Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ်တွင် စစ်အုပ်စုတပ်စွဲရာ ကျေးရွာနှစ်ရွာကို မဟာမိတ်(၇)ဖွဲ့ သွားရောက်တိုက်ခိုက်

ယမန်နေ့(မေလ ၁၄ရက်)က ရွှေဘိုမြို့နယ်၊ တည်သီး​တောကျေးရွာမှ ပျူခေါင်းဆောင်မောင်ဆန်းဦးဆောင်သော ပျူအဖွဲ့အားသွားရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း C&T SHWEBOအဖွဲ့က ပြောသည်။

(ပြီးခဲ့သည့်လပိုင်းအတွင်းက တည်သီးတောကျေးရွာအား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့စဥ်။)

စစ်ကိုင်းတိုင် ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များတပ်စွဲရာ ‌ကျေးရွာနှစ်ရွာသို့ မဟာမိတ်(၇)ဖွဲ့က သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးထက်မနည်းသေဆုံးကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။

ယမန်နေ့(မေလ ၁၄ရက်)က ရွှေဘိုမြို့နယ်၊ တည်သီး​တောကျေးရွာမှ ပျူခေါင်းဆောင်မောင်ဆန်းဦးဆောင်သော ပျူအဖွဲ့အားသွားရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း C&T SHWEBOအဖွဲ့က ပြောသည်။

တိုက်ခိုက်မှုကြောင့် ပျူစောထီး နှစ်ဦးပွဲချင်းပြီး သေဆုံးခဲ့သည်ဟု C&T SHWEBOအဖွဲ့က ဆိုသည်။

မေလ ၁၂ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာတွင် အထိုင်ချတပ်စွဲနေသော အကြမ်းဖက်စစ်တပ်နှင့်ပျူများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြရာ အကြမ်းဖက်စစ်သားနှင့် ပျူသုံးဦး အပြင်းအထန်ဒဏ်ရာရ၍ အော်ဟစ်ဆဲဆိုပြီး လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားကြောင်း C&T SHWEBO အဖွဲ့က ပြောသည်။

မေလ ၂ ရက်က ဆိပ်ခွန်ရွာတွင် ကျဆုံးသွားသော ရဲဘော်မောင်ရှိုင်းအတွက် သွေးကြွေးဆပ်သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း C&T SHWEBO အဖွဲ့က အသိပေးသည်။

မဟာမိတ်အဖွဲ့များ အထိခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းတို့က အသိပေးသည်။

အဆိုပါ ဖြစ်စဥ်များအား မဟာမိတ်အဖွဲ့များဖြစ်ကြသော C&T SHWEBO၊ SNAKE EYES – PDF ၊ PEOPLE DEFENCE FORCE Shwebo၊ ဗိုလ်ကျားရိုင်း(ပကဖ) ရွှေဘို၊ ဖားရွှေကျော်အဖွဲ့၊ Alpha 7၊ ဒေါင်းမာန်အဖွဲ့တို့မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အထက်ပါ ထုတ်ပြန်ချက်များနှင့်ပတ်သက်၍ C&T SHWEBO အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

C&T SHWEBOအဖွဲ့အပါအဝင် မဟာမိတ်အဖွဲ့များသည် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများအား ဒရုန်းဖြင့်အဓိကထား တိုက်ခိုက်နေသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီများသည် သေဆုံးအလောင်းများအား ပါရ်သဲကျေးရွာရှိ နေအိမ်များအတွင်း ထည့်သွင်းကာ မီးရှို့ဖျက်ဆီးထားခဲ့ကြသည်ဟုလည်းပါရှိသည်။

သတင်း

အထူးသဖြင့် စစ်ကောင်စီရဲ့ ဘုမ္မတီးစခန်း၊ တောင်ကြီးစခန်းနဲ့ ရှားစေးဘိုစခန်းတွေကြောင့် အဲ့ဒီဒေသက လူထုတွေဟာ ကြောက်ရွံ့ထိတ်လန့်နေရတာ၊ မိုင်းကွင်းတွေကြောင့် နေ့စဉ်သွားလာရေးမှာ အခက်အခဲဖြစ်ရတာ၊ စစ်ကောင်စီရဲ့ ဖမ်းဆီးမှု ပစ်ခတ်မှုတွေကို စိုးရိမ်ကြောက်ရွံ့နေရတာ အစရှိတဲ့ဒုက္ခတွေကို ခံစားနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိတာပါ။

သတင်း

ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)မှ ပြည်သူများ ၏ ပို့သသော စေတနာကြောင့် တစ်ဦးမျှအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီကင်းပုန်း၏ G3ကျည်မှာ ဘီလုံးပြောက်ကျားတပ်ရဲဘော်၏ ခါးသို့ထိမှန်ခဲ့ခြင်းဖြစ်ပြီး ဆေးအဖွဲ့ထံမှ အစွမ်းကုန် ကြိုတင်ဆေးကုသမှုခံယူခဲ့သော်လည်း ဆက်လက်ကုသရန်စီစဥ်နေစဥ် မြင့်မြတ်စွာကျဆုံးခဲ့ရသည်ဟု Myaung Union Army က ပြောသည်။