Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲ PDFက စစ်ကောင်စီထုတ်ကုန်များအား ကွင်းဆင်းစစ်ဆေးပြီး အရေးယူမှုပြုလုပ်

ယနေ့ ဖျက်ဆီးခဲ့သည့် စစ်ကောင်စီထုတ်ကုန်များအနက် Dagon အနီ၊အ၀ါ၊အစိမ်း၊ မု​ယော ၄၅ဖာ ၊Army Rum 7 ဖာ၊ Red Ruby နှစ်ကတ်၊ Premium Gold ၈ဘူး၊Myanmar Rum ပိုင်း ၁၆လုံး၊ Myanmar Beer ပုလင်းတစ်ကတ်နှင့် Adaman Gold ခြောက်ဖာ ပါဝင်သည်။

ဓာတ်ပုံ - မိုးဗြဲ PDF

စစ်ကောင်စီထုတ်ကုန်များအား ကွင်းဆင်းစစ်ဆေးဖျက်ဆီးအရေးယူမှုပြုလုပ်ခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ယနေ့(မေ ၁၅ ရက်)တွင် ထုတ်ပြန် သည်။

၎င်းတို့ တပ်ဖွဲ့ နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF(B-03)တို့ပူးပေါင်းကာ မိုးဗြဲမြို့နယ်အတွင်းရှိကျေးရွာ ရပ်ကွက်များတွင်စစ်ကောင်စီထုတ်ကုန်များအား ရောင်းချခြင်းရှိ၊မရှိ စျေးဆိုင်ခန်းများကို စစ်ဆေးခဲ့သည်ဟု ဆိုသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးနေစဥ် ဆိုင်ခန်းတစ်ချို့မှ စစ်ကောင်စီထုတ်ကုန်များအား ဆက်လက်ရောင်း ချမှုများတွေ့ရသောကြောင့် သိမ်းယူဖျက်ဆီးမှုများပြုလုပ်ခဲ့ကာ သက်ဆိုင်ရာဆိုင်ခန်းပိုင်ရှင်များအား ​နောက်ထပ်ရောင်းချခြင်းမပြုလုပ်ရန်အတွက် ထပ်မံသတိပေးမှုများပြုလုပ်ခဲ့ကြောင်း အသိပေးသည်။

ထို့အပြင် မိုးဗြဲမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချနေကြသည့် စျေးဆိုင်များ ကုန်စုံဆိုင်များကိုလည်း သွားရောက်စစ်ဆေးရာတွင်လည်း စစ်ကောင်စီထုတ်ကုန်များကို ဆက်လက်ရောင်းချမှုများရှိနေသည့်အတွက် သိမ်းယူဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။

ထို့ကြောင့် မိုးဗြဲမြို့ပေါ်ရှိ ရပ်ကွက်များသာမကကျေးရွာများတွင် စျေးဆိုင်များဖွင့်လှစ်ရောင်းချနေကြသည့် စျေးဆိုင်ပိုင်ရှင်များအနေဖြင့် စစ်ကောင်စီထုတ်ကုန်များကို ထပ်မံတင်သွင်းရောင်းချခြင်းများမပြုလုပ်ရန် မိုးဗြဲ PDFက မေတ္တာရပ်ခံသည်။

ဓာတ်ပုံ – မိုးဗြဲ PDF

လိုက်နာမှုမရှိပါက ထိရောက်သော အရေးယူမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး သွေးစွန်းငွေမဖြစ်ရန်အတွက်လည်း သတိပေးသည်။

ယနေ့ ဖျက်ဆီးခဲ့သည့် စစ်ကောင်စီထုတ်ကုန်များအနက် Dagon အနီ၊အ၀ါ၊အစိမ်း၊ မု​ယော ၄၅ဖာ ၊Army Rum 7 ဖာ၊ Red Ruby နှစ်ကတ်၊ Premium Gold ၈ဘူး၊Myanmar Rum ပိုင်း ၁၆လုံး၊ Myanmar Beer ပုလင်းတစ်ကတ်နှင့် Adaman Gold ခြောက်ဖာ ပါဝင်သည်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)မှ စစ်ကောင်စီထုတ်ကုန်များကို တင်သွင်းရောင်းချခြင်း မပြုလုပ်ရန်အတွက် ဧပြီ ၂၁ရက်တွင် စတင်ကြေညာခဲ့ပြီး ဧပြီ၂၆ ရက်တွင် စျေးဆိုင်များကုန်စုံဆိုင်များကို လိုက်လံအသိပေး ကြေညာစာကပ်ခဲ့သည်။

“မိမိတို့၏အမြတ်ငွေသည် သွေးစွန်းငွေမဖြစ်ဖို့ရန်အတွက် အထူးသတိပြုစေလိုပါသည်။စစ်အာဏာရှင် စနစ်ကို အသက်နဲ့ရင်းပြီး တွန်းလှန်တိုက်ခိုက်နေကြသည့် ကျွန်တော်တို့ MBPDF အပါအဝင် KNDFနှင့် မိတ်ဖက်တော်လှန်ရေးအင်အားစုများအား စစ်ကောင်စီထုတ်ကုန်များကို ထပ်မံမရောင်းချခြင်းအားဖြင့် ကူညီပေးကြပါရန် မိဘပြည်သူများကို အထူးမေတ္တာရပ်ခံလိုပါသည်”ဟု မိုးဗြဲPDFက ‌တောင်းဆိုထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

မေလ ၁၅ရက် နေ့လယ် ၃နာရီခွဲခန့်တွင် ပြည်ခရိုင် ပေါင်းတည်မြို့နယ် ကြို့ပင်ကျေးရွာအုပ်စု သဖန်းကုန်း - တာပွန် လမ်းပိုင်း၌ ဆိုင်ကယ်သုံးစီးဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေး တပ်ရင်းအမှတ်(၃၆၀၁)တပ်ခွဲ - ၃က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ခလရ (၂၇၄)တပ်ရင်းတွင် စစ်ကောင်စီယာဉ်တန်းမှ ယာဉ် ၆၈ စီးနေရာခွဲပြီး ရပ်နားထားကြောင်း၊ အဆိုပါ တပ်ရင်းရှိ ရဟတ်ယာဉ်ကွင်းအနီးတွင် ပီပါပုံးများဖြင့် ကာထားသော လက်နက်ကြီးများမှာ(၁၂၀) မမနှင့် စက်သေနတ်များ ဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။

သတင်း

စစ်ကောင်စီတပ်မှ လက်ရှိတွင် မှန်ထောင်ဘုရားကုန်းယာယီတပ်စခန်းကို စွန့်ခွာထွက်​ပြေးသွားကြပြီး စစ်​ကောင်စီတပ်မှထိခိုက်သေဆုံးမှုကိုမှု အ​ခြေအ​နေကိုမူမသိရသေးပေ။

သတင်း

​ခလရ ၂၇၄ ကို အ​ပေါ်က​နေ ဒရုန်းနဲ့ရိုက်ကူးတဲ့အချိန်မှာ စစ်​ကောင်စီတပ်က ​သေနတ်နဲ့ ပစ်ခတ်ခဲ့​သေးတယ်လို့လည်းသူကဆိုပါတယ်။ ဒရုန်းရိုက်ကူးမှု​တွေက ​ကောင်းမွန်တဲ့အတွက် ခလရ ၂၇၄ ရဲ့ ​အ​ခြေအ​နေကို စိတ်ဝင်စားသူ​တွေ​​ကောင်း​ကောင်း​လေ့လာနိုင်ပါတယ်။