Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ခေါင်းဆောင်များနှင့် အာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်သူများအပေါ် ချမှတ်ထားသော ကန့်သတ်တားမြစ်ချက်များကို အီးယူ သက်တမ်းတစ်နှစ်တိုးမြှင့်

အဆိုပါ သက်တမ်းတိုးခြင်းသည် မြန်မာနိုင်ငံတွင် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည့် အခြေအနေတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(အာဏာသိမ်းစစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ဦးဆောင်တဲ့အဖွဲ့ ရှရှားနိုင်ငံတွင်ကျင်းပသည့် International Army Games - 2021 ပိတ်ပွဲအခမ်းအနားကိုတက်ရောက်ရန် ၂၀၂၁ စက်တင်ဘာလ ၁ ရက် သွားရောက်စဥ်)

ဥရောပသမဂ္ဂသည် စစ်အာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်သူများအား ကန့်သတ်တားမြစ်ချက်များကို သက်တမ်းတိုးမြှင့်လိုက်ကြောင်း ပြင်သစ်သံရုံးက ယနေ့သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်စီးစေရာတွင် တာဝန်ရှိသူများ၊ မြန်မာစစ်တပ်၏ ဝင်ငွေနှင့် လှုပ်ရှားမှုများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောအားဖြင့် အကျိုးပြုနေသည့် အဖွဲ့အစည်းများကို ကန့်သတ်တားမြစ်ထားသည့် အရေးယူလုပ်ဆောင်မှုကို သက်တမ်းထပ်တိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ သက်တမ်းတိုးခြင်းသည် မြန်မာနိုင်ငံတွင် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည့် အခြေအနေတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများသည် ၂၀၂၂ မေ ၁၁ ရက်အထိ စုစုပေါင်း လူ ၆၅ ဦးနှင့် အဖွဲ့အစည်း ၁၀ ခုတို့အတွက် ကန့်သတ်အရေးယူမှုများကို ချမှတ်ထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်မှုများ၊ ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေသည့် မြန်မာစစ်တပ်ကို တာဝန်ခံမှုရှိစေရေး နည်းလမ်းရှာဖွေနေပြီး ဒဏ်ခတ်အရေးယူပိတ်ဆို့မှု သို့မဟုတ် နောက်ထပ်လုပ်ဆောင်မည်ခြေလှမ်းများကို ကြိုတင်ကြေညာရန်မရှိကြောင်း Ned Price က ပြောသည်။

သတင်း

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှုအပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU)က ယမန်နေ့တွင် တရားဝင်တုံ့ပြန်သည့် ကြေညာချက်ထုတ်ပြန်ခဲ့ရာ သက်ဆိုင်သူများအားလုံး ပါဝင်ဆွေးနွေးသည့် အခင်းအကျင်း မဖြစ်သည့်အတွက် တက်ရောက်နိုင်မည်မဟုတ်ကြောင်း ဖော်ပြခဲ့သည်။

သတင်း

KNU ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုချက်သည် ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ၏ ပြောဆိုချက်နှင့် ကိုက်ညီသည်။

သတင်း

အပစ်ရပ်ထိုးထားတဲ့အဖွဲ့ ၁၀ ဖွဲ့ထဲကတက်မယ့် ၅ ဖွဲ့ဟာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မွန်ပြည်သစ်ပါတီ ( NMSP)၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA -PC) တို့ဖြစ်ပါတယ်။