Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆန္ဒပြမှုတွေကြောင့် သီရိလင်္ကာ အစိုးရက အရေးအပေါ် အခြေအနေ နောက်တစ်ကြိမ် ကြေညာ

သီရိလင်္ကာမှာ မတ်လကတည်းက ဆန္ဒပြပွဲတွေ စတင်ခဲ့ပြီး အစိုးရက အရေးပေါ် အခြေအနေတွေ၊ ညမထွက်ရ အမိန့်တွေ ကြေညာခဲ့ဖူးပေမယ့် ဆန္ဒပြမှုတွေကို မတားဆီးနိုင်တာကြောင့် အဲဒီ အမိန့်တွေကို ပြန်ရုပ်သိမ်းခဲ့ရပါတယ်။ အခုတစ်ခါ အသစ်ထပ်ပြီး ထုတ်ပြန်တဲ့ အရေးပေါ် အခြေအနေ ကြေညာချက်ကလည်း ၁၄ ရက်အတွင်း လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို ရရှိဖို့ လိုအပ်နေဆဲပါ။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ တကျော့ပြန် အရှိန်မြင့်တက်လာတဲ့နောက် သီရိလင်္ကာ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာဟာ တစ်နိုင်ငံလုံးအဆင့် အရေးပေါ် အခြေအနေ ထပ်မံ ကြေညာခဲ့ရပါတယ်။

သီရိလင်္ကာ အစိုးရဟာ ဆိုးရွားလှတဲ့ ကြွေးမြီပြဿနာတွေ၊ ကုန်စျေးနှုန်း ကြီးမြင့်မှု၊ စွမ်းအင် ပြတ်လပ်မှုစတဲ့ ပြဿနာတွေကြောင့် ဘက်ပေါင်းစုံ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သီရိလင်္ကာမှာ ဂိုတာဘာယာရဲ့ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ကာလရှည်ကြာ ဖြစ်ပေါ်နေပြီး အထွေထွေ ပြည်လုံးကျွတ် သပိတ်ကြီး တစ်ခုကြောင့်လည်း ကျောင်းတွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ ရုံးတွေ၊ ပို့ဆောင် ဆက်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ထားလိုက်ရပါတယ်။

သီရိလင်္ကာမှာ မတ်လကတည်းက ဆန္ဒပြပွဲတွေ စတင်ခဲ့ပြီး အစိုးရက အရေးပေါ် အခြေအနေတွေ၊ ညမထွက်ရ အမိန့်တွေ ကြေညာခဲ့ဖူးပေမယ့် ဆန္ဒပြမှုတွေကို မတားဆီးနိုင်တာကြောင့် အဲဒီ အမိန့်တွေကို ပြန်ရုပ်သိမ်းခဲ့ရပါတယ်။ အခုတစ်ခါ အသစ်ထပ်ပြီး ထုတ်ပြန်တဲ့ အရေးပေါ် အခြေအနေ ကြေညာချက်ကလည်း ၁၄ ရက်အတွင်း လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို ရရှိဖို့ လိုအပ်နေဆဲပါ။

အရေးပေါ် အခြေအနေ ကြေညာထားတဲ့ အတောအတွင်း လမ်းပိတ်တဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီး ထိန်းသိမ်းတာမျိုး အခွင့်အာဏာတွေပါ လုံခြုံရေး တပ်ဖွဲ့တွေဆီ ပေးအပ်ထားကြောင်း အစိုးရက ကြေညာပါတယ်။ မေလ ၆ ရက်တုန်းကလည်း ကိုလံဘိုမြို့က အမျိုးသား ညီလာခံ အဆောက်အအုံနားမှာ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး ဖြိုခွင်းတာကြောင့် နှစ်ဖက် ပဋိပက္ခတွေ ဖြစ်ခဲ့ပါသေးတယ်။

