Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“နန်းထိုက်အောင်စစ်ဆင်ရေး”အဖြစ် ပြည်လမ်းနှင့် အင်းယားလမ်းထောင့်ရှိ ရဲကင်းအား ပစ်ခတ်ရှင်းလင်း

စစ်ဆင်ရေးကာလအတွင်း စစ်ရေးပစ်မှတ် ၃၀၊ အုပ်ချုပ်ရေးပစ်မှတ် ၂၃၊ စီးပွားရေးပစ်မှတ် ၅ခုတို့ကို ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှုတွေဆောင်ရွက်နိုင်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

▪️အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးသေ

ရန်ကုန်မြို့ ပြည်လမ်းနှင့်အင်းယားလမ်းထောင့်ရှိ ရဲကင်းအား “နန်းထိုက်အောင်စစ်ဆင်ရေး “အဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ယနေ့(မေ ၁၃ ရက်) ညနေပိုင်းတွင် Anonymous အဖွဲ့က ပစ်ခတ်ရှင်းလင်းမှုပြုလုပ်ခဲ့ခြင်းဟု ဆိုသည်။

“ကျွန်တော်တို့ လူငယ်လေးတွေ ဒီနှစ်ဖေဖော်ဝါရီ ၆ ရက်နေ့က ကန်ပေါင်ရှေ့က လူကူးခုံးကျော်တံတားပေါ်မှာတက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် စာတမ်းချိတ်ဆွဲတာကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့တာ ကျောင်းသားလူငယ် ဂျန်ဇီလေးတစ်ယောက် သေနတ်ကျည်ထိမှန်ခံခဲ့ရတာဟာ အဲ့ဒီကင်းရုံက ကောင်တွေလုပ်ခဲ့တာ။ ဒါကြောင့် အတုံ့အလှည့်ဆိုတာရှိကြောင်း စစ်ရေးအရ ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်”ဟု အထက်ပါတာဝန်ရှိသူက စစ်ဆင်ရေးနှင့်ပတ်သက်၍ ရှင်းပြသည်။

“နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”စတင်ပြီး တစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင် စုစုပေါင်း ၅၅ဦးကို သုတ်သင်ရှင်းလင်းထားပြီး ၆၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက People’s Springသို့ မေလ၈ရက်က ပြောထားသည်။

ယခုနှစ် ဧပြီ၈ရက်က စတင်ခဲ့သော “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”သည် မေလ၈ ရက်က တစ်လပြည့်မြောက်​ခြင်း ဖြစ်သည်။

စစ်ဆင်ရေးကာလအတွင်း စစ်ရေးပစ်မှတ် ၃၀၊ အုပ်ချုပ်ရေးပစ်မှတ် ၂၃၊ စီးပွားရေးပစ်မှတ် ၅ခုတို့ကို ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှုတွေဆောင်ရွက်နိုင်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ထို့အပြင် မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ကျိုက်ရော၊ သထုံ၊ သိမ်ဇရပ်အပါအဝင်၊ ရန်ကုန်တိုင်းအတွင်း မြို့ နယ် ၂၁ ခု၌ မြို့ပြစစ်ဆင်ရေးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပြောက်ကျားတော်လှန်ရေးအဖွဲ့များက ဆောင်ရွက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

အလားတူ ပဲခူးတိုင်း PDF နှင့် ရန်ကုန်တိုင်း ခရမ်း PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ဇွဲတွန်စစ် ဆေးရေးဂိတ်ပစ်ခတ်မှုဖြစ်စဉ်တွင် ရန်သူအကြမ်းဖက်အဖွဲ့ဝင် ၁၀ဦးအထိ သေဆုံးခဲ့သည်ဟု အသိပေးသည်။

ထို့အတူ ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြင်းစီးကွင်းအနီးရှိ အကြမ်းဖက်စစ်တပ်စွဲထားရာ အားကစားကွင်းအား People’s Force နှင့် Spring Brothers Force တို့ ပူးပေါင်းပြီး (၄၀) မမ ဗုံးသီး ငါးလုံး ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူအကြမ်းဖက်အဖွဲ့ဝင် ကိုဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ပြောသည်။

