Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်းတောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခုနစ်ဖွဲ့ပေါင်းပြီး မဟာမိတ်တပ်ပေါင်းစုဖွဲ့စည်း

မဟာမိတ်တပ်ပေါင်းစုအနေဖြင့် တော်လှန်ရေးအရှိန်မြှင့်ရန် အချင်းချင်းပူးပေါင်းချိတ်ဆောင် ရွက်သွားမည်ဖြစ်ကာ ရှမ်းပြည်တောင်ပိုင်းနှင့် ရှမ်းပြည်တစ်ဝှမ်းလုံးရှိ စစ်ကောင်စီနှင့် ၎င်း၏ ထောင်တိုင်များ၊ PNO/PNA အုပ်ချုပ်ရေးရုံးနှင့် ထွေအုပ်ရုံးများကို အဓိကထားရှင်းလင်းမည်ဟု သတိပေးသည်။

စစ်ကောင်စီနှင့်ထောင်တိုင်များ၊ PNO/PNA အုပ်ချုပ်ရေးရုံးနှင့် ထွေအုပ်ရုံးများကို အဓိကထားရှင်းလင်းမည်ဟု သတိပေး

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခုနစ်ဖွဲ့ပူးပေါင်းပြီး မဟာမိတ်တပ်ပေါင်းစုအဖြစ်ဖွဲ့စည်းလိုက်ကြောင်း တောင်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(မေ လ၁၃)ထုတ်ပြန်သည်။

တပ်ပေါင်းစုအဖြစ်ဖွဲ့စည်းလိုက်သော ကာကွယ်ရေးတပ်များမှာ Taunggyi People Defense Force ၊ Ye-Ngan Urban Guerrillas ၊ Urban Task Force-Aung Ban ၊ Ywa Ngan People Defense Force ၊ Red Ants Guerrillas Force ၊ DaNu People Defense Force နှင့် Pa O National Defense Force တို့ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မဟာမိတ်တပ်ပေါင်းစုအနေဖြင့် တော်လှန်ရေးအရှိန်မြှင့်ရန် အချင်းချင်းပူးပေါင်းချိတ်ဆောင် ရွက်သွားမည်ဖြစ်ကာ ရှမ်းပြည်တောင်ပိုင်းနှင့် ရှမ်းပြည်တစ်ဝှမ်းလုံးရှိ စစ်ကောင်စီနှင့် ၎င်း၏ ထောင်တိုင်များ၊ PNO/PNA အုပ်ချုပ်ရေးရုံးနှင့် ထွေအုပ်ရုံးများကို အဓိကထားရှင်းလင်းမည်ဟု သတိပေးသည်။

ထို့အပြင် ရှမ်းပြည်တောင်ပိုင်းနှင့် ရှမ်းပြည်တစ်ဝှမ်းလုံးရှိအဖွဲ့အစည်းများအား မဟာမိတ်ဖွဲ့စည်းရန် ဖိတ်ခေါ်ထားပြီး အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ မဖောက်ပြန်ဘဲ တိုက်ခိုက်ခြေမှုန်းသွားမည်ဟု သဓိဌာန်ပြုထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

ဆောင်းပါး

“အနောက်နိုင်ငံတွေက ငွေကြေး ကူညီ ထောက်ပံ့ပေးထားတဲ့ ငြိမ်းချမ်းရေး အင်စတီကျု တစ်ခုဟာ မြန်မာ စစ်ဗိုလ်ချုပ်တွေအတွက် ကောင်းကျိုး ဖြစ်ထွန်းစေမယ့် အချက်အလက်မျိုးတွေ ပြုစုရာမှာ ကြိုးကိုင် လှုပ်ရှားပေးနေပါတယ်”

သတင်း

ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် Eagle Force (Southern Shan Revolution Youth)၊Dove Guerrille Force (Southern Shan) ၊Dragon Force(Southern Shan)၊Tai PDF Southern Shan၊SSIR (Southern Shan Irine)နှင့်Dove KK (Metal Crew)တို့က ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ဟူ၍...

သတင်း

NUG တရားရေးဝန်ကြီးဌာနက “အကယ်၍ ခိုင်လုံသောသက်သေများ စစ်ဆေးတွေ့ရှိခဲ့ပါက ပြစ်မှုစစ်ဆေးစီရင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထိုက်သင့်သော ပြစ်ဒဏ်များ ချမှတ်သွားမည် ဖြစ်ပါသည်”ဟု ထုတ်ပြန်သည်။

ဆောင်းပါး

"ပြည်သူတွေက ခုခံဖို့ကလွဲပြီးဘာမရှိတော့ဘူးဗျ။တချိန်လုံးလဲပြေးလွှားနေရတော့ သူတို့ (အကြမ်းဖက်စစ်တပ်)အမြစ်မပြတ်မချင်း အကောင်းနေရမှာမဟုတ်တာ။ အကြမ်းဖက်ခံရတာတွေကြောင့် အားလုံးနီးပါးကတော်လှန်ရေးကိုကိုယ်စွမ်းသလောက် ရရာစွဲကိုင်ပြီးခုခံကြတာပါ"ဟုကနီPDFတပ်ရင်း( ၂ ) မှတာဝန်ရှိသူက​စစ်ကိုင်းတိုင်းမှ ပြည်သူများ၏ ခုခံကာကွယ်မှု အား​ကောင်းခြင်း၏ လျှိုဝှက်ချက်ကို ​ပြောပါသည်။