Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘီးလင်းမှာ ညက တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်စလုံးထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဆို

ကေအဲန်ယူ-ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ ၁ တပ်ရင်း ၂ ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီတပ်ဖွဲ့တွေ့ နယ်မြေကျူးကျော်ရောက်ရှိလာတာကြောင့် KNLA ပူးပေါင်းအဖွဲ့နဲ့ ထိတွေ့မှုဖြစ်ပွါးပြီး တိုက်ပွဲပြင်းထန်ခဲ့တာလို့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုက ဆိုထားပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာအနီးမှာ မနေ့က KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတို့အကြား ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ တပ်မဟာ ၁ နယ်မြေမှာရှိတဲ့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုထံကနေ သိရပါတယ်။

မနေ့ မေလ ၁၇ရက် မနက် ၈ နာရီခန့်ကစတင်ပြီး ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာအနီးမှာ KNLA PDF ပူးပေါင်းတပ်ဖွဲ့ စစ်ကောင်စီတပ်တို့အကြား ထိ‌တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၂နာရီခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီ ဘက်မှ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကာ KNLA PDF ပူးပေါင်းတပ်ဖွဲ့ ဘက်ကတော့ တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံးခဲ့ရကာ တစ်ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုထံက ဆိုပါတယ်။

ကေအဲန်ယူ-ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ ၁ တပ်ရင်း ၂ ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီတပ်ဖွဲ့တွေ့ နယ်မြေကျူးကျော်ရောက်ရှိလာတာကြောင့် KNLA ပူးပေါင်းအဖွဲ့နဲ့ ထိတွေ့မှုဖြစ်ပွါးပြီး တိုက်ပွဲပြင်းထန်ခဲ့တာလို့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုက ဆိုထားပါတယ်။

ကေအဲန်ယူ ဒူးသထူခရိုင် တပ်မဟာ ၁ နယ်မြေအတွင်းရှိ သထုံ ဘီးလင်းမြို့နယ်တွေမှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်းစီတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွါးလျက်ရှိနေတယ်လို့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ကျဆုံးသွားသော သူရဲကောင်း အောင်ရွှေ အားအလေးနီပြုပြီးကျန်ရှိသော ရဲဘော်များမှ စစ်အာဏာရှင်ကို ဆက်လက်တွန်းလှန်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

​သေ​ဘောဘိုး​ဒေသမှ စစ်​ကောင်စီတပ်စခန်းကိုဆုတ်ခွာရန် သတိ​ပေး​သော်လည်း မဆုတ်ခွာဘဲ အင်အားထပ်တိုးလာသဖြင့် ​KNU ဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များက ​မေ ၁၇ မှစ၍ စခန်းကိုသွား​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

နာမည်ကြီး တေးရေး၊အဆိုတော်ထူးအိမ်သင် ရေးသားပြီး မွန်းအောင်သီဆိုထားသည့် "သွေးသစ္စာ"သီချင်းသည်စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီလှုပ်ရှားမှုများတွင် ပြည်သူလူထုအား စိတ်ခွန်အားပေးသည့် သီချင်းတစ်ပုဒ် ဖြစ်လာသည်။

သတင်း

ဧပြီ ၂၄ ရက် ထားဝယ်မြို့နှင့် ဆယ်မိုင်ခန့်သာ ဝေးသည့် ပကာရီရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ထားဝယ်အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းကာ စစ်ရေးတင်းမာလျက်ရှိသည်။