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်၏ သုံးပွင့်အဆင့်ရှိ အရာရှိတစ်ဦးအပါ အဝင် နှစ်ဦးသေဆုံးခဲ့သည့် ကော့မှုးမြို့နယ် ငှက်အော်စမ်းကျေးရွာအနီး မကျီးကန်-ကျိုက်ထော်လမ်းပေါ်မှ စစ်ယာဉ်တန်းပစ်ခတ်တိုက်ခိုက်မှုသည်လည်း စစ်ကောင်စီကို အထိနာစေခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် အကြမ်းဖက်စစ်တပ်သည် ငှက်အော်စမ်းကျေးရွာနှင့် အနီးပတ်ဝန်း ကျင်ရှိ ညောင်ထောင်၊ ရေတာရှည်၊ သံကြိုးစတဲ့ ရွာတွေက အပြစ်မဲ့ ရွာသူ၊ရွာသား ၅၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခြင်း၊ ရိုက်နှက်နှိပ်စက်မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခင်နှစ် စက်တင်ဘာ၇ ရက်က စတင်ခဲ့သည့် ပြည်သူ့ခုခံတော်လှန်စစ်ကြေညာပြီးနောက်”ပျံလွှားအောင်စစ်ဆင်ရေး”ကို စတင်ခဲ့ရာ ၇ လတာကာလအတွင်း ပစ်မှတ်ပေါင်း ၄၁၉ ခု အား ပစ်ခတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး ရန်သူအကြမ်းဖက်တပ်ဖွဲ့ဝင် ၂၅၃ ယောက်သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးကို ယခုထက်အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် အစီအစဉ်များ ချမှတ်ထားပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ပြည်သူ့ဘက်တော်သား အတွင်းဖရဲသီးများ၏ သတင်းပေးချက်များ၊ သတိပေးချက်များနှင့် ပူးပေါင်းပါဝင်မှုများကိုလည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဆိုသည်။

အထူးသဖြင့် နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး၏ အဓိက မောင်းနှင်အားများဖြစ်သော PDF ရဲဘော်များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အထူးကော်မန်ဒိုတပ်ဖွဲ့များ၊ မြို့ပြပြောက်ကျား တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများအားလုံးကို လေးစားဂုဏ်ပြုကြောင်းလည်း အသိပေးသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ဝယ်ယူသူအားလုံး၏ ၁၀ ရာခိုင်နှုန်းသည် နိုင်ငံခြားသားများဖြစ်ပြီး ၎င်းတို့ထဲတွင် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ပြီး နိုင်ငံခြားသားခံယူထားသူများပါဝင်သလို မြန်မာပြည်ဖွားမဟုတ်သည့် နိုင်ငံခြားသားများပါဝင်သည်ဟုလည်း ဆိုသည်။

သတင်း

ရဲမြင့်နှင့်သူ၏သားမက်ကျော်စွာသည် စစ်ကောင်စီအလိုကျ ပြည်သူ့စစ်နှင့် ပျူစောထီးဖွဲ့စည်းခြင်း၊ သတင်းပေးခြင်းတို့ လုပ်ဆောင်နေပြီး စစ်ကောင်စီ၏ အဓိက ဒေါက်တိုင်ဖြစ်နေ၍ ယခုကဲ့သို့ ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်းလည်း AFJကအသိ​ပေးသည်။

သတင်း

"စစ်ဆင်ရေးကာလအတွင်း စစ်ရေးပစ်မှတ် ၃၀၊ အုပ်ချုပ်ရေးပစ်မှတ် ၂၃၊ စီးပွားရေးပစ်မှတ် ၅ခုတို့ကို ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှုတွေဆောင် ရွက်နိုင်ခဲ့ပါတယ်"ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

သတင်း

ယုံကြည်စိတ်ချရသော သတင်းပေး၏အဆိုအရ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးသည်ဟု သတင်းရရှိသော်လည်း CIVIL GUERRILLA FORCE -YGN အနေဖြင့် သီးခြါးအတည်မပြုနိုင်သေးပေ။