Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထားဝယ်အ​ရှေ့ပိုင်း​ဒေသအချို့တွင် စစ်​ရေးတင်းမာ၊​ ကျေးရွာအချို့ကို လက်နက်ကြီးပစ်​နေ၍​ဒေသခံများထွက်​ပြေး

ထားဝယ်မြို့နယ်၊ ဘဝပင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (မေ ၁၅ ရက်) ညနေ ၃နာရီခန့်က ကင်းထောက်လေယာဉ် ပျံသန်းပြီးနောက် ကျေးရွာထဲသို့ လက်နက်ကြီး အချက် ၂၀ ခန့်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

ထားဝယ်မြို့နယ်အရှေ့ပိုင်း​ဒေသများတွင် စစ်ရေးတင်းမာလျက်ရှိပြီး စစ်ကောင်စီတပ်က ကျေးရွာအချို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့်ဒေသခံရွာသား ၄၀၀ကျော်က ဘေးလွတ်ရာသို့ ထွက်​ပြေးတိမ်း​ရှောင်နေရသည်ဟု ဒေသခံများကပြောသည်။

ထားဝယ်မြို့နယ်၊ ဘဝပင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (မေ ၁၅ ရက်) ညနေ ၃နာရီခန့်က ကင်းထောက်လေယာဉ် ပျံသန်းပြီးနောက် ကျေးရွာထဲသို့ လက်နက်ကြီး အချက် ၂၀ ခန့်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

“ရွာသေးသေးလုံးကို ဗုံးတီးနေသလိုဘဲ တအုံးအုံးနဲ့ ပစ်နေတာ၊ ဘာမှ တောင်ယူချိန်မရဘူး ထွက်ပြေးကြရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုပြင် ဝကုန်းရွာနှင့် ကျောက်မဲတောင်ရွာများတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များက သေနတ်ပစ်ဖောက်ပြီး PDFများကို ထုတ်ပေးရန် ကျေးရွာသားများကို ခြိမ်းခြောက်နေသည်ဟုလည်း ဒေသခံများက​ပြောသည်။

​ထားဝယ်မြို့နယ်၊​ကျောက်မဲ​တောင်​ကျေးရွာရှိ ကျောက်မဲ​တောင်ရဲစခန်းအား ပြည်သူ့ကာကွယ်​ရေးတပ်မတော်(ထားဝယ်ခရိုင်)နှင့် ပြည်သူ့ကာကွယ်​ရေးအဖွဲ့များ ပူး​ပေါင်း၍ ​မေ၁၄ရက်​(ယမန့်နေ့)နံနက် ၉နာရီခန့် တွင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ထားဝယ်မြို့အရှေ့ဘက်ရှိ မေတ္တာမြို့အနီးအနားရွာများကို စစ်အင်အား အလုံးအရင်းဖြင့် တိုးချဲ့နေခြင်းဖြစ်သည်။

ဒေသခံကာကွယ်ရေးတပ်များ ရှိနိုင်သည်ထင်​သောကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း ဒေသခံများကပြောသည်။

​မေ ၁၅ ရက်ကျောက်မဲတောင်ရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ စစ်သားနှစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

PDFများဘက်မှလည်း ရဲ​ဘော် နှစ်ဦးကျဆုံးခဲ့သည်။ ကျဆုံးခဲ့​သော ရဲ​​ဘော် နှစ်ဦးတွင် T1 Zone မှ ရဲ​​ဘော်ဂျပန် ပါဝင်ပြီး ကျဆုံးခဲ့​သောရဲ​​ဘော်အတွက် ဝမ်းနည်း​ကြောင်း ဂုဏ်ယူ​ကြောင်းနှင့် ​နွေဦးသူရဲ​ကောင်းအဖြစ် ​တောင်ပိုင်းတိုင်းစစ်ဌာန ၊တနသာ်ရီစစ်​ဒေသခွဲ မှ ဂုဏ်ပြုခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ယခင်က စစ်ကောင်စီယာဉ်တန်းများ မင်းတပ်မှ ပြန်လာတိုင်း CDF လှုပ်ရှားရာဒေသသို့ ထိုးစစ်ဆင်လေ့ရှိ၍ ယခုတစ်ကြိမ်တွင်လည်း ထိုးစစ်ဆင်လာနိုင်ကြောင်း၊ ခုခံတိုက်ခိုက်ရန် အသင့်ပြင်ထားကြောင်း ၎င်းကဆိုသည်။

သတင်း

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတချို့ကို စစ်ကောင်စီက ဖမ်းဆီးမှုတွေရှိပြီး ကျေးရွာတွေထဲကို စစ်ကောင်စီတပ်တွေရောက်ရှိလာလို့ ဒေသခံရွာသားတွေအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

သတင်း

စစ်တပ်နှင့် ပျူများဘက်မှ ထိခိုက်သေဆုံးမှု အသေးစိတ်မသိရသေးဘဲ ၎င်းတို့က လက်နက်ကြီးဖြင့် သုံးချက် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များအားလုံး ထိခိုက်မှုမရှိ ဆုတ်ခွာခဲ့သည်ဟု မဟာမိတ်တို့ကဆိုသည်။

သတင်း

RPG နှစ်လက်နှင့် ထိပ်ဖူးကျည်များဝယ်ယူမည့်Project -7အတွက် ရံပုံငွေ ကျပ်သိန်းတစ်ထောင် လိုအပ်သော်လည်း တစ်ပတ်ခန့်အတွင်း သိန်းသုံးရာကျော်သာ ရရှိသေးသည်ဟု မေလ ၁၃ရက်အထိ အခြေအနေကို အသိပေးထားပြီး အာရုံစိုက်လှူဒါန်းပေးကြရန် ကိုညီသုတက ​မေတ္တာရပ်ခံထားသည်။