Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်မြို့နယ်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဒေသခံ သုံးဦးထက်မနည်း သတ်ဖြတ်

မြိုင်နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းခွဲကာ ကျေးရွာအများအပြားသို့ ဝင်ရောက်နေသည်။ မြောက်ပိုင်းစစ်ကြောင်းသည် ယမန်နေ့ (မေလ ၁၂ရက်) ညပိုင်းက ဖျသီးရွာနှင့် တောင်ကိုင်းကျေးရွာများသို့စီးနင်းပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့်ဘုန်းကြီးကျောင်း၊သုသာန်နှင့် နေအိမ်အချို့အပေါ် ကျရောက်ခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်ရန်ကြောင့် ထွက်ပြေးခဲ့ရသည့် မြိုင်နယ် လက်ယက်မကျေးရွာဒေသခံအချို့အား ယခုနှစ်ဆန်းပိုင်းက တွေ့ရစဥ်။)

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်က ဒေသခံပြည်သူသုံးဦးထက်မနည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့(မေလ ၁၂ ရက်)ညက သံဘိုကျေးရွာသို့ ဝင်ရောက်စီးနင်းခဲ့ပြီး ၎င်းတို့၏ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတစ်ဦးနှင့် လက်ယက်မရွာမှ ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement

သံဘိုကျေးရွာ အနောက်ဘက်ခြမ်းတွင်လည်း အထိခိုက်အပျက်စီးများကြောင်း ဒေသခံများက ပြောသည်။

အလားတူ စစ်ကောင်စီတပ်သည် တောင်ပို့ရွာကိုလည်း ဝင်ရောက်စီးနင်းစဥ် အမျိုးသားတစ်ဦးကိုလည်း ထပ်မံပစ်သတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“ရွာအတွင်းဝင်စီးစဥ် အရက်သမားတစ်ဦးက မူးပြီး သူတို့မေးတာ မဖြေတဲ့အတွက်ပစ်သတ်ခံလိုက်ရတာလို့သိရှိရပါတယ်။ လူလတ်ပိုင်း ၃၅နှစ်ဝန်းကျင် ကိုအောင်ဆွေဦးလို့ သိရပါတယ်။ တောင်ပို့ရွာမှာတော့ နောက်ထပ်ကြားရတာရောဆို သုံးဦးလို့သိရပေမယ့် ကျန်နှစ်ဦးကတော့ အတိကျမသိရတဲ့အတွက် သေဆုံးခြင်းဟုတ်မဟုတ်စုံစမ်းနေဆဲပါ။”ဟု နွေဦးတော်လှန်ရေး-မြိုင်မြို့နယ်မှ တာဝန်ရှိသူက ပြောသည်။

မြိုင်နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းခွဲကာ ကျေးရွာအများအပြားသို့ ဝင်ရောက်နေသည်။ မြောက်ပိုင်းစစ်ကြောင်းသည် ယမန်နေ့ (မေလ ၁၂ရက်) ညပိုင်းက ဖျသီးရွာနှင့် တောင်ကိုင်းကျေးရွာများသို့စီးနင်းပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့်ဘုန်းကြီးကျောင်း၊သုသာန်နှင့် နေအိမ်အချို့အပေါ် ကျရောက်ခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် လက်ယက်မရွာသို့ နှစ်ဖက်ညှပ် ဝင်ရောက်နေသည်ဟု သိရသည်။

ယမန်နေ့(မေ ၁၂ ရက်)ညနေ ၅ နာရီခွဲခန့်ကမြိုင်မြို့နယ်၊ ကိုင်းတောမရွာဘက်သို့ လာသောအင်အား ၁၀၀ခန့်ပါသည့် စစ်ကောင်စီယာဥ်တန်း ကို မိုင်းအလုံး ၁၀၀ ခန့် ဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးပြီး အများအ ပြားထိခိုက်ဒဏ်ရာရရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အချိန်အတော်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့က ပြောသည်။

ဗီဒီယို

ည ၇ နာရီလောက်ကစပြီး လမ်းပိတ်ခဲ့တာဖြစ်ပြီး လမ်းပိတ်တဲ့ အကြောင်းရင်းကိုတော့ မသိရ‌ဘူးလို့ အဲဒီနေရာအနီးမှာနေထိုင်သူတွေကပြောပါတယ်။

သတင်း

ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပေါ်သောကြောင့် အင်းစိန်လမ်းမတွင် ပြေးဆွဲသည့် YBS ကားများ ပြန်လှည့်ကာ ဗဟိုလမ်းမှ သွားရသောကြောင့် ဗဟိုလမ်းတွင်လည်း ယာဉ်ကြောပိတ်ဆို့ထပ်မံ ဖြစ်ပေါ် ခဲ့သည်။

သတင်း

မင်းတပ်မြို့နှင့် ၁၄မိုင်ခန့်အကွာတွင် မေလ ၁၂ရက် ညနေပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ရာ ပဒေသာ မိုင်း ဖြင့် ၂ကြိမ် တိုက်ခိုက်ခဲ့ပြီး တူမီးမောင်းပြန်များဖြင့်လည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများကြောင်း ဖော်ပြထားသည်။