Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပအိုဝ်းလက်နက်ကိုင် PNLOနှင့် PNOတို့၏လုပ်ရပ် စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်၍ အားမရဟု PNFC တာဝန်ရှိသူပြော

ပြီးခဲ့သည့် ရက်ပိုင်းက ညောင်ရွှေမြို့နယ် ထီရိရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ပူးတွဲတပ်စွဲနေသည့် PNO တပ်ဖွဲ့ဝင်များအနက် တပ်သားသုံးဦးကို အရှင်ဖမ်းမိပြီးသေဆုံးထိခိုက်သူများလည်းရှိခဲ့သည်ဟု ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်ထားသည်။

ပအိုဝ်းလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO/PNA) တို့သည် စစ်ကောင်စီနှင့်ထိတွေ့ဆက်ဆံခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ဆောင်နေ၍ အားမရကြောင်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC) ပြောရေးဆို ခွင့်ရှိသူ ကိုခွန်ဝါးက ပြောသည်။

အပစ်ရပ်အဖွဲ့ PNLOသည် စစ်ကောင်စီခေါင်းဆောင်က ဖိတ်ခေါ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဆုံးဖြတ်ခြင်း၊အသွင်ပြောင်းပြည်သူ့စစ် PNOက စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး တိုက်ပွဲဝင်နေခြင်းများက စစ်ကောင်စီကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ အသိအမှတ်ပြုသလိုဖြစ်နေသည်ဟု ၎င်းက ဆိုသည်။

“အသွင်ပြောင်းပြည်သူ့စစ် PNA/PNOကလည်း ပြီးခဲ့တဲ့ ရက်တွေမှာ စစ်ကောင်စီကို ဝိုင်းကူပြီး တိုက်တဲ့ကိစ္စရပ်တွေမှာ ပြန်ပြီး စဉ်းစားဖို့လိုအပ်နေပြီ။ PNA အသွင်ပြောင်း ပြည်သူ့စစ်က တချို့လူတွေက စကစနဲ့ ပေါင်းပြီး ဒီအာဏာသိမ်းတဲ့ကိစ္စမှာ အာဏာတည်မြဲအောင် ဝို်ငးကူလုပ်တဲ့ ကိစ္စရပ်တွေ လုပ်နေတာတွေ အဲဒါတွေ ပြန်လည် စဉ်းစားသုံးသပ်ပြီးတော့ ဘက်ပြောင်းဖို့လိုပြီဆိုတာ ပအိုဝ်းခေါင်းဆောင်တွေကို သတင်းစကားပါးချင်တယ်” ဟု ကိုခွန်ဝါးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ညောင်ရွှေမြို့နယ် ထီရိရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ပူးတွဲတပ်စွဲနေသည့် PNO တပ်ဖွဲ့ဝင်များအနက် တပ်သားသုံးဦးကို အရှင်ဖမ်းမိပြီးသေဆုံးထိခိုက်သူများလည်းရှိခဲ့သည်ဟု ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်ထားသည်။

တစ်ဖက်တွင်လည်း NCA လက်မှတ်ထိုးအဖွဲ့ PNLO အနေဖြင့် စစ်ကောင်စီက ဖိတ်ခေါ်သည့်ဆွေးနွေးပွဲကို တက်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ကျတော့ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်ကို တွန်းလှန်ဖို့လိုတယ်။ ပြောင်းလဲဖို့လိုတယ်။ ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ထောင်ဖို့လိုတယ်ဆိုတဲ့ အခြေခံရပ်တည် ချက် ရှိတဲ့အတွက်ကြောင့်မို့လို့ စကစနဲ့ ပူးပေါင်းတဲ့ကိစ္စရပ်တွေ ဆွေးနွေးတဲ့ကိစ္စရပ်တွေက စကစကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အသိအမှတ်ပြုသလို ဖြစ်သွားတယ်လို့တော့ သုံးသပ်မိတယ်။ အဲဒီအပေါ်မှာတော့ ကျွန်တော်တို့ အားမလိုအားမရဖြစ်တယ်။ ပြီးတော့ ပြန်ပြီးတော်လှန်နိုင်ဖို့ အင်အားမရှိဘူး အင်အားနည်းနေတယ်ဆိုတာလည်း နားလည်တယ် ဒါပေမဲ့ သူတို့နဲ့ မပူးပေါင်းမိဖို့ အာဏာသိမ်းတာကို သွားပြီးတော့ အာဏာပိုရအောင်လုပ်တဲ့ဟာမျိုးတွေမလုပ်မိဖို့လိုအပ်တာပေါ့” ဟု PNFC ပြောရေးဆိုခွင့်ရှိသူ ကိုခွန်ဝါးက ပြောသည်။

အဆိုပါ ပအိုဝ်းလက်နက်ကိုင်အဖွဲ့များအပါအဝင် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ရည်ညွှန်းပြီး PNFCက မေလ ၁၂ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုသည် တိုက်လိုက် ၊ ဆွေးနွေးလိုက်၊ သံသရာအတွင်းမှ ရုန်းထွက်နိုင်မည့် ဖိတ်ခေါ်မှုမျိုးမဟုတ်ကြောင်း ၊ စစ်ကောင်စီ ခေါင်းဆောင်၏ ငြိမ်းချမ်းရေး ကြွေးကြော်သံသည် အာဏာရှင်စနစ် ဆက်လက်တည်မြဲရေးသာ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

ယနေ့ (မေလ ၁၄ ရက်) နံနက် ၆နာရီခန့်တွင် (PDF – Pekhon) နှင့်အတူ(PDF – LK)၊(DMO – PDF)နှင့် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်းရေးအဖွဲ့တို့ ပူးပေါင်းပြီး စနိုက်ပါစစ်ဆင်ရေးတိုက်ပွဲ ဆင်နွဲခဲ့သည်ဟု ဆို သည်။

သတင်း

ရေစကြိုမြို့နယ်အတွင်း၌ ပြည်သူလူထုနှင့်မပူးပေါင်းဘဲ ပြည်သူလူထုကို ဒုက္ခပေးနေသော စစ်သားနှင့်ရဲများအား အရေးယူတိုက်ခိုက်မည်ဟု Yesagyo PDFက သတိပေးသည်။

သတင်း

ထိခိုက်ဒဏ်ရာရ ရဲဘော်တစ်ဦးသည် စိုးရိမ်ရသော်လည်း MOBYE PDF Rescue Team- MPRT မှ စနစ်တကျ ကုသပေးလျက်ရှိကြောင်းလည်း အသိပေးသည်။

သတင်း

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အချိန်အတော်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့က ပြောသည်။