Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးတိုင်း PDF တိုက်ခိုက်၍ စစ်​ကောင်စီတပ် သုံးဦး​သေဟုဆို

“အပြန်အလှန်ထိတွေမှုဖြစ်စဉ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး၊ ဒဏ်ရာရရှိသူ အချို့ရှိခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်”ဟု Bago Region PDF က ဆိုသည်။

ပဲခူးတိုင်းပြည်သူ့ကာကွယ်​ရေးတပ်က စစ်ကောင်စီတပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့သည်။

မေလ ၁၃ ရက် နံနက်၈နာရီခန့်တွင် ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်ဂွေ့ကြီးကျေးရွာနှင့် ညောင်လေးပင်ကျေးရွာအကြား၌ အင်အား ၃၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းအမှတ် (၃၈၀၁)တပ်ခွဲ -၂ နှင့် တပ်ခွဲ- ၃ တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ထိတွေ့မှုဖြစ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

“အပြန်အလှန်ထိတွေမှုဖြစ်စဉ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး၊ ဒဏ်ရာရရှိသူ အချို့ရှိခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်”ဟု Bago Region PDF က ဆိုသည်။

ယမန်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းအမှတ် (၃၈၀၁) တပ်ခွဲ -၂ နှင့် တပ်ခွဲ- ၃ တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က လေးဦးခန့်သေဆုံးခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

မိဘပြည်သူများမှလှူဒါန်းငွေများနှင့် မြိုင်အဖွဲ့မှ ထုတ်လုပ်သော လက်လုပ်လက်နက်များအား မဟာမိတ်များထံသို့ မျှဝေခြင်းမှရရှိလာသော ငွေကြေးများအား လှူဒါန်းခြင်းဖြစ်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ပြောသည်။

သတင်း

မုံတိုင်ပင်ရွာတွင် ဖမ်းဆီးခံရသည့် ပြည်သူ ၄၀ ကျော်အထက်ရှိနိုင်ပြီး အသတ်ခံသူပေါင်း ၃၀ ဝန်းကျင် ရှာတွေ့နေပြီဟု သိရကြောင်း၊ ထပ်မံရှာနေဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို အမှန်တကယ် ခံစားနားလည်မှုနှင့်အညီ ပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှုလျက် ဤကဲ့သို့ ဧရာဝတီမြစ်အတွင်း လုပ်ဆောင်လျက်ရှိသော ရွှေဖောင်များ အမြန်ဆုံးရုပ်သိမ်းပေးနိုင်ရန် ဦးစွာအသိပေးတောင်းဆိုကြောင်း ဖော်ပြထားသည်။

သတင်း

မြန်မာနိုင်ငံမှာ ကိုဗစ်စတင်တွေ့ရှိပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းတွေ နဲ့ ပြည်ပ ကနေ ခရီးသွားဝင်ရောက်တာကို ပိတ်ထားတာပါ။ အဲဒီနောက် ၂ နှစ်ကျော်လာကြာချိန် မှာ စစ်ကောင်စီက ခရီးသွားလုပ်ငန်း ကို ပြန်ဖွင့်ဖို့ စီစဉ်လာတာလည်းဖြစ်ပါတယ်။