Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆိုင်ကယ်ဖြင့် ကင်းလှည့်​နေ​သော စစ်​ကောင်စီတပ်သားများအား ပဲခူးတိုင်း PDF တိုက်ခိုက်

မေလ ၁၅ရက် နေ့လယ် ၃နာရီခွဲခန့်တွင် ပြည်ခရိုင် ပေါင်းတည်မြို့နယ် ကြို့ပင်ကျေးရွာအုပ်စု သဖန်းကုန်း – တာပွန် လမ်းပိုင်း၌ ဆိုင်ကယ်သုံးစီးဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေး တပ်ရင်းအမှတ်(၃၆၀၁)တပ်ခွဲ – ၃က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆိုင်ကယ်ဖြင့်ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်း PDFက သတင်းထုတ်ပြန်သည်။

မေလ ၁၅ရက် နေ့လယ် ၃နာရီခွဲခန့်တွင် ပြည်ခရိုင် ပေါင်းတည်မြို့နယ် ကြို့ပင်ကျေးရွာအုပ်စု သဖန်းကုန်း – တာပွန် လမ်းပိုင်း၌ ဆိုင်ကယ်သုံးစီးဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေး တပ်ရင်းအမှတ်(၃၆၀၁)တပ်ခွဲ – ၃က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်သားများ၏ ဆိုင်ကယ်အနီးသို့ ရုတ်တရက်ရောက်ရှိလာသော ပြည်သူနှစ်ဦးဒဏ်ရာအနည်းငယ်ရရှိခဲ့သောကြောင့် စိတ်မကောင်းကြောင်း နှင့် အနူးအညွှတ်တောင်းပန်ကြောင်း ပဲခူးတိုင်း PDF က အသိပေးထားသည်။

ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးပစ်မှတ် ၊ အုပ်ချုပ်ရေးပစ်မှတ် ၊ စီးပွားရေးပစ်မှတ်များအား ပြင်းထန်စွာတိုက်ခိုက်မည်ဟု သတင်းထုတ်ပြန်ထားပြီး ပြည်သူလူထုအနေဖြင့် စစ်ကောင်စီ၏ အဆိုပါ ပစ်မှတ်များနှင့် နီးကပ်စွာသွားလာလှုပ်ရှားနေထိုင်ခြင်းမျိုး မပြုရန် မေတ္တာရပ်ခံထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

တိုက်ပွဲတွင် ပြည်သူ့ရဲဘော်များအားလုံး ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့သော်လည်း တိုက်ခိုက်ခံခဲ့ရသည့် စစ်တပ်သည် ပိတောက်ကန် ကျေးရွာမှ ပြည်သူငါးဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၇လုံးကို ယမန်နေ့ ညပိုင်းက မီးရှို့ခဲ့ ကြောင်းလည်း သိရသည်။

သတင်း

အထိနာခဲ့သောစစ်ကောင်စီတပ်သည် လက်နက်ကြီးဆက်တိုက်ပစ်ကူခြင်း ၊တိုက်ဂျက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲခြင်း ၊ ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်ခြင်းတို့ပြုလုပ်ကာ ညနေအထိတိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

သတင်း

ယနေ့ ဖျက်ဆီးခဲ့သည့် စစ်ကောင်စီထုတ်ကုန်များအနက် Dagon အနီ၊အ၀ါ၊အစိမ်း၊ မု​ယော ၄၅ဖာ ၊Army Rum 7 ဖာ၊ Red Ruby နှစ်ကတ်၊ Premium Gold ၈ဘူး၊Myanmar Rum ပိုင်း ၁၆လုံး၊ Myanmar Beer ပုလင်းတစ်ကတ်နှင့် Adaman...

သတင်း

တိုက်ခိုက်မှုကိုမြိုင် PDFနှင့်အတူဂဠုန်ပြည့်သူကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး PDF တပ်ဖွဲ့ဝင်များအထိအခိုက်မရှိဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။