Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်း၊ စစ်ကိုင်း၊ မကွေးတို့၌ နေရပ်စွန့်ခွာသူဦးရေ ဆက်လက်မြင့်တက်နေပြီး အခြေအနေဆိုးရွားဟု ကုလထုတ်ပြန်

စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်းမြို့နယ်အတွင်း ဒေသခံ ၉,၃၄၁ ဦး နေရပ်စွန့်ခွာထွက်ပြေးရပြီး တစ်တိုင်းလုံးတွင် မိမိနေအိမ်၊ နေရပ်စွန့်ခွာသူစုစုပေါင်း ၂၄၀,၆၀၀ ရှိလာပြီဟု အထက်ပါ ကုလသမဂ္ဂအဖွဲ့အစည်းက ဒေသခံအရင်းအမြစ်များ၏အတည်ပြုချက် ရယူဖော်ပြသည်။

(ကရင်နီပြည်နယ်ရှိ စစ်​ဘေး​ရှောင်စခန်းတစ်ခုမှ က​လေးငယ်များအား ​တွေ့ရစဥ်)

●​နေရပ်စွန့်ခွာထွက်​ပြေးတိမ်း​ရှောင်​နေရသူ တစ်သန်းနီးပါရှိလာဟု OCHA ​ဖော်ပြ

ချင်းပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းများတွင် ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေ ဆက်လက်မြင့်တက် နေပြီး အရပ်သားပိုင်အိုးအိမ်ပစ္စည်းများ ဖျက်ဆီးခံနေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ ရေးရုံး (OCHA)က ထုတ်ပြန်သည်။

OCHA က ဧပြီ ၂၅ ရက်အထိရရှိသော အချက်အလက်များအရ ချင်းပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့၌ ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေ ၃၂၇,၄၀၀ ဦးရှိနေပြီဖြစ်သည်။

“အဲ့ဒီဒေသတွေက လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာခြင်းမရှိဘဲ ဆိုးဝါးနေဆဲဖြစ်ပါတယ်”ဟု OHCA က ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်းမြို့နယ်အတွင်း ဒေသခံ ၉,၃၄၁ ဦး နေရပ်စွန့်ခွာထွက်ပြေးရပြီး တစ်တိုင်းလုံးတွင် မိမိနေအိမ်၊ နေရပ်စွန့်ခွာသူစုစုပေါင်း ၂၄၀,၆၀၀ ရှိလာပြီဟု အထက်ပါ ကုလသမဂ္ဂအဖွဲ့အစည်းက ဒေသခံအရင်းအမြစ်များ၏အတည်ပြုချက် ရယူဖော်ပြသည်။

တချိန်တည်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေသည် ချင်းပြည်နယ်၌ ၃၆,၃၀၀ ဦး ၊ မကွေးတိုင်း၌ ၅၀,၅၀၀ ဦး ရှိနေသည်ဟု OCHA က ဖော်ပြသည်။

“အနောက်မြောက်ဒေသမှာ အရပ်သားပိုင် အိုးအိမ်ပစ္စည်းတွေဖျက်ဆီးခံရတဲ့ သတင်းတွေဆက်လက်ရှိနေပါတယ်” ဟု OCHA က ဆိုသည်။

တရားမဝင်စစ်အာဏာသိမ်းပြီးချိန်မှ လက်ရှိကာလအထိ ဘာသာရေးအဆောက်အဦးများ၊အရပ်သားပိုင်ပစ္စည်းများအပါအဝင် အနည်းဆုံး အိမ်ခြေ ၈၈၉၀ လုံး ဖျက်ဆီးခံရခြင်း သို့မဟုတ် မီးရှို့ခံရခြင်းများ ရှိခဲ့ကြောင်း ကုလသမဂ္ဂက သတင်းရရှိထားသည်။

ထို့အပြင် ပဋိပက္ခဒဏ်သင့်ရာဒေသများနှင့် နေရပ်စွန့်ခွာထွက်ပြေးရသူများရှိရာ နေရာများကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ သွားရောက်ပေးနိုင်ခွင့်ကိုလည်း တင်းကျပ်စွာတားမြစ်ကန့်သတ်ခံထားရ၍ ပဋိပက္ခဒဏ်သင့်အရပ်သားလူထု၏ လိုအပ်မှုကိုဖြည့်ဆီးနိုင်ရန် ကြီးမားသည့် လိုအပ်ချက်များရှိနေသည်ဟု OCHA က ဖော်ပြသည်။

ဧပြီလ ၂၅ ရက်အထိ အတည်ပြုထားသော ကိန်းဂဏန်းများအရ နိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာရသူ ဦးရေ စုစုပေါင်း ၉၂၄,၈၀၀ ရှိပြီး ၅၇၈,၂၀၀ သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားသည့် လက်နက်ကိုင်တိုက်ပွဲများနှင့် လုံခြုံရေးအန္တရာယ်ကြောင့် ထွက်ပြေးတိမ်းရှောင် နေရခြင်းဖြစ်သည်ဟု OCHA က ဆိုသည်။

အထူးသဖြင့် စစ်ကိုင်းတိုင်းတွင် ဧပြီလကုန်ပိုင်းနှင့် ​မေလတွင် အကြမ်းဖက်စစ်တပ်က ​ကျေးရွာများကို စီးနင်းဝင်​ရောက်၍ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများဆက်တိုက်ပြုလုပ်​နေသည်။ ထို​ကြောင့် ပြည်သူများ​သောင်းနှင့်ချီ၍ ထပ်မံထွက်​ပြေး​နေရသလို ၊ ဖုန်းနှင့် အင်တာနက်လိုင်းအခက်အခဲ ၊ တိုက်ပွဲများ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရသူ များ၏ အချက်အလက်များရရန်ခက်ခဲသဖြင့် ​မြေပြင်တွင် စသ်​ဘေးဒုက္ခသည်မှာထို့ထက်ပိုများပါသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

စစ်ကိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုဝေယံဖြိုးနှင့် ရဲဘော်ရှစ်ဦးသည် မေ ၉ ရက်က မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်စခန်းစီးနင်းခံရစဥ် ကျဆုံးခဲ့ခြင်း ဖြစ်သည်။

သတင်း

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သည် အရေးပါသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၎င်းကို အတိုင်ပင်ခံအစည်းအဝေးမတက်ရောက်စေခဲ့ခြင်း အပေါ် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddinက ဝေဖန်ပြစ်တင်ထားသည်။

သတင်း

ဆက်လက်၍ ဖြစ်ပွားနေသော ပဋိပက္ခများ၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းက ကူညီဆောင်ရွက်ပေးသင့်သည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

သတင်း

မတရားမှုကို ခုခံတော်လှန်ရင်း မသန်စွမ်းတစ်ယောက် ဖြစ်သွားခဲ့ရတဲ့ CDF ရဲဘော်တစ်ဦးကို မေတ္တာမပျက်ဘဲ ပေါင်းသင်းလက်ထပ်ခဲ့တဲ့ အမျိုးသမီးရဲ့သစ္စာရှိမှုအ​ပေါ် ပြည်သူများက ချီးကျူး ၊မုဓိတာပွားခဲ့ကြပါတယ်။