သမ္မတ ရာဂျာပက်ဆာဟာ ဧပြီ ၁ ရက်တုန်းကလည်း အရေးပေါ် အခြေအနေ ကြေညာခဲ့ပေမယ့် ၅ ရက်အတွင်း အဲဒီအမိန့်ကို ပြန်ရုပ်သိမ်းခဲ့ရပါတယ်။ ရာဂျာပက်ဆာက သူ့အစ်ကို မာဟင်ဒါ ရာဂျာပက်ဆာကို ဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှားမယ်လို့ ကတိပြုခဲ့ပြီး ပြည်သူတွေကို ချွေးသိပ်ဖို့ ကြိုးစားပေမယ့် ဆန္ဒပြသူတွေကတော့ ရာဂျာပက်ဆာ မိသားစုဝင်အားလုံး နိုင်ငံရေးအာဏာ စွန့်လွှတ်ဖို့ ဆက်လက် ဖိအားပေးနေပါတယ်။

အခု သီတင်းပတ်ထဲမှာ သီရိလင်္ကာ ဘဏ္ဍာရေး ဝန်ကြီး အလီဆာဘရီက နိုင်ငံရဲ့ အပိုဆောင်း နိုင်ငံခြားငွေ သိုလှောင်မှုဟာ ပြောင်သလင်းခါလုနီးပါး ဖြစ်နေပြီလို့ ဝန်ခံခဲ့ပါတယ်။ အစိုးရရဲ့ အပိုဆောင်းငွေ သိုလှောင်မှု ခေါင်းပါးလာခြင်းကြောင့် သီရိလင်္ကာဟာ အရေးတကြီး ပြန်ဆပ်ရမယ့် ပြည်ပ ချေးငွေတွေကိုပါ မဆပ်နိုင်သေးဘဲ ဒေဝါလီ ခံရမယ့် အခြေအနေမျိုး ကြုံတဲ့ထိ အကျပ်ရိုက်နေပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

နိုင်ငံတကာ

မေလ ၉ ရက် မနက်ပိုင်းကစလို့ နိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေတွေ ဆိုးသထက် ဆိုးလာနေပြီး လူ ၅ ဦးထက်မနည်းသေ၊ ၁၉၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူတွေထဲမှာ သီရိလင်္ကာ လွှတ်တော်အမတ် တစ်ဦးလည်း ပါဝင်ပါတယ်။

ဗီဒီယို

ဂျွန်လီဟာ ရာထူးသက်တမ်း စေ့သွားပြီဖြစ်တဲ့ ကယ်ရီလမ်ရဲ့ နေရာမှာ မေ ၈ ရက်ကစပြီး တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ သူ့ကို ခန့်အပ်ခြင်းဟာ တရုတ် အနေနဲ့ လက်အောက်ခံ ဟောင်ကောင်အပေါ် ပိုပြီး တင်းတင်းကျပ်ကျပ် အာဏာစက်သုံးပြီး အုပ်ချုပ်လာမယ့် အလားအလာတစ်ခုလို့ ယူဆနိုင်ပါတယ်။

သတင်း

ယမန်နေ့ (မေလ ၆ ရက်)က ယင်းစာသားချိတ်၍ ဆန္ဒပြရန်ကြိုးပမ်းသည့် လူငယ်အမျိုးသား ​လေးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို စစ်ကောင်စီဝင်များက ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး​လေးဦး ဖမ်းမိခဲ့ကြောင်း အကြမ်းဖက်စစ်အုပ်စုက သတင်းအမှားများ ဖြန့်ဝေနေခြင်း ဖြစ်သည်။

ဗီဒီယို

ရုရှား အာဏာပိုင်တွေက ရုရှားစစ်တပ်ဟာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတာ မဟုတ်ဘဲ နာဇီဝါဒစွဲ အစိုးရကို ဖြုတ်ချဖို့နဲ့ ဒေသတွင်းက ရုရှားအနွယ်တွေကို အကာအကွယ်ပေးဖို့ အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲနေတာသာ ဖြစ်တယ်လို့ အစဉ်တစိုက် ပြောဆိုနေခဲ့ပါတယ်။