Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးမြို့နယ်တွင် စစ်​ကောင်စီတပ်က မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ အင်္ကျီများဝတ်ဆင်၍ လမ်းသွား၊လမ်းလာများ စစ်​ဆေး​နေ

(CDSOM)နှင့် ပုံမှားယူပြီး ပြည်သူနှင့် PDFများကို အစဥ်အမြဲဖမ်းဆီးရန် ကြိုပမ်းလျက်ရှိသည်ဟုလည်း CDSOMက ပြောသည်။

(CDSOM ရဲ​ဘော်များအား ၎င်းတို့ဝင်ဆင်​ အသုံးပြုနေသည့် အင်္ကျီနှင့်အတူ ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) အင်္ကျီများဝတ်ဆင်၍ လမ်းသွား၊လမ်းလာများအား စစ်ဆေးနေသူများမှာ အကြမ်းဖက်စစ်ကောင်စီတပ် သားများဖြစ်ကြောင်း CDSOMက ထုတ်ပြန်သည်။

ယနေ့(မေ ၁၄)နံနက် ၉နာရီခန့်တွင် ချောင်းဦးမြို့နယ်ရေပိုးစားနှင့် နတ်ရေကန်အကြား၌ CDSOM အင်္ကျီဝတ်ဆင်ထားသူများက ဖြတ်သန်းသွားလာ​သော ပြည်သူများကို စစ်ဆေးခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် အစစ်ဆေးခံလာရသည့် ပြည်သူများ၏ သတင်းပေးချက်ကြောင့် ၎င်းတို့အဖွဲ့ခွဲ အသီးသီးထံစုံစမ်းရာ တစ်ဖွဲ့မှမဟုတ်ကြောင်းနှင့် သေချာစေရန် အဖွဲ့ဝင်များက သွားရောက်စုံစမ်းရာ အကြမ်းဖက်စစ်ကောင်စီတပ်က CDSOM တံဆိပ်ပါ အနက်ရောင်လက်ရှည်များဝတ်ဆင်ထားသည်ဟု အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)နှင့် ပုံမှားယူပြီး ပြည်သူနှင့် PDFများကို အစဥ်အမြဲဖမ်းဆီးရန် ကြိုပမ်းလျက်ရှိသည်ဟုလည်း CDSOMက ပြောသည်။

ထို့အပြင် ရိုင်းပျကြမ်းတမ်းသည့် စကားလုံးများဖြင့် ​ပြောဆို၍ CDSOM ၏ ပုံရိပ်နှင့် ပြည်သူများ ၏ လေးစားမှုများကို အကြမ်းဖက်စစ်တပ်က ဖျက်ဆီးရန် ကြိုးပမ်းခြင်းဟု ဆိုသည်။

“ပြည်သူများ လူယောင်ဆောင်သော ခွေးများရန်မှဝေးကြပါစေ”ဟု CDSOM တာဝန်ရှိသူက ပြော သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲအပြင်လုံးဝမထွက်ရန် CDSOM ကမေတ္တာရပ်ခံသည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

"ရွာလူကြီးတွေကို ခေါပြီးတော့ ပိုက်ဆံ (၁၄၃) သိန်းကို သုံးရက်အတွင်းတောင်းတယ်၊ လက်နက်ပြပြီးတောင်းတာဆိုတော့ မပေးပဲနဲ့လည်း မနေရဲကြလောက်ဘူး၊ နောက်ပြီးတော့ လူထုကလည်း ခက်ခဲနေတဲ့အချိန်လေ" လို့ ကေအဲန်ယူ-ဖားအံမြို့နယ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းက ညောင်ရွှေမြို့နယ် ထီရိရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ပူးတွဲတပ်စွဲနေသည့် PNO တပ်ဖွဲ့ဝင်များအနက် တပ်သားသုံးဦးကို အရှင်ဖမ်းမိပြီးသေဆုံးထိခိုက်သူများလည်းရှိခဲ့သည်ဟု ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီ တိုက်လေယာဥ်များသည် မုံရွာမြို့ဘက်မှ ပျံသန်းလာခြင်းဖြစ်ပြီး လေကြောင်းမှ တိုက်ခိုက်မှုအတွင်း အရပ်သားများ၏ အသက်အန္တရာယ် အလွန်စိုးရိမ်နေရသည်ဟု ကလေးမြို့ခံများကပြောသည်။

သတင်း

ယနေ့ (မေလ ၁၄ ရက်) နံနက် ၆နာရီခန့်တွင် (PDF – Pekhon) နှင့်အတူ(PDF – LK)၊(DMO – PDF)နှင့် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်းရေးအဖွဲ့တို့ ပူးပေါင်းပြီး စနိုက်ပါစစ်ဆင်ရေးတိုက်ပွဲ ဆင်နွဲခဲ့သည်ဟု ဆို သည်။