Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေးမြို့နယ်တွင်စစ်​ကောင်စီတပ်က စစ်​ဘေး​ရှောင်များရှိ​သော​နေရာနှင့် PDF ရှိသည်ထင်​သော​နေရာများကကို ​လေ​ကြောင်းမှတိုက်ခိုက်

စစ်ကောင်စီ တိုက်လေယာဥ်များသည် မုံရွာမြို့ဘက်မှ ပျံသန်းလာခြင်းဖြစ်ပြီး လေကြောင်းမှ တိုက်ခိုက်မှုအတွင်း အရပ်သားများ၏ အသက်အန္တရာယ် အလွန်စိုးရိမ်နေရသည်ဟု ကလေးမြို့ခံများကပြောသည်။

(စစ်​​ရေး​လေ့ကျင့်မှုအစီအစဥ်တစ်ခုတွင် စစ်တပ်က MI-35ကို ​လေ့ကျင့်ပစ်ခတ်ပြ​နေစဥ်။ ။ဓါတ်ပုံ-AFP)

●စစ်​ဘေးရှောင်ပြည်သူအချို့ပိတ်မိ​နေဟု ​ဒေသခံများ​ပြော

ကလေးမြို့နယ်တွင်စစ်​ကောင်စီတပ်က စစ်ဘေးရှောင်များ ရှိနေသည့် နေရာများနှင့် PDF စခန်းရှိသည်ထင်​သော နေရာများကိုယ​နေ့နံနက်ပိုင်းတွင် တိုက်ခိုက်​ရေးရဟတ်ယာဥ် နှစ်စင်းဖြင့် တိုက်ခိုက်နေ​ကြောင်း​ဒေသခံအချို့နှင့် လွတ်​တော်အမတ်က​ပြောသည်။

ယနေ့(မေ ၁၄ရက်) နံနက် ကိုးနာရီခန့်မှ စတင်ကာ၁၀ နာရီ​ကျော်အထိ့ စစ်ကောင်စီကMI-35 တိုက်ခိုက်​​ရေး ရဟတ်ယာဥ်နှစ်စင်းဖြင့်လာပစ်နေခြင်းဟု ကလေးမြို့နယ်မှ ဒီချုပ်ပါတီအမတ်ဒေါ်သန့်ဝေကျော်က အသိပေး ထားသည်။

” ကလေးခရိုင် PDFတပ်ရင်း (၄) ဖက်ခြမ်း စခန်းများ၊ စစ် ဘေးရှောင်စခန်းများ တည်ရှိရာဖက် စကစ MI -35နှစ်စင်းနဲ့ပစ်နေပါတယ်။ Jet သုံး စင်းနောက်ထပ် ပျံဝဲလာနေကြောင်း ကနဦး သတင်းသိရပြီး အခြေနေအသေးစိတ်မသိရသေး”ဟု ဒေါ်သန့်ဝေကျော်ကလူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ တိုက်လေယာဥ်များသည် မုံရွာမြို့ဘက်မှ ပျံသန်းလာခြင်းဖြစ်ပြီး လေကြောင်းမှ တိုက်ခိုက်မှုအတွင်း အရပ်သားများ၏ အသက်အန္တရာယ် အလွန်စိုးရိမ်နေရသည်ဟု ကလေးမြို့ခံများကပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းမှ အဆက်မပြတ်တိုက်ခိုက်နေပြီး စကားဝါတောင်၊ နွားတောင်နှင့် နွားချောင်းပတ်ဝန်းကျင်တွင် ခိုလှုံနေသော စစ်ရှောင်ပြည်သူများပိတ်မိနေသည်ဟု ဒေသခံများကပြောသည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

ယနေ့ (မေလ ၁၄ ရက်) နံနက် ၆နာရီခန့်တွင် (PDF – Pekhon) နှင့်အတူ(PDF – LK)၊(DMO – PDF)နှင့် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်းရေးအဖွဲ့တို့ ပူးပေါင်းပြီး စနိုက်ပါစစ်ဆင်ရေးတိုက်ပွဲ ဆင်နွဲခဲ့သည်ဟု ဆို သည်။

သတင်း

စစ်တပ်နှင့် ပျူများဘက်မှ ထိခိုက်သေဆုံးမှု အသေးစိတ်မသိရသေးဘဲ ၎င်းတို့က လက်နက်ကြီးဖြင့် သုံးချက် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များအားလုံး ထိခိုက်မှုမရှိ ဆုတ်ခွာခဲ့သည်ဟု မဟာမိတ်တို့ကဆိုသည်။

သတင်း

ရေစကြိုမြို့နယ်အတွင်း၌ ပြည်သူလူထုနှင့်မပူးပေါင်းဘဲ ပြည်သူလူထုကို ဒုက္ခပေးနေသော စစ်သားနှင့်ရဲများအား အရေးယူတိုက်ခိုက်မည်ဟု Yesagyo PDFက သတိပေးသည်။

သတင်း

တိုက်ပွဲ ဖြစ်စဥ်မှာ ယမန်နေ့ နေ့လည် ၁၂ နာရီခန့် ကစတင်ခဲ့ပြီး စစ်ကောင်စီတပ်သားအများစုမှာ အပြင်မထွက်ရဲဘဲ စခန်းအတွင်း၌သာ နေရာယူပြန်လည်ခုခံခဲ့ပြီး စခန်းအပြင်ထွက်လာသူနှစ်ဦးကိုမူရှင်းလင်းနိုင်ခဲ့သည်ဟု ​ဖော်ပြထားသည်။