Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတူပီလာတဲ့စစ်ကား​တွေ မင်းတပ်မှာဘယ်လိုနား​နေလဲ

​ခလရ ၂၇၄ ကို အ​ပေါ်က​နေ ဒရုန်းနဲ့ရိုက်ကူးတဲ့အချိန်မှာ စစ်​ကောင်စီတပ်က ​သေနတ်နဲ့ ပစ်ခတ်ခဲ့​သေးတယ်လို့လည်းသူကဆိုပါတယ်။ ဒရုန်းရိုက်ကူးမှု​တွေက ​ကောင်းမွန်တဲ့အတွက် ခလရ ၂၇၄ ရဲ့ ​အ​ခြေအ​နေကို စိတ်ဝင်စားသူ​တွေ​​ကောင်း​ကောင်း​လေ့လာနိုင်ပါတယ်။

မင်းတပ်မြို့ မှာရှိတဲ့ ​ခြေလျင်တပ်ရင်း(ခလရ ) ၂၇၄ ကအာဏာသိမ်းစစ်​ကောင်စီရဲ့ စစ်ကား ၆၈ စီးကို ​နေရာခွဲရပ်နားထားပုံနဲ့ တပ်ရင်းအတွင်းမှာ လေယာဥ်ကွင်း ၊လက်နက်ကြီးနဲ့စက်​သေနတ်တွေဆင်ထားပုံ​တွေကို ​ဒရုန်းနဲ့ရိုက်ကူးထားတဲ့ ဓါတ်ပုံ​တွေ ဒီ​နေ့ည​နေမှာ ​ဖေစ်ဘွခ်လူမှုကွန်ယက်မှာပျံ့နှံ့လာပါတယ်။

“ရဟတ်ယာဥ်ကွင်း နားတွင် ပီပါပုံးများဖြင့်ကာထားသော လက်နက်ကြီးများ မှာ၁၂၀ မမ နှင့် စက်သေနတ်များ ဖြစ်ပါတယ် ။၎င်း တို့ဖြင့် ကျေးရွာများ ဘက်သို့အကြောင်းမဲ့ ရမ်းပစ်ကြလေ့ရှိပါတယ်”ဟု အဆိုပါပုံများကိုတင်ထား​သော​​အမျိုးသားက​ရေးထားပါတယ်။

​ခလရ ၂၇၄ ကို အ​ပေါ်က​နေ ဒရုန်းနဲ့ရိုက်ကူးတဲ့အချိန်မှာ စစ်​ကောင်စီတပ်က ​သေနတ်နဲ့ ပစ်ခတ်ခဲ့​သေးတယ်လို့လည်းသူကဆိုပါတယ်။ ဒရုန်းရိုက်ကူးမှု​တွေက ​ကောင်းမွန်တဲ့အတွက် ခလရ ၂၇၄ ရဲ့ ​အ​ခြေအ​နေကို စိတ်ဝင်စားသူ​တွေ​​ကောင်း​ကောင်း​လေ့လာနိုင်ပါတယ်။

ခလရ ၂၇၄ တွင်ရပ်ထား​သောကားများမှ မတူပီ မြို့မှ မင်းတပ်မြို့ ​ဒေသခံကာကွယ်​ရေးတပ်​တွေရဲ့တိုက်ခိုက်မှု​​တွေကြောင့် ၁၇ရက် ကြာမှ​ရောက်လာတဲ့ကား​တွေဖြစ်ပါတယ်။ အဲဒီကာ​တွေဟာ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့ မုံရွာမြို့ ကို ဆက်လက်ထွက်ခွာမယ်လို့သိ့ရပြီး ၊ဒီ​နေ့ နံတက်မှာအဲဒီယာဥ်တန်းရဲ့ ​ရှေ့​ပြေးအဖွဲ့ နဲ့ ​ဒေသခံပြည်သူကာကွယ်​ရေးတပ်​တွေ မင်းတပ်-​ကျောက်ထု လမ်းပိုင်းမှာတိုက်ပွဲဖြစ်​နေပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

မေလ ၁၅ရက် နေ့လယ် ၃နာရီခွဲခန့်တွင် ပြည်ခရိုင် ပေါင်းတည်မြို့နယ် ကြို့ပင်ကျေးရွာအုပ်စု သဖန်းကုန်း - တာပွန် လမ်းပိုင်း၌ ဆိုင်ကယ်သုံးစီးဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေး တပ်ရင်းအမှတ်(၃၆၀၁)တပ်ခွဲ - ၃က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ခလရ (၂၇၄)တပ်ရင်းတွင် စစ်ကောင်စီယာဉ်တန်းမှ ယာဉ် ၆၈ စီးနေရာခွဲပြီး ရပ်နားထားကြောင်း၊ အဆိုပါ တပ်ရင်းရှိ ရဟတ်ယာဉ်ကွင်းအနီးတွင် ပီပါပုံးများဖြင့် ကာထားသော လက်နက်ကြီးများမှာ(၁၂၀) မမနှင့် စက်သေနတ်များ ဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။

သတင်း

စစ်ကောင်စီတပ်မှ လက်ရှိတွင် မှန်ထောင်ဘုရားကုန်းယာယီတပ်စခန်းကို စွန့်ခွာထွက်​ပြေးသွားကြပြီး စစ်​ကောင်စီတပ်မှထိခိုက်သေဆုံးမှုကိုမှု အ​ခြေအ​နေကိုမူမသိရသေးပေ။

သတင်း

လတ်တလောတွင် အဆိုပါကျောက်ထု - မင်းတပ်လမ်းနှင့် ဂန့်ဂေါ- ကျောလမ်းတို့ကို အသုံးပြု သွားလာခြင်းမပြုရန် ဒေသခံ PDFများက ကြေညာချက်ထုတ်ပြန်ထားသည်။