Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတူပီ-မင်းတပ် မိုင်တိုင် ၁၄ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဟု မင်းတပ် CDFထုတ်ပြန်

မင်းတပ်မြို့နှင့် ၁၄မိုင်ခန့်အကွာတွင် မေလ ၁၂ရက် ညနေပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ရာ ပဒေသာ မိုင်း ဖြင့် ၂ကြိမ် တိုက်ခိုက်ခဲ့ပြီး တူမီးမောင်းပြန်များဖြင့်လည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများကြောင်း ဖော်ပြထားသည်။

မတူပီ-မင်းတပ်လမ်းတစ်​နေရာတွင် စစ်ယာဥ်တန်းကို​တွေ့ရစဥ် ။ ဓါတ်ပုံ -မင်းတပ်CDF

● မတူပီမှ ထွက်လာ​သောစစ်​ကောင်စီယာဥ်တန်းမှာ ၁၇ ရက်ကြာ မင်းတပ်သို့​ရောက်

မတူပီမှ ပြန်လာသည့် စစ်ကောင်စီတပ်ယာဥ်တန်းကို မင်းတပ် ချင်း​ဒေသကာကွယ်ရေးတပ်(CDF)က ယမန်နေ့ (​မေ ၁၂) ညနေပိုင်းက ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မင်းတပ် CDFက သတင်းထုတ်ပြန်သည်။

မင်းတပ်မြို့နှင့် ၁၄မိုင်ခန့်အကွာတွင် မေလ ၁၂ရက် ညနေပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ရာ ပဒေသာ မိုင်း ဖြင့် ၂ကြိမ် တိုက်ခိုက်ခဲ့ပြီး တူမီးမောင်းပြန်များဖြင့်လည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများကြောင်း ဖော်ပြထားသည်။

လွန်ခဲ့​သော၁၈ ရက်က မတူပီမှ စထွက်လာ​သောအဆိုပါ စစ်ယာဉ်တန်းသည် ယနေ့ (​မေ ၁၃) ည​နေ ၅ နာရီခန့်တွင်မှ မင်းတပ်မြို့ ရှိ စစ်​ကောင်စီတပ်၏ ခမရ (၂၇၄ )တပ်ရင်းအတွင်းသို့ ဝင်ရောက်​ကြောင်းမင်းတပ်CDF (သတင်းနှင့်ပြန်ကြားရေးဌာန)က ယ​နေ့ည​နေတွင်ထုတ်ပြန်သည်။

မတူပီနှင့် မင်းတပ် မိုင်တိုင် ၂၅ နှင့် ၂၆ ကြား စစ်ယာဥ်တန်းမိုင်းဆွဲ တိုက်ခိုက်ခံရပြီး​​နောက် ယာဥ်တန်းမှအလံ ​အောက်ကျကျန်ရစ်ခဲ့သည်။

တူပီမှ ဧပြီ ၂၇ရက်က စတင်ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို မင်းတပ် CDFက ဧပြီ ၃၀ ရက်မှ ​မေလ ၁၂ ရက်အထိ နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာပြီး အချို့နေရာတွင် ၆ မိုင်ခရီးကို ၂ရက်ခန့်သွားနေသည်ဟု ဆလိုင်းဟာအွမ်က ဆိုသည်။ မင်းတပ် CDF နယ်​မြေအတွင်းမ​ရောက်ခင် မတူပီ မြို့နယ်တစ်​လျှောက်တွင်လည်း မတူပီ CDF ကလိုက်လံတိုက်ခိုက်ခဲ့​သေးသည်။
ထို​ကြောင့် ယခုစစ်​ကောင်စီတပ်ယာဥ်တန်းသည် ယခင်အ​ခေါက်များထက် ​​သေဆုံးထိ့ခိုက်မှုများခဲ့​ကြောင်း သိ့ရသည်။

