Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမျိုးသားရေးရည်မှန်းချက်များ အမြန်ဆုံး အကောင် အထည်ဖော်ဆောင်ရွက်နိုင်ပါစေကြောင်း CRPH သဝဏ်လွှာပို့

ရခိုင်တိုင်းရင်းသားများသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် စစ်ဘေးစစ်ဒဏ်ကို ခါးသီးစွာ ခံစားခဲ့ကြရပြီး ဒေသဖွံ့ဖြိုးမှုတို့ နောက်ကျခဲ့ရကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူ ညီမျှမှုနှင့် လွတ်လပ်မှုတို့အတွက် တစ်မျိုးသားလုံးက စည်းလုံးစွာ ဖိနှိပ်မှုအမျိုးမျိုးကို ရဲရဲဝံ့ဝံ့ တွန်းလှန်ခဲ့ကြကြောင်း CRPH၏ သဝဏ်လွှာ၌ ဖော်ပြသည်။

ရခိုင်တမျိုးသားလုံး မျှော်လင့်ကြိုးပမ်းနေသည့် အမျိုးသားရေးရည်မှန်းချက်များ အမြန်ဆုံး အကောင် အထည်ဖော်ဆောင်ရွက်နိုင်ပါစေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဆုမွန်ကောင်းတောင်းသည်။

ယနေ့ ကျရောက်သော ရခိုင်အမျိုးသားနေ့အတွက် သဝဏ်လွှာတွင် CRPH က ယင်းသို့ ထည့်သွင်းဆုမွန်ကောင်းတောင်းခြင်းဖြစ်ပြီး အတိတ်က အတွေ့အကြုံများကို သင်ခန်းစာယူကာ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုကို ညီနောင်တိုင်းရင်းသားများနှင့်အတူ အတူလက်တွဲကြိုးပမ်းသွားမည်ဟု ဖော်ပြသည်။

လက်ရှိအချိန်သည် ရခိုင်တိုင်းရင်းသားများအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသား များအားလုံး တွေ့ကြုံခံစားနေကြရသည့် ပြဿနာအရပ်ရပ်ကို တူညီသောစိတ်ခွန်အား၊ ယုံကြည်ချက်နှင့် ဇွဲလုံ့လတို့ဖြင့် လက်တွဲညီညီ ရင်ဆိုင်ကျော်လွှားကြရမည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်သွားရန် အချိန်အခါကောင်းဖြစ်ကြောင်း CRPHက ဆိုသည်။

ရခိုင်တိုင်းရင်းသားများသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် စစ်ဘေးစစ်ဒဏ်ကို ခါးသီးစွာ ခံစားခဲ့ကြရပြီး ဒေသဖွံ့ဖြိုးမှုတို့ နောက်ကျခဲ့ရကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူ ညီမျှမှုနှင့် လွတ်လပ်မှုတို့အတွက် တစ်မျိုးသားလုံးက စည်းလုံးစွာ ဖိနှိပ်မှုအမျိုးမျိုးကို ရဲရဲဝံ့ဝံ့ တွန်းလှန်ခဲ့ကြကြောင်း CRPH၏ သဝဏ်လွှာ၌ ဖော်ပြသည်။

အကြမ်းဖက်စစ်တပ်သည် တိုင်းရင်းသားများနှင့် စည်းလုံးညီညွတ်မှု တည်ဆောက်ရမည့်အစား မတရားသည့် ဥပဒေများပြဋ္ဌာန်းကာ ရည်ရွယ်ချက် ရှိရှိဖြင့် ကြောက်ရွံ့စေရန် ဖန်တီးပုံဖော်ခဲ့ကြခြင်းမှာ ဒီမိုကရေစီ၏အနှစ်သာရများကို ဆန့်ကျင်လျက်ရှိသည်ကို ရှင်းလင်းစွာ တွေ့မြင်ရကြောင်းလည်း CRPHက ဆိုသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ရခိုင်အမျိုးသားတို့၏ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊စာပေ၊ အနုပညာ၊ယဥ်ကျေးမှုများ အခြေတင့်လျက် မြင့်မားတိုးတက်ပါစေဟု သဝဏ်လွှာ၌ပါရှိသည်။

သတင်း

KNU အဖွဲ့ဆိုလျင် ၎င်းငြိမ်းချမ်းရေးဖိတ်ခေါ်သည့် ဧပြီ ၂၂ရက်ကတည်းက စစ်ကောင်စီခေါင်းဆောင် ၏ ဖိတ်ခေါ်ချက်ကို လက်မခံကြောင်း တုံ့ပြန်ခဲ့ပြီး နောက်ပိုင်းတွင်လည်း ကြေညာချက်ထုတ်ပြန်ပြီး မတက်ရောက်နိုင်ကြောင်း တုံ့ပြန်ခဲ့သည်။

သတင်း

စစ်ကိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုဝေယံဖြိုးနှင့် ရဲဘော်ရှစ်ဦးသည် မေ ၉ ရက်က မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်စခန်းစီးနင်းခံရစဥ် ကျဆုံးခဲ့ခြင်း ဖြစ်သည်။

သတင်း

ဥပဒေစိုးမိုးမှု ပြန်လည်ရရှိရေး၊ နိုင်ငံရေးအကျဉ်းသား ၉၀၀၀ ကျော် ပြန်လည်လွတ်မြောက်ရေး၊ ပြည်သူ ၁၀၀ ကျော် သေဒဏ်ချမှတ်ခံထားရမှု ဖျက်သိမ်းပေးရေးစသည့် CRPH ၏ တောင်းဆို တိုက်တွန်းချက်များကို ထောက်ခံကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။