Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“နန်းထိုက်အောင်စစ်ဆင်​ရေး”စစ်ရေးပစ်မှတ်အဖြစ် မင်္ဂလာဒုံ အမှတ်(၈၂)တပ်ရင်းကို တိုက်ခိုက်

စစ်ဆင်ရေးကာလအတွင်း စစ်ရေးပစ်မှတ် ၃၀၊ အုပ်ချုပ်ရေးပစ်မှတ် ၂၃၊ စီးပွားရေးပစ်မှတ် ၅ခုတို့ကို ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှုတွေဆောင်ရွက်နိုင်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

▪️အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းထိခိုက်ဒဏ်ရာရဟုဆို

“နန်းထိုက်အောင်စစ်ဆင်​ရေး”စစ်ရေးပစ်မှတ်အဖြစ် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၈၂)တပ်ရင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်းအဆိုပါ မစ်ရှင်ဦးဆောင်သည့် စစ်ရေးတာဝန်ခံက People’s Spring သို့ ​အတည်ပြုသည်။

ထို့အပြင် ဒဏ်ရာရရှိသူများအနက် အချို့မှာ သေဆုံးနိုင်ချေရှိ​ကြောင်းလည်း ၎င်းက ဆိုသည်။
ယ​နေ့(​မေလ၁၄ရက်) နံနက် ၅နာရီက မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမကြီးပေါ်ရှိ အမှတ်(၈၂) တပ်ရင်းအား Yangon Federal Army (YFA) နှင့် CGF-YGN တို့က ပူးပေါင်းကာ (၄၀)မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ရှင်းပြသည်။

“လုံခြုံရေးကင်းတဲကို တစ်လုံး၊ သူတို့တပ်ဖွဲ့တွေနေတဲ့အဆောင်ကိုတစ်လုံး နှစ်လုံးပစ်ခဲ့တာပါ။ သူတို့ တော်တော်လေးအထိအခိုက်များတယ်။ မီးတောင်အကုန်ပိတ်ချလိုက်ပြီး ဝရုန်းသုန်းကားတွေဖြစ်နေ တာ။ ကျွန်​တော်တို့အဖွဲ့တွေ မစ်ရှင်ပြီးတဲ့အခါ သူတို့တပ်ထဲ ဆေးရုံကားတွေ အများကြီးဝင်သွားတယ်လို့ သိရတယ်ဗျ”ဟု အဆိုပါ မစ်ရှင်ဦးဆောင်သည့် စစ်ရေးတာဝန်ခံက ​ပြောသည်။
ယမန်​နေ့ (​မေလ၁၃ရက်) ည​နေပိုင်းကလည်း ရန်ကုန်မြို့ ပြည်လမ်းနှင့်အင်းယားလမ်းထောင့်ရှိ ရဲကင်းအား “နန်းထိုက်အောင်စစ်ဆင်ရေး “အဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Anonymous အဖွဲ့က ပစ်ခတ်ရှင်းလင်းမှုပြုလုပ်ခဲ့ခြင်းဟု ဆိုသည်။
“နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”စတင်ပြီး တစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင် စုစုပေါင်း ၅၅ဦးကို သုတ်သင်ရှင်းလင်းထားပြီး ၆၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက People’s Springသို့ မေလ၈ရက်က ပြောထားသည်။

ယခုနှစ် ဧပြီ၈ရက်က စတင်ခဲ့သော “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”သည် မေလ၈ ရက်က တစ်လပြည့်မြောက်​ခြင်း ဖြစ်သည်။

စစ်ဆင်ရေးကာလအတွင်း စစ်ရေးပစ်မှတ် ၃၀၊ အုပ်ချုပ်ရေးပစ်မှတ် ၂၃၊ စီးပွားရေးပစ်မှတ် ၅ခုတို့ကို ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှုတွေဆောင်ရွက်နိုင်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ထို့အပြင် မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ကျိုက်ရော၊ သထုံ၊ သိမ်ဇရပ်အပါအဝင်၊ ရန်ကုန်တိုင်းအတွင်း မြို့ နယ် ၂၁ ခု၌ မြို့ပြစစ်ဆင်ရေးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပြောက်ကျားတော်လှန်ရေးအဖွဲ့များက ဆောင်ရွက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

အလားတူ ပဲခူးတိုင်း PDF နှင့် ရန်ကုန်တိုင်း ခရမ်း PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ဇွဲတွန်စစ် ဆေးရေးဂိတ်ပစ်ခတ်မှုဖြစ်စဉ်တွင် ရန်သူအကြမ်းဖက်အဖွဲ့ဝင် ၁၀ဦးအထိ သေဆုံးခဲ့သည်ဟု အသိပေးသည်။

