Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နယ်​​မြေစိုးမိုး​ရေး၊ စစ်အုပ်စုနှင့် ၎င်းတို့ထုတ်ကုန်များသယ်ယူပို့​ဆောင်ခြင်းမပြု​စေရန် ဂန့်​ဂေါ – က​လေးလမ်းပိုင်းအား ပြည်သူ့ကာကွယ်​ရေးတပ်များ စစ်​ဆေး​ဆောင် ရွက်

တားမြစ်ကုန်ပစ္စည်းများနှင့် ကန့်သတ်ကုန်ပစ္စည်းများသယ်ယူတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် မြေပြင်ပူးပေါင်းတပ်ဖွဲ့များမှ စစ်ဆေးဆုံးဖြတ်အရေးယူမည်ဟု အသိပေးသည်။

မကွေးတိုင်း၊ ဂန့်ဂေါ – ကလေးလမ်းပိုင်းတွင် စစ်ကောင် စီတပ်များနှင့် နယ်ခံပျူစောထီးများ ဖြတ်သန်းသွားလာခြင်းမပြုနိုင်စေရန်နှင့် တားမြစ်ထုတ်ကုန်များသယ်ယူခြင်းများမရှိစေရန် စစ်ဆေးနေကြောင်း Phoenix Defence Battalionက ယနေ့(မေ ၇ ရက်)ထုတ်ပြန် သည်။

အဆိုပါ စစ်ဆေးမှုကို ယမန်နေ့ (မေ ၆ရက်)ကစတင်၍ နယ်မြေစိုးမိုးမှုရယူကာ ဂန့်ဂေါမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ စုပေါင်းဆောင်ရွက်နေသည်ဟု ဆိုသည်။

“အဓိကတော့ စခတွေတပ်စွဲထားတဲ့ ပျူရွာတွေကို စားနပ်ရိက္ခာလမ်းကြောင်း ပိုဖြတ်တောက်မယ်။ပြီးတော့ ဒီထက်စနစ်ကျအောင် စစ်ဆေးရေးဂိတ်အချို့ပါ ကျွန်တော်တို့ စီစဥ်နေပါတယ်”ဟု Phoenix Defence Battalion တာဝန်ရှိသူက People’s Springသို့ ပြောသည်။

တားမြစ်ကုန်ပစ္စည်းများနှင့် ကန့်သတ်ကုန်ပစ္စည်းများသယ်ယူတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် မြေပြင်ပူးပေါင်းတပ်ဖွဲ့များမှ စစ်ဆေးဆုံးဖြတ်အရေးယူမည်ဟု အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၎င်းတို့နှင့်ဆက်နွယ်သည့် ထုတ်ကုန်များကို တင်သွင်း၊သယ်ယူ၊ရောင်းချခြင်းမပြုကြောင်း ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယခုနှစ်ဆန်းပိုင်းကစ၍ ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Bago Region PDF က အသိပေးထုတ်ပြန်သည်။

သတင်း

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်နှစ်ပြည့် ဖွဲ့စည်းတည်ထောင်နိုင်ခြင်း အပေါ်မြိုင်မြို့နယ်၊ ဆိပ်ဖြူမြောက်ပိုင်း၊ မြစ်ခြေ-ကျွန်းချောင်းမြို့နယ် အစရှိသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

သတင်း

မျက်မြင်အနေအထားအရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အယောက် ၂၀နှင့်အထက် သေဆုံးနိုင်ပြီး ရဲဘော်များ တစ်စုံတစ်ရာ အထိခိုက်မရှိ ဘေးလွတ်ရာသို့ဆုတ်ခွာနိုင်ခဲ့သည်ဟုနတ်တောင်နဂါးတပ်ဖွဲ့က ​ပြောသည်။

သတင်း

"အဲဒီကယန်းသာယာလမ်းခွဲမှာက စစ်ကောင်စီ ဂိတ်ရှိတယ်။ပြီးတော့ ဒီကောင်တွေ ကင်းပုန်း ဝပ် တာတွေ အဲဒီနားမှာ ဖြတ်သွားရင် တွေ့ရတယ်"ဟု လွိုင်ကော်ဒေသခံတစ်ဦးက People’s Springသို့ ပြောသည်။