Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျင်​ဒွေးမြို့သို့ ကားနှင့်ဆိုင်ကယ်များသွားလာခွင့်​အကန့်အသတ်မရှိ ပိတ်ပင်​ကြောင်းCDF ကန်ပက်လက်ထုတ်ပြန်

ကျင်ဒွေးမြို့ပေါ်တွင်နေထိုင်သူ အများစု ပြည်သူလူထုနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ စစ်ကောင်စီအလိုကျဆောင်ရွက်နေသည်ဟုလည်း CDF(ကန်ပက်လက်)ကလူထုသို့အသိ​ပေးထားသည်။

၂၀၁၉ ဧပြီ ၅ ရက်တွင် ကျင်​ဒွေးမြို့ဖွင့်ပွဲပြုလုပ်စဥ်

●တားမြစ်ထား​သောတင်ဒါလုပ်ငန်းလုပ်ကိုင်​နေပြီး တင်ဒါအ​ကြောင်းပြ၍ စစ်တပ်အတွက်ရိက္ခာနှင့် ပစ္စည်းသယ်​ပေး​နေ​သော​ကြောင့်ပိတ်ပင်ခြင်းဟုတာဝန်ရှိသူ​ပြော

စစ်ကောင်စီ ယန္တယားလည်ပတ်နိုင်ရေး တင်ဒါလုပ်ငန်းများ မလုပ်ရန်တားမြစ်ထားသည့်ကြားမှ ဆက်လုပ်နေ​သောကြောင့်ကန်ပလက်မြို့နယ်ရှိ ကျင်ဒွေးမြို့သို့ ကားနှင့်ဆိုင်ကယ်သွားလာခွင့်ကို မေ ၁၅ရက်ကစတင်ပြီးအကန့်အသတ်မရှိ ပိတ်ပင်ကြောင်း CDF(ကန်ပက်လက်)ကထုတ်ပြန်ကြေညာလိုက်သည်။

ချင်းပြည်နယ် တစ်ခုလုံးတွင် စစ်​ကောင်စီလက်​အောက်မှတင်ဒါလုပ်ငန်းများ လုပ်ဆောင်ခြင်းမပြုရန် CJDC(ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ) က ၂၀၂၁ စက်တင်ဘာ ၃၀ နှင့် ၂၀၂၂ ဧပြီ၁၂ ရက်တျု့တွင် နှစ်ကြိမ်တိုင်တားမြစ်ထားပြီး ကန်ပက်လက်မြို့တွင် ၂၀၂၁ ဒီဇင်ဘာ ၁၆ ရက်ကတည်းက မည့်သည့်ကုမ္ပဏီလုပ်ငန်းများ လုပ်ငန်းမလုပ်ကိုင်ရန် တားမြစ်ထားပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

CDF ကန်ပက်လက်ထုတ်ပြန်ချက်

“တင်ဒါလုပ်ငန်းတွေကို အကြောင်းပြပြီးစစ်ကောင်စီရဲ့ တပ်စခန်းတွေ ရိက္ခာတွေ၊ ပစ္စည်းတွေ ကူသယ်ပေးနေလို့ တားမြစ်ရတာပါ ”ဟု CDF(ကန်ပက်လက်) တာဝန်ရှိသူကဆိုထားသည်။

ကျင်ဒွေးမြို့ပေါ်တွင်နေထိုင်သူ အများစု ပြည်သူလူထုနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ စစ်ကောင်စီအလိုကျဆောင်ရွက်နေသည်ဟုလည်း CDF(ကန်ပက်လက်)ကလူထုသို့အသိ​ပေးထားသည်။

ထိုကြောင့် ကျင်ဒွေးမြို့ကို သွားမည့် ကားနှင့် ဆိုင်ကယ်များကို ပိတ်ပင်ကြောင်းနှင့် ခွင့်ပြုချက်မရှိဘဲ သွားလာခြင်းကြောင့်ဖြစ်ပေါ်လာမည့် အကျိုးဆက်သည် မိမိတို့တာဝန်သာဖြစ်သည်ဟု CDF(ကန်ပက်လက်)ကသတိ​ပေးထားသည်။

ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျင်​ဒွေးကို ​ကျေးရွာအဆင့်မှ မြို့အဖြစ် ၂၀၁၉ ဧပြီ ၅ ရက်တွင် အရပ်သားအစိုးရကဖွင့်လှစ်​ပေးခဲ့ခြင်းဖြစ်သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

စစ်ကောင်စီတပ်အနေဖြင့်လည်း ယခုကဲ့သို့ စစ်ယာဉ်တန်းများ၏ ခရီးစဉ် ပြီးဆုံးပါက မင်းတပ်နယ်မြေအတွင်း စစ်ကြောင်းထိုး ထိုးစစ်ဆင်မှုများလုပ်ဆောင်လေ့ရှိသည်ဟု ၎င်းက ဆိုသည်။

သတင်း

မင်းတပ်မြို့နှင့် ၁၄မိုင်ခန့်အကွာတွင် မေလ ၁၂ရက် ညနေပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ရာ ပဒေသာ မိုင်း ဖြင့် ၂ကြိမ် တိုက်ခိုက်ခဲ့ပြီး တူမီးမောင်းပြန်များဖြင့်လည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများကြောင်း ဖော်ပြထားသည်။

သတင်း

မတူပီမှ ဧပြီ ၂၇ရက်က စတင်ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို မင်းတပ် CDFက ဧပြီ ၃၀ရက်မှ ယနေ့အထိ နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာပြီး အချို့နေရာတွင် ၆ မိုင်ခရီးကို ၂ရက်ခန့်သွားနေသည်ဟု ဆလိုင်းဟာအွမ်က ဆိုသည်။

သတင်း

“ရာသီဥတုသာမဆိုးရင် မှိုင်းမတိုက်ခဲ့ရင် ဒီထက်ပိုပြီး မိုင်းဆွဲတိုက်ခိုက်နိုင်မယ်။ ဒီထက်ပိုပြီး တိုက်ပွဲပြင်းထန်မယ်။ ရာသီဥတုကြောင့် ကျွန်တော်တို့ အများကြီးနစ်နာသွားတယ်”ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။