Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးပညာရေးကောလိပ်က ကျောင်းသား ကျောင်းသူ ၆ ဦးဖမ်းခံခဲ့ရပြီး ၁ ဦးအဆက်အသွယ်မရသေး

မန္တလေးပညာရေးကောလိပ် ရဲ့ ကျောင်းသား၊ကျောင်းသူ ၆ ဦး ဖမ်းဆီးခံထားရပြီးအချို့ကို အကြမ်းဖက်ပုဒ်မနဲ့တရားစွဲကာ ဖမ်းခံထားရသူ၁ ဦး အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာကျောင်းသားခေါင်းဆောင် ကိုအောင်နိုင်သူ၊ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ် ) ဥက္ကဋ္ဌ ကိုအောင်မျိုး ၊ အထွေထွေအတွင်းရေးမှူးမသီရိရတနာ၊ဒုတိယနှစ်ကျောင်းသား ကိုမျိုးကျော် ၊ ပထမနှစ်ကျောင်းသူ မပန်းအိဖြူ နဲ့ကိုကျော်ဇင်လတ်တို့ဖြစ်ပါတယ်။

ဒီလိုဖမ်းဆီးထားသူတွေထဲက ကိုအောင်နိုင်သူနဲ့မပန်းအိဖြူ တို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲထားပြီး ကျန်သူတွေကို နှစ်ရှည်ထောင်ချလို့ရမယ့် အကြမ်းဖက်ပုဒ်မ ၅၂ (က) ၊ ၅၀ (ည) တွေနဲ့ စွဲဆိုထားတယ်လို့သိရပါတယ်။

ဖမ်းဆီးခံရသူ ၆ ဦးအနက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက မန္တလေးတိုင်းပုသိမ်ကြီးမြို့နယ်၊နွယ်နီစံပြကျေးရွာမှာ ဖမ်းခံရတဲ့ ကိုမျိုးကျော်ဟာ ဒီနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူးလို့မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂကထုတ်ပြန်အသိပေးထားပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ကားရှေ့ပိုင်းမှာ မိုင်း နှစ်လုံး တည့်တည့်ထိမှန်၍ ဘေးသို့လည်ပြီး ၅ မိနစ်ကျော်ခန့် ရပ်တန့်နေခဲ့ကြောင်း၊ တတိယမိုင်းမှာမူ အပိုင်းအစများသာ သွားရောက် ထိမှန်နိုင်ကြောင်း၊ ထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးကြောင်း PDF-South Monywaက ပြောသည်။

သတင်း

သံဃသမဂ္ဂ (မန္တလေး)က သံဃာထုတစ်ရပ်လုံးသို့ မေတ္တာရပ်ခံပန်ကြားချက်တစ်စောင်စား ယနေ့ မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သတင်း

အဲဒီ ရှော့တိုက်ဒုံးတွေကို ဒီနေ့မနက်ပိုင်း က ကျုံးအရှေ့ဘက်ခြမ်း ၊ ၆၆ လမ်းနဲ့ ၁၅ လမ်းထောင့်မှာ စစစ အရာရှိတစ်ဦးက စတင်တွေ့ရှိခဲ့တာလို့စစ်ကောင်စီရဲ့သတင်းဖြန့်ချက်မှာပါရှိပါတယ်။

သတင်း

မန္တလေးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက PDF တပ်ဖွဲ့ဝင်တွေ တည်းခိုရာနေရာကို စစ်ကောင်စီတပ် ဝင်စီးနင်းရာမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တာရှိပါတယ်။