Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရခိုင်ပြည်သူလူထု ထိခိုက်နာကျင်ခံစားရမှုများ တရားမျှတမှုရှိစွာ ပြန်လည်ကုစားနိုင်ရေး ကြိုးပမ်းမည်ဟု NUG ကတိပြု

ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ ရပိုင်ခွင့်များရရှိစေရန် သက်ဆိုင်သူအဖွဲ့အစည်းအားလုံးနှင့်အတူတကွ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း NUG ၏ သဝဏ်လွှာ၌ ဖော်ပြသည်။

▪️ရခိုင်လူထုရပိုင်ခွင့်အတွက် သက်ဆိုင်သူအဖွဲ့အစည်းအားလုံးနှင့်အတူတကွ ပူးပေါင်းမည်ဟုဆို

ရခိုင်ပြည်ရှိ ပြည်သူလူထု၏ထိခိုက်နာကျင်ခံစားခဲ့ရမှုများအတွက် တရားမျှတမှုရှိစွာ ပြန်လည် ကုစားဖြည့် ဆည်းပေးနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်သည်။

ယနေ့ကျရောက်သော (၉)ကြိမ်မြောက် “ရက္ခိုင်အမျိုးသားနိ” (ရခိုင်အမျိုးသားနေ့)တွင် NUG က သဝဏ်လွှာပေးပို့ရာတွင် လွန်ခဲ့သောနှစ်များအတွင်း ရခိုင်ပြည်အပါအဝင် နယ်နိမိတ်ချင်းထိစပ်သည့်နယ်မြေဒေသများအတွင်း စစ်ရေး၊ နိုင်ငံရေးပဋိပက္ခများကြောင့် ပြည်သူလူထုနည်းမျိုးစုံဖြင့်ထိခိုက်နာကျင်ခဲ့ရမှုများအတွက် များစွာ ကိုယ်ချင်းစာနာပြီး၊ ပျက်ကွက်မှုများစွာဖြစ်ပေါ်ခဲ့ခြင်းအတွက်လည်း အလွန်ပင်စိတ်မကောင်းဖြစ်ရပါကြောင်း ဖော်ပြသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ ရပိုင်ခွင့်များရရှိစေရန် သက်ဆိုင်သူအဖွဲ့အစည်းအားလုံးနှင့်အတူတကွ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း NUG ၏ သဝဏ်လွှာ၌ ဖော်ပြသည်။

လက်ရှိတွင် ရခိုင်လူမျိုးများသည် မိမိတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ နိုင်ငံရေးအရတန်းတူညီမျှမှုရရှိရေးနှင့် ရခိုင်ပြည်အတွင်း အမျိုးသားရေးစည်းလုံးညီညွတ်မှုများကို ကြိုးပမ်းတည်ဆောက်လျက် ရှိသည်ဟု NUG က ဆိုသည်။

ထို့အတူ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုလိုလားကြသူတိုင်းရင်းသားလူမျိုးများအားလုံးသည် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ စနစ်ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကို အသစ်တဖန်ပြန်လည်တည်ဆောက်ရန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိနေချိန် လည်းဖြစ်ပြီး ရခိုင်အမျိုး သမီး၊ အမျိုးသားများ၏ ပြည့်ဝသောပါဝင်မှုနှင့် အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း ဖော်ပြလိုကြောင်း NUG က ထုတ်ပြန်သည်။

“ရက္ခိုင်အမျိုးသားနိ” (ရခိုင်အမျိုးသားနေ့) အချိန်အခါသာမယတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၌ရောက်ရှိနေထိုင်နေကြသော ရခိုင်အမျိုးသမီး၊ အမျိုးသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလုံခြုံ၍ဘေးရန်အပေါင်းမှကင်းကွာကြပါစေကြောင်း NUG က ဆုမွန်ကောင်းတောင်းသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

မလေးရှားအစိုးရအနေနဲ့တော့ အာဏာသိမ်းစစ်ကောင်စီကိုအသိအမှတ်မပြုကြောင်း၊ NUG ၊ NUCC တို့နဲ့ ထိတွေ့ဆက်ဆံသွားဖို့ အစိုးရအဖွဲ့ ဆုံးဖြတ်ချက် ချထားတယ်လို့လည်း RFA ရဲ့သတင်းမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

သတင်း

ရခိုင်အမျိုးသားတို့၏ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊စာပေ၊ အနုပညာ၊ယဥ်ကျေးမှုများ အခြေတင့်လျက် မြင့်မားတိုးတက်ပါစေဟု သဝဏ်လွှာ၌ပါရှိသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီကမူ အမေရိကန်-အာဆီယံထိပ်သီးညီလာခံအပြီး ပူးတွဲထုတ်ပြန် ကြေညာချက်ပါ မြန်မာ့အရေးဖော်ပြချက်ကို ပယ်ချကြောင်းနှင့် NUG ကိုယ်စားလှယ်အဖွဲ့ကို လက်ခံ တွေ့ဆုံသည့် အမေရိကန်အစိုးရ တာဝန်ရှိသူများကိုလည်း ကန့်ကွက်ကြောင်း ယနေ့သတင်း ထုတ်ပြန်သည်။

သတင်း

ဝါရှင်တန်သို့ ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့ လူချင်း ယနေ့တွေ့ဆုံခဲ့ပြီး မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေး ဆက်လက်လုပ်ဆောင်ရန် မလေးရှားက အသင့်ရှိ​ကြောင်း ထည့်သွင်းဆွေးနွေးသည်။