Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ် – ကျောက်ထုလမ်းတိုက်ပွဲ စစ်ကောင်စီတပ်သေဆုံးထိခိုက်များ၊ စစ်ကောင်စီတပ် အင်အားဖြည့်

ခလရ (၂၇၄)တပ်ရင်းတွင် စစ်ကောင်စီယာဉ်တန်းမှ ယာဉ် ၆၈ စီးနေရာခွဲပြီး ရပ်နားထားကြောင်း၊ အဆိုပါ တပ်ရင်းရှိ ရဟတ်ယာဉ်ကွင်းအနီးတွင် ပီပါပုံးများဖြင့် ကာထားသော လက်နက်ကြီးများမှာ(၁၂၀) မမနှင့် စက်သေနတ်များ ဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။

(မင်းတပ်မြို့တွင်ရှိသည့် ​ခြေလျင်တပ်ရင်း(ခလရ ) ၂၇၄ တွင် ရပ်နားထားသည့် အာဏာသိမ်းစစ်​ကောင်စီ၏ စစ်ကား ၆၈ စီးကိုတွေ့ရစဥ်)

မတူပီမှ ပြန်လာသည့် စစ်ကောင်စီယာဉ် ၇၀နီးပါး မင်းတပ် ခလရ(၂၇၄)တပ်၌ နေရာခွဲပြီး ရပ်နားထား

မင်းတပ် – ကျောက်ထုလမ်း၌ ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားနေသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်က စစ်ကား နှစ်စီးဖြင့် ထပ်မံအင်အားဖြည့် စစ်ကူထွက်သွားကြောင်း မင်းတပ်ဒေသ စစ်ရေးသတင်းများ ရေးသားဖော်ပြနေသည့် ဒေသခံတစ်ဦးက အသိပေးထားသည်။

“ယနေ့ မင်းတပ် မှ ဆင်းသွားသောအကြမ်းဖက် စကစတပ်သားများ နှင့်ပြည့်သူ့ကာကွယ်ရေးပူးပေါင်း အဖွဲ့ များတိုက်ပွဲဖြစ်ပွားရာတွင် စခ များ အထိအခိုက်များဟုသိရ ၊ ရှေ့ပြေး ဆိုင်ကယ်ဖြင့်သွားသော စခ များ နာနတ်သီးအတွဲလိုက်စားရပြီးငရဲပြည်သို့ အော်တိုရောက်ကုန်ကြ ၊ဒါဏ်ရာရသူများကို ဖောကားဖြင့် မင်းတပ်သို့ပြန်သယ်နေကြ ၊ အလောင်းများအားသယ်ယူရန်ပြင်ဆင်နေကြဟုသိရ”ဟု ၎င်းက ယနေ့ ညနေ ၆နာရီခွဲ၌ ရေးသားထားသည်။

ညနေ ၄နာရီ ၂၀ မိနစ်ခန့်ကလည်း စစ်ကောင်စီတပ်မှ ယာဉ် နှစ်စီး လူအပြည့်ဖြင့်စစ်ကူ အင်အားဖြည့်တင်းခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မတူပီမှ ပြန်ဆင်းလာသည့် စစ်ကောင်စီတပ်ယာဉ်များ မင်းတပ်မြို့ရှိ ခလရ (၂၇၄)တပ်တွင် နေရာခွဲပြီးရပ်နားထားမှုကို ကောင်းကင်မှ ရိုက်ကူးထားသည့် ဓာတ်ပုံများကိုလည်း အဆိုပါဒေသခံက ဖော်ပြခဲ့သည်။

ခလရ (၂၇၄)တပ်ရင်းတွင် စစ်ကောင်စီယာဉ်တန်းမှ ယာဉ် ၆၈ စီးနေရာခွဲပြီး ရပ်နားထားကြောင်း၊ အဆိုပါ တပ်ရင်းရှိ ရဟတ်ယာဉ်ကွင်းအနီးတွင် ပီပါပုံးများဖြင့် ကာထားသော လက်နက်ကြီးများမှာ(၁၂၀) မမနှင့် စက်သေနတ်များ ဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။

အဆိုပါ လက်နက်ကြီးများဖြင့် ကျေးရွာများသို့အကြာင်းမဲ့ ရမ်းပစ်ကြလေ့ရှိသည်ဟု ၎င်းက ရေးသားထားပြီး ထိုသို့ဒရုန်းဖြင့် ဓာတ်ပုံရိုက်ကူးမှုအပေါ် သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်းလည်း အသိပေးထားသည်။

ယနေ့နံနက်ပိုင်းက မင်းတပ် – ကျော်ထုလမ်းတွင် စစ်ကောင်စီတပ်က လမ်းကြောင်းလုံခြုံရေး ရှေ့ပြေးစစ်ကြောင်း စေလွှတ်ခဲ့ရာပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေသည်။ ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရုံးက တိုက်ပွဲဖြစ်ပွားမှုကို အတည်ပြုသော်လည်း အသေးစိတ်အခြေအနေများကို ယနေ့ညနေပိုင်းအထိ မသိရသေးဟုပြောကြားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

စစ်ကောင်စီတပ်မှ လက်ရှိတွင် မှန်ထောင်ဘုရားကုန်းယာယီတပ်စခန်းကို စွန့်ခွာထွက်​ပြေးသွားကြပြီး စစ်​ကောင်စီတပ်မှထိခိုက်သေဆုံးမှုကိုမှု အ​ခြေအ​နေကိုမူမသိရသေးပေ။

သတင်း

​ခလရ ၂၇၄ ကို အ​ပေါ်က​နေ ဒရုန်းနဲ့ရိုက်ကူးတဲ့အချိန်မှာ စစ်​ကောင်စီတပ်က ​သေနတ်နဲ့ ပစ်ခတ်ခဲ့​သေးတယ်လို့လည်းသူကဆိုပါတယ်။ ဒရုန်းရိုက်ကူးမှု​တွေက ​ကောင်းမွန်တဲ့အတွက် ခလရ ၂၇၄ ရဲ့ ​အ​ခြေအ​နေကို စိတ်ဝင်စားသူ​တွေ​​ကောင်း​ကောင်း​လေ့လာနိုင်ပါတယ်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများ ပြားပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှလည်း ထိခိုက်ကျဆုံးသူအချို့ရှိသည်ဟု ကြားသိရသော်လည်း KNDFထံ သီး ခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။

သတင်း

လတ်တလောတွင် အဆိုပါကျောက်ထု - မင်းတပ်လမ်းနှင့် ဂန့်ဂေါ- ကျောလမ်းတို့ကို အသုံးပြု သွားလာခြင်းမပြုရန် ဒေသခံ PDFများက ကြေညာချက်ထုတ်ပြန်ထားသည်။