Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်တိုက်ပွဲ ခမရ(၂၄၁)မှ စစ်​ကောင်စီတပ်သား ၁၆ဦး​သေဟု PSDA ထုတ်ပြန်

တိုက်ပွဲသတင်းကို PSDAက မေလ ၁၁ရက်မှသာ တရားဝင်သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။ ယခုကဲ့သို့ သတင်းမထုတ်​ပြန်ခင် ကနဦးကာလတွင် အဆိုပါတိုက်ပွဲသည် အကြမ်းဖက်စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ခိုက်ခဲ့ခြင်းဟု လူသိများခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် မေလ ၄ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ခမရ(၂၄၁)မှ တပ်သား ၁၆ဦးအထိ သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု မူဆယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ People Secrity And Defence Army – PSDA က သတင်းထုတ်ပြန်သည်။

မူဆယ်မြို့နယ် မော်တောင်းရွာနှင့် တာလုံရွာကြား နမ့်ဖာတန်းလမ်းခွဲအနီးတွင် မေလ ၄ရက်ညနေက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ရန်သူစစ်ကောင်စီဘက်က ကျဆုံးဦးရေ (၁၆)ဦး၊ထိခိုက်ဒဏ်ရာရတစ်ဦး၊ စုစုပေါင်း ၁၇ဦးတို့ကို ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ချေမှုန်းခဲ့သည်”ဟု PSDA က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲသတင်းကို PSDAက မေလ ၁၁ရက်မှသာ တရားဝင်သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။ ယခုကဲ့သို့ သတင်းမထုတ်​ပြန်ခင် ကနဦးကာလတွင် အဆိုပါတိုက်ပွဲသည် အကြမ်းဖက်စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ခိုက်ခဲ့ခြင်းဟု လူသိများခဲ့သည်။

ထိုနေ့(မေလ ၄ရက်)ညနေက ရှမ်းပြည်ညီညွတ်ရေးကော်မတီအတွင်းရေးမှူးအဖွဲ့ဝင် စိုင်းစံလှနှင့်အခြားအမျိုးသားတစ်ဦးစီးလာသည့်ကားကို မော့တောင်းရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီက ပေါ်တာဆွဲသွားပြီးနောက် မကြာမီ တိုက်ပွဲဖြစ်ခဲ့သည်။ တိုက်ပွဲအတွင်း စိုင်းစံလှအပါအဝင် လူငယ်နှစ်ဦးလည်း သေဆုံးခဲ့သည်။

မြေပြင်အခြေအနေတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီတိုက်ပွဲအပြင်းအထန်ဖြစ်နေချိန်၌ TNLA က ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က စစ်ကူလာရောက်ကာ တိုက်ခိုက်ပေးသွားခြင်းဟု ရှမ်းမြောက်အခြေစိုက် သတင်းရင်းမြစ်အချို့က ဆိုသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၆ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က နှစ်ဦးကျဆုံးခဲ့ရသည်။ ကျဆုံးခဲ့ရသည် နွေဦးသူရဲကောင်း အာဇာနည်ရဲဘော် ဇော်ကြီးနှင့် မီးတောက်တို့အတွက် ဝမ်းနည်းကြောင်း PSDAက သဝဏ်လွှာ ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Bago Region PDF က အသိပေးထုတ်ပြန်သည်။

သတင်း

မျက်မြင်အနေအထားအရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အယောက် ၂၀နှင့်အထက် သေဆုံးနိုင်ပြီး ရဲဘော်များ တစ်စုံတစ်ရာ အထိခိုက်မရှိ ဘေးလွတ်ရာသို့ဆုတ်ခွာနိုင်ခဲ့သည်ဟုနတ်တောင်နဂါးတပ်ဖွဲ့က ​ပြောသည်။

သတင်း

သေဆုံးသူများထဲတွင် ဒီးမော့ဆိုအနီးတစ်ဝိုက်စစ်ရှောင်နေသူများ ဖြစ်ပြီး ချောက်အတွင်းမှ ခက်ခက်ခဲခဲ ဆွဲတင်ခဲ့ရသည်ဟုလည်း ၎င်းက ပြောထားသည်။

သတင်း

ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်က မေလ၇ ရက်နေ့မှစတင်ကာ ကျေးရွာ၁၀ရွာမှ နေအိမ်အလုံး ၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။