ထို့အတူ ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြင်းစီးကွင်းအနီးရှိ အကြမ်းဖက်စစ်တပ်စွဲထားရာ အားကစားကွင်းအား People’s Force နှင့် Spring Brothers Force တို့ ပူးပေါင်းပြီး (၄၀) မမ ဗုံးသီး ငါးလုံး ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူအကြမ်းဖက်အဖွဲ့ဝင် ကိုဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ပြောသည်။

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်၏ သုံးပွင့်အဆင့်ရှိ အရာရှိတစ်ဦးအပါ အဝင် နှစ်ဦးသေဆုံးခဲ့သည့် ကော့မှုးမြို့နယ် ငှက်အော်စမ်းကျေးရွာအနီး မကျီးကန်-ကျိုက်ထော်လမ်းပေါ်မှ စစ်ယာဉ်တန်းပစ်ခတ်တိုက်ခိုက်မှုသည်လည်း စစ်ကောင်စီကို အထိနာစေခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် အကြမ်းဖက်စစ်တပ်သည် ငှက်အော်စမ်းကျေးရွာနှင့် အနီးပတ်ဝန်း ကျင်ရှိ ညောင်ထောင်၊ ရေတာရှည်၊ သံကြိုးစတဲ့ ရွာတွေက အပြစ်မဲ့ ရွာသူ၊ရွာသား ၅၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခြင်း၊ ရိုက်နှက်နှိပ်စက်မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခင်နှစ် စက်တင်ဘာ၇ ရက်က စတင်ခဲ့သည့် ပြည်သူ့ခုခံတော်လှန်စစ်ကြေညာပြီးနောက်”ပျံလွှားအောင်စစ်ဆင်ရေး”ကို စတင်ခဲ့ရာ ၇ လတာကာလအတွင်း ပစ်မှတ်ပေါင်း ၄၁၉ ခု အား ပစ်ခတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး ရန်သူအကြမ်းဖက်တပ်ဖွဲ့ဝင် ၂၅၃ ယောက်သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးကို ယခုထက်အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် အစီအစဉ်များ ချမှတ်ထားပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ပြည်သူ့ဘက်တော်သား အတွင်းဖရဲသီးများ၏ သတင်းပေးချက်များ၊ သတိပေးချက်များနှင့် ပူးပေါင်းပါဝင်မှုများကိုလည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဆိုသည်။

အထူးသဖြင့် နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး၏ အဓိက မောင်းနှင်အားများဖြစ်သော PDF ရဲဘော်များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အထူးကော်မန်ဒိုတပ်ဖွဲ့များ၊ မြို့ပြပြောက်ကျား တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများအားလုံးကို လေးစားဂုဏ်ပြုကြောင်းလည်း အသိပေးသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

စစ်ကောင်စီ တိုက်လေယာဥ်များသည် မုံရွာမြို့ဘက်မှ ပျံသန်းလာခြင်းဖြစ်ပြီး လေကြောင်းမှ တိုက်ခိုက်မှုအတွင်း အရပ်သားများ၏ အသက်အန္တရာယ် အလွန်စိုးရိမ်နေရသည်ဟု ကလေးမြို့ခံများကပြောသည်။

သတင်း

စစ်တပ်နှင့် ပျူများဘက်မှ ထိခိုက်သေဆုံးမှု အသေးစိတ်မသိရသေးဘဲ ၎င်းတို့က လက်နက်ကြီးဖြင့် သုံးချက် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များအားလုံး ထိခိုက်မှုမရှိ ဆုတ်ခွာခဲ့သည်ဟု မဟာမိတ်တို့ကဆိုသည်။

သတင်း

ရေစကြိုမြို့နယ်အတွင်း၌ ပြည်သူလူထုနှင့်မပူးပေါင်းဘဲ ပြည်သူလူထုကို ဒုက္ခပေးနေသော စစ်သားနှင့်ရဲများအား အရေးယူတိုက်ခိုက်မည်ဟု Yesagyo PDFက သတိပေးသည်။

သတင်း

တိုက်ပွဲ ဖြစ်စဥ်မှာ ယမန်နေ့ နေ့လည် ၁၂ နာရီခန့် ကစတင်ခဲ့ပြီး စစ်ကောင်စီတပ်သားအများစုမှာ အပြင်မထွက်ရဲဘဲ စခန်းအတွင်း၌သာ နေရာယူပြန်လည်ခုခံခဲ့ပြီး စခန်းအပြင်ထွက်လာသူနှစ်ဦးကိုမူရှင်းလင်းနိုင်ခဲ့သည်ဟု ​ဖော်ပြထားသည်။