Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဝတ်စုံများဝတ်ဆင်ပြီး ကျေးရွာများကို ဝင်ရောက်ဖျက်ဆီးနေဟု သတိပေး

အကြမ်းဖက်စစ်တပ်သည် မုံတိုင်ပင်ရွာကို မေလ ၁၀ ရက်က လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာအိမ်ခြေအများအပြား ပါသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ရေဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာတစ်ရွာ။)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဝတ်စုံများဝတ်ဆင်ပြီး ကျေးရွာများကို ဝင်ရောက်ဖျက်ဆီးနေကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရေဦးက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ယမန်နေ့က ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာသို့ရောက်ရှိစဥ် ပကဖနှင့် PDFယူနီဖောင်းအချို့ကို ရရှိသွားခဲ့ခြင်းဖြစ်ကြောင်း ရေဦး(ပကဖ)အဖွဲ့က ပြောသည်။

ယနေ့(မေလ ၁၂ ရက်) နံနက်ပိုင်း၌ ထိုယူနီဖောင်းများကိုဝတ်ဆင်ကာ PDFအယောင်ဆောင်ပြီး အင်ပင်အုပ်စုရှိကျေးရွာများသို့ ဝင်ရောက်ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ အထင်အမြင်မလွဲစေရန် တင်ပြခြင်းဖြစ်သ​ည်ဟု ရေဦး-ပကဖက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် မုံတိုင်ပင်ရွာကို မေလ ၁၀ ရက်က လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာအိမ်ခြေအများအပြား ပါသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ရွာတွေထဲကို သူတို့မယား​တွေခေါ်လာပြီး လိုချင်တာ​တွေယူ မလိုချင်တာ​တွေ ဖျက်ဆီး​ပြီး
အိမ်​တွေကိုမီးရှို့​တာ”ဟု ရေဦးနယ်ခံတစ်ဦးက ပြောသည်။

မေလ ၇ရက်က ရေဦးမြို့နယ်၊ ဆီဆုံရွာမှ ဆင်ခြံရွာသို့ကူးလာသည့် အကြမ်းဖက်စစ်တပ်အား ဒေသခံတော်လှန်ရေးအဖွဲ့၊ ပကဖ နှင့် PDFတို့ပူးပေါင်းပြီး လက်လုပ်အဝေးပစ်များဖြင့် ကြားဖြတ်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Bago Region PDF က အသိပေးထုတ်ပြန်သည်။

သတင်း

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်နှစ်ပြည့် ဖွဲ့စည်းတည်ထောင်နိုင်ခြင်း အပေါ်မြိုင်မြို့နယ်၊ ဆိပ်ဖြူမြောက်ပိုင်း၊ မြစ်ခြေ-ကျွန်းချောင်းမြို့နယ် အစရှိသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

သတင်း

မျက်မြင်အနေအထားအရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အယောက် ၂၀နှင့်အထက် သေဆုံးနိုင်ပြီး ရဲဘော်များ တစ်စုံတစ်ရာ အထိခိုက်မရှိ ဘေးလွတ်ရာသို့ဆုတ်ခွာနိုင်ခဲ့သည်ဟုနတ်တောင်နဂါးတပ်ဖွဲ့က ​ပြောသည်။

သတင်း

ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်က မေလ၇ ရက်နေ့မှစတင်ကာ ကျေးရွာ၁၀ရွာမှ နေအိမ်အလုံး ၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။