Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံ၊ ထီရိရွာအနီးရှိ စစ်ကော်စီတပ်စွဲရာနေရာကို ကရင်နီပူးပေါင်းတပ် တိုက်ခိုက်

ကရင်နီဒေသ ဘောလခဲနှင့် ဖရူဆိုကြား၌လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင် စီယာဉ်များလည်း ပျက်စီးခဲ့သည်။

▪️စစ်ကောင်စီတပ် ၃၀ခန့်သေပြီး အရှင်ဖမ်းမိသူနှင့် လက်နက်ခဲယမ်းများလည်းရရှိဟု KNDF တာဝန်ရှိသူပြော

ရှမ်း- ကယား(ကရင်နီ)နယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲဒေသရှိ စစ်ကောင်စီတပ်စွဲရာနေရာကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများပြီး အရှင်ဖမ်းမိသူများလည်းရှိကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်(KNDF) တာဝန်ရှိသူတစ်ဦးက ပြော သည်။

မေ ၁၂ရက် နံနက်က ဖယ်ခုံမြို့နယ် ထီရိရွာအနီးရှိ စစ်ကောင်စီတပ်ကို KNDF တပ်ရင်း(၃)နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်ကြားရတာက စစ်ကောင်စီက ၃၀လောက်ကျတယ်လို့ပြောတယ်။ နောက်အရှင်ဖမ်းရတာလည်းရှိတယ်။ လက်နက်လည်း သိမ်းဆည်းရမိတယ်တဲ့။ ဘယ်နှစ်လက် ဘယ်နှစ်ယောက်လောက် ဖမ်းမိတယ်ဆိုတာတော့အတိအကျ မသိရသေးဘူး”ဟု KNDF တာဝန်ရှိသူက ပြောသည်။

ကရင်နီဒေသ ဘောလခဲနှင့် ဖရူဆိုကြား၌လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင် စီယာဉ်များလည်း ပျက်စီးခဲ့သည်။

ကရင်နီဒေသနှင့် ရှမ်း-ကယား နယ်စပ်တွင် စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA)၊ KNDF၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် အခြားတော်လှန် ရေးအင်အားစုများစုပေါင်း၍ ခုခံတိုက်ခိုက်လျက်ရှိသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Bago Region PDF က အသိပေးထုတ်ပြန်သည်။

သတင်း

မတူပီမှ ဧပြီ ၂၇ရက်က စတင်ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို မင်းတပ် CDFက ဧပြီ ၃၀ရက်မှ ယနေ့အထိ နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာပြီး အချို့နေရာတွင် ၆ မိုင်ခရီးကို ၂ရက်ခန့်သွားနေသည်ဟု ဆလိုင်းဟာအွမ်က ဆိုသည်။

သတင်း

မျက်မြင်အနေအထားအရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အယောက် ၂၀နှင့်အထက် သေဆုံးနိုင်ပြီး ရဲဘော်များ တစ်စုံတစ်ရာ အထိခိုက်မရှိ ဘေးလွတ်ရာသို့ဆုတ်ခွာနိုင်ခဲ့သည်ဟုနတ်တောင်နဂါးတပ်ဖွဲ့က ​ပြောသည်။

သတင်း

ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်က မေလ၇ ရက်နေ့မှစတင်ကာ ကျေးရွာ၁၀ရွာမှ နေအိမ်အလုံး ၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။