်ကို ပြသသွားကြရန် ညီလာခံက ထုတ်ပြန်သည်။

တစ်ကမ္ဘာလုံးရှိ မွန်လူမျိုးများအနေဖြင့် တပို့တွဲလပြည့်ကျော် (၁) ရက်နေ့တစ်ရက်တည်းကိုသာ မွန်အမျိုးသားနေ့အခမ်းအနား တပြိုင်တည်းကျင်းပသွားရန်နှင့် အခြေအနေမပေး၍ ၄င်းနေ့ရက်မတိုင်မီ ကျင်းပရမည်ဆိုပါက “မွန်အမျိုးသားနေ့အကြို”ဟုလည်းကောင်း၊ ရက်လွန်ပြီးမှကျင်းပမည်ဆိုပါက “မွန်အမျိုးသားနေ့ဂုဏ်ပြုပွဲ”ဟုလည်းကောင်း သုံးနှုန်းခေါ်ဝေါ်သွားရန် ညီလာခံကဆုံးဖြတ်ခဲ့သည်ဟုဆိုသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိဟောင်း ဦးဝေလင်းမောင်က “မြန်မာရွှေပြောင်းအလုပ်သမားတွေ လမ်းခရီး အန္တရာယ်ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျ”ဟု ပြောသည်။

သတင်း

ယခု ပူးတွဲထုတ်ပြန်ချက်တွင် ပြည်ထောင်စု၏ ပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရေးသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အစဉ်တစိုက် တောင်းဆိုခဲ့သည့် တောင်းဆိုချက်ပင်ဖြစ်ကြောင်းသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီအနေနဲ့ အခုလိုအချိန်ကာလမျိုးမှာ တကယ်အကောင်းဘက်ကို လိုချင်တယ်ဆိုပါက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမှာလို့ ပဒိုစောတောနီးက ပြောပါတယ်။

သတင်း

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှုအပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU)က ယမန်နေ့တွင် တရားဝင်တုံ့ပြန်သည့် ကြေညာချက်ထုတ်ပြန်ခဲ့ရာ သက်ဆိုင်သူများအားလုံး ပါဝင်ဆွေးနွေးသည့် အခင်းအကျင်း မဖြစ်သည့်အတွက် တက်ရောက်နိုင်မည်မဟုတ်ကြောင်း ဖော်ပြခဲ့သည်။