Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီရိရွာမှ စစ်ကော်စီတပ်ဂိတ်စခန်းကို ကရင်နီပူးပေါင်းတပ် တိုက်ခိုက် ဗိုလ်မှူးတစ်ဦးအပါအဝင် ၅ဦးဖမ်းမိ

ကရင်နီဒေသ ဘောလခဲနှင့် ဖရူဆိုကြား၌လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင် စီယာဉ်များလည်း ပျက်စီးခဲ့သည်။

(ဖမ်းဆီးရမိ​သော စစ်​ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သား ၅ ဦးနှင့် သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ ။ ဓါတ်ပုံ-KNIC)

▪️စစ်ကောင်စီတပ် ၃၀ခန့်သေပြီး အရှင်ဖမ်းမိသူနှင့် လက်နက်ခဲယမ်းများလည်းရရှိဟု KNDF တာဝန်ရှိသူပြော

ရှမ်း- ကယား(ကရင်နီ)နယ်စပ်မိုးဗြဲအင်းအ​ရှေ့ဘက်ရှိစစ်ကောင်စီတပ်စွဲထား​သောထီရိရွာဂိတ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများပြီး ဗိုလ်မှူးအပါအဝင် ငါးဦးကိုဖမ်းဆီးနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်(KNDF) တာဝန်ရှိသူတစ်ဦးက ပြော သည်။

မေ ၁၂ရက် နံနက်က ဖယ်ခုံမြို့နယ် ထီရိရွာရှိ စစ်ကောင်စီတပ် ဂိတ်စခန်းကို KNDF တပ်ရင်း(၃)နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ​ဗိုလ်မှူးတစ်ဦးအပါအဝင်ငါးဦးဖမ်းမိခြင်းဖြစ်သည်ဟု ကရင်နီ​ဒေသတွင်းမီဒီယာဖြစ်​သော KNIC ကလည်းသတင်း​ဖော်ပြသည်။

(ဖမ်းဆီးရမိ​သော စစ်​ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သား ၅ ဦးနှင့် သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ ။ ဓါတ်ပုံ-KNIC)

အ​မြောက် ၊စက်လက်များအပါအဝင်အနည်းဆုံး ​သေနတ် ၁၃ လက်၊ အာပီဂျီများ နှင့် ခဲယမ်းများစွာကို ကရင်နီပူး​ပေါင်းတပ်ဖွဲ့များက သိမ်းဆည်းနိုင်ခဲ့သည်ကို​ သတင်းဓါတ်ပုံတွင်တွေ့ရသည်။

“ကျွန်တော်ကြားရတာက စစ်ကောင်စီက ၃၀လောက်ကျတယ်လို့ပြောတယ်။ နောက်အရှင်ဖမ်းရတာလည်းရှိတယ်။ လက်နက်လည်း သိမ်းဆည်းရမိတယ်တဲ့။ ဘယ်နှစ်လက် ဘယ်နှစ်ယောက်လောက် ဖမ်းမိတယ်ဆိုတာတော့အတိအကျ မသိရသေးဘူး”ဟု KNDF တာဝန်ရှိသူက ပြောသည်။

(ဖမ်းဆီးရမိ​သော စစ်​ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သား ၅ ဦးနှင့် သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ ။ ဓါတ်ပုံ-KNIC)

ကရင်နီဒေသ ဘောလခဲနှင့် ဖရူဆိုကြား၌လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင် စီယာဉ်များလည်း ပျက်စီးခဲ့သည်။

ကရင်နီဒေသနှင့် ရှမ်း-ကယား နယ်စပ်တွင် စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA)၊ KNDF၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် အခြားတော်လှန် ရေးအင်အားစုများစုပေါင်း၍ ခုခံတိုက်ခိုက်လျက်ရှိသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Bago Region PDF က အသိပေးထုတ်ပြန်သည်။

သတင်း

မတူပီမှ ဧပြီ ၂၇ရက်က စတင်ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို မင်းတပ် CDFက ဧပြီ ၃၀ရက်မှ ယနေ့အထိ နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာပြီး အချို့နေရာတွင် ၆ မိုင်ခရီးကို ၂ရက်ခန့်သွားနေသည်ဟု ဆလိုင်းဟာအွမ်က ဆိုသည်။

သတင်း

မျက်မြင်အနေအထားအရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အယောက် ၂၀နှင့်အထက် သေဆုံးနိုင်ပြီး ရဲဘော်များ တစ်စုံတစ်ရာ အထိခိုက်မရှိ ဘေးလွတ်ရာသို့ဆုတ်ခွာနိုင်ခဲ့သည်ဟုနတ်တောင်နဂါးတပ်ဖွဲ့က ​ပြောသည်။

သတင်း

ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်က မေလ၇ ရက်နေ့မှစတင်ကာ ကျေးရွာ၁၀ရွာမှ နေအိမ်အလုံး ၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။