Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြ၀တီမြို့နယ် သေဘောဘိုးဒေသတိုက်ပွဲ စစ်ကောင်စီတပ် လေယာဉ်များဖြင့်အကြိမ်​ရေများစွာတိုက်ခိုက်

​သေ​ဘောဘိုး​ဒေသမှ စစ်​ကောင်စီတပ်စခန်းကိုဆုတ်ခွာရန် သတိ​ပေး​သော်လည်း မဆုတ်ခွာဘဲ အင်အားထပ်တိုးလာသဖြင့် ​KNU ဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များက ​မေ ၁၇ မှစ၍ စခန်းကိုသွား​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် သေဘောဘိုးဒေသ၌ ကရင်အမျိုးသားအစည်း အရုံး(KNU)ဦးဆာင်သည့် ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ကစ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ယနေ့တွင် လေကြာင်းမှအကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်လာနေသည်ဟု ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်မှူးတစ်ဦးက ပြောသည်။

​သေ​ဘောဘိုး​ဒေသမှ စစ်​ကောင်စီတပ်စခန်းကိုဆုတ်ခွာရန် သတိ​ပေး​သော်လည်း မဆုတ်ခွာဘဲ အင်အားထပ်တိုးလာသဖြင့် ​KNU ဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များက ​မေ ၁၇ မှစ၍ စခန်းကိုသွား​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

“ခုပစ်နေတုန်းပဲ။ အဲဒါက ကျွန်တော်တို့လူက သွားတိုက်တာ။ ကျွန်တော်တို့က ပြန်ဆုတ်လို့ပြောထားတာ သူတို့(စစ်​ကောင်စီတပ်)က မဆုတ်တော့ သူတို့ တပ်အင်အားထပ်တိုးလာလို့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

PDF တပ်ရင်းမှူးတစ်ဦးကလည်း“သေဘောဘိုးမှာ မနေ့ကကတည်းက ဖြစ်တာပေါ့။ လေယာဉ်ကတော့ ၁၁ကြိမ် ၊ ၁၂ကြိမ်လောက်ပဲ။ ပထမသိရတာတော့ ဖိုက်တာတစ်စီးနဲ့ ရဟတ်ယာဉ် နှစ်စီးပေါ့။ အခုနောက်ထပ်ဖိုက်တာ နှစ်စီးလောက်တက်သွားတယ်လို့ သိရတယ်။”ဟု ပြောသည်။

အဆိုပါဒေသသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေဖြစ်သည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုကို KNUဗဟို သတင်းရင်းမြစ်က အတည်ပြုသော်လည်းအသေးစိတ် အခြေအနေများမသိရသေးဟု ပြောသည်။စစ်​ကောင်စီတပ်သည်အထိနာလျှင် ​လေ​ကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်​လေ့ရှိသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

မြ၀တီမြို့နယ် သေ့ဘောဘိုး ဒေသ တိုက်ပွဲ၌ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်း အများအပြားရရှိကြောင်း စစ်မြေပြင်မှ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မှူးတစ်ဦးက ပြောကြားသည်။

သတင်း

ရတနာပြပွဲတွေမှာ ပါဝင်တဲ့ပုဂ္ဂလိက ကုမ္ပဏီတွေ ၊အရောင်းဆိုင်တွေကိုလည်း မှတ်တမ်းတင်ထားပြီး အမည်ပျက်စာရင်းသွင်းတာ ၊လုပ်ငန်း လုပ်ကိုင်ခွင့်ပိတ်သိမ်းတာတွေ လုပ်မယ်လို့ လည်းသိရပါတယ်။

သတင်း

ကျဆုံးသွားသော သူရဲကောင်း အောင်ရွှေ အားအလေးနီပြုပြီးကျန်ရှိသော ရဲဘော်များမှ စစ်အာဏာရှင်ကို ဆက်လက်တွန်းလှန်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

မေလ ၁၅ ရက်ကလည်း မုံရွာမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ထုတ်ကုန် မြန်မာစည်ဘီယာများ ရောင်းချနေသော ဆိုင်လေးဆိုင်အနက်မှ သုံးဆိုင်အား လက်ပစ်ဗုံးသုံးလုံးဖြင့် ပစ်ခတ်သတိပေးခဲ့ကြောင်း Monywa Heroes Groupက အသိပေးသည်။