Public Service Announcement

“မိုင် ၁၀၀ပဲ ဝေးတဲ့ခရီးကို နှစ်ပတ်လောက်သွားနေရတယ်ဆိုကတည်းက သူတို့ခရီးက အမိန့်အရသာ သွားနေရတယ် သူတို့အတွက်တော့ အထိအခိုက်အကျအဆုံးများစွာနဲ့ သေမင်တမံလမ်းလို သွားနေရတယ်”ဟု မင်းတပ် CDF မှ ​ပြော​ရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က People’s Spring သို့ ပြောသည်။

မင်းတပ်သို့​ရောက်ရှိ​နေ​သော စစ်​ကောင်စီယာဥ်တန်းသည်မင်းတပ်တွင် ခတ္တနားပြီး ​ကျောက်ထုသို့ဆက်လက်သွားနိုင်​ပြီး ၊​ကျောက်ထုမှ စစ်ကိုင်းတိုင်း မှ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အ​ခြေစိုက်ရာ မုံရွာမြို့သို့ ဆက်သွားနိုင်ကြောင်း စစ်​ရေး​လေ့လာသူအချို့က ခန့်မှန်းထားသည်။ထိုယာဥ်တန်းသည် မင်းတပ် ခလရ ၂၇၄ အတွင်းဝင်ရာတွင် ကားအစီး​ရေ ၇၄ စီးရှိ​ကြောင်းသိရသည်။

“ဒီကနေ(မင်းတပ်) သူတို့ ကျောက်ထုကို ဆင်းသွားမှာ ကျောက်ထုကနေ ပုံတောင်ပုံညာအထိ ယော PDFတွေ YDFတွေက သူတို့ တက်နိုင်သလောက် သူတို့ရှိသမျှ စွမ်းအားနဲ့ သူတို့ တိုက်ခိုက်လိမ့်မယ်။ ပုံတောင်ပုံညာကျော်ပြီး ပခုက္ကူ – မုံရွာသွားတဲ့အချိန်မှာ အဲဒီဘက်က PDF တက်နိုင်သလောက် စစ်အာဏာရှင်ကိုအလိုမရှိဘူးဆိုတာ ရှိတဲအင်အားနဲ့လုပ်နိုင်သလောက် လုပ်ကြပါ”ဟု ဆလိုင်းဟာ
အွမ်က တိုက်တွန်းသည်။

ထိုသို့ တိုက်ခိုက်ခြင်းဖြင့် ပြည်သူလူထုက စစ်ကောင်စီတပ်ကို အလိုမရှိကြောင်း သိသာစေကြောင်း ၎င်းကဆက်လက်​ပြောသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အချိန်အတော်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့က ပြောသည်။

ဗီဒီယို

ည ၇ နာရီလောက်ကစပြီး လမ်းပိတ်ခဲ့တာဖြစ်ပြီး လမ်းပိတ်တဲ့ အကြောင်းရင်းကိုတော့ မသိရ‌ဘူးလို့ အဲဒီနေရာအနီးမှာနေထိုင်သူတွေကပြောပါတယ်။

သတင်း

ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပေါ်သောကြောင့် အင်းစိန်လမ်းမတွင် ပြေးဆွဲသည့် YBS ကားများ ပြန်လှည့်ကာ ဗဟိုလမ်းမှ သွားရသောကြောင့် ဗဟိုလမ်းတွင်လည်း ယာဉ်ကြောပိတ်ဆို့ထပ်မံ ဖြစ်ပေါ် ခဲ့သည်။

သတင်း

ဩစတြေးလျနိုင်ငံဆိုင်ရာ အကြမ်းဖက်စစ်ကောင်စီသံအမတ် သာအောင်ညွန့်သည် အထက်ပါဖိုရမ်၌ ကျေးဇူးတင်စကားပြောကြားရန် ကနဦးစီစဉ်ထားသော်လည်း ဗစ်တိုးရီးယားပြည်နယ် ဂရင်းပါတီခေါင်းဆောင်၏ မေးခွန်းထုတ်မှုကြောင့် အစီအစဉ်က ဖယ်ရှားခံရခြင်းဖြစ်သည်။