Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မရမ်းကုန်း (၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဒုတိယအကြိမ်သေနတ်ဖြင့်ပစ်ခတ်ခံရ

ကျိုက်ဝိုင်းဘုရားလမ်းရှိ (၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယနေ့(မေ ၁၁)နံနက် ၁၀နာရီခန့်တွင် အမည်မသိအဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်သွားခြင်းဟု ဆိုသည်။

(ဓာတ်ပုံ - ၂၀၂၁ ဇူလိုင်၂၅ရက်က ရုံးအတွင် သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခံရမှုဖြစ်ပွားပြီး‌နောက် တွေ့ရစဥ်)

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းသေနတ်ဖြင့်ဝင်ပစ်ခံရ၍ သေဆုံးမှုများရှိကြောင်း ဒေသခံများက People’s Springသို့ ပြောသည်။

ကျိုက်ဝိုင်းဘုရားလမ်းရှိ (၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယနေ့(မေ ၁၁)နံနက် ၁၀နာရီခန့်တွင် အမည်မသိအဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်သွားခြင်းဟု ဆိုသည်။

“သေနတ်သံချည်းကို ၁၀ချက်ကျော်တယ်။ပွချင်းပြီးသေတဲ့သူ ရာအိမ်မှူး ကြည်ခိုင်ဝင်း။အုပ်ချုပ်ရေးမှူးနေဝင်းလည်း အခုနေ့လယ်သေပြီလို့ သိရတယ်”ဟု မရမ်းကုန်းမြို့ (၃)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ထို့အပြင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်ဆိုသူ နှစ်ဦးမှာလည်း ကျည်ထိဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ (၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ၂၀၂၁ ဇူလိုင်၂၅ရက်ကလည်း ရုံးအတွင် သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့သည်။ ထိုသို့ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးဦးမိုးကျော် သေဆုံးခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အင်အား ၆ဝ ခန့်ပါသော အကြမ်းဖက်စစ်ကောင်စီတပ်သည် ကားဆိပ်ရွာကိုဖျက်ဆီးပြီးနောက် သရက်ပင်စုရွာဟောင်းသို့ရောက်ရှိချိန်မိုင်းဆွဲတိုက်ခိုက်ခံရ၍ အနီးဝန်းကျင်သို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီဘက်မှ အထိခိုက်ကျဆုံးရှိနိုင်ပြီး အတိကျမသိရသေးပါဟုလည်း သထုံ PDFက ထုတ်ပြန်သည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီဘက်ကမူ ကုန်းတန်းလေးကျေးရွာရှိ PDF စခန်းတစ်ခုအား ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိသည်ဟု ဝါဒဖြန့်သည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ် လက်နက် ၃လက် ပြန်လည်ရရှိရေးအတွက်ဆိုကာ မတူပီမြို့ပေါ်မှာ အမျိုးသမီး ၆ဦးအပါအဝင်ပြည်သူ ၇ ဦးကို စစ်ဗျူဟာခန်းသို့ ဓါးစာခံအဖြစ်ဖမ်းဆီးပြီး နှိပ်စက်နေခြင်းဖြစ်သည်ဟု သိ့ရသည်။