Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကျောက်မျက်ပြပွဲမှာ ဝယ်ယူသူတွေကို ခိုးရာပါပစ္စည်းလက်ခံမှုနဲ့ NUG အရေးယူမယ်

ရတနာပြပွဲတွေမှာ ပါဝင်တဲ့ပုဂ္ဂလိက ကုမ္ပဏီတွေ ၊အရောင်းဆိုင်တွေကိုလည်း မှတ်တမ်းတင်ထားပြီး အမည်ပျက်စာရင်းသွင်းတာ ၊လုပ်ငန်း လုပ်ကိုင်ခွင့်ပိတ်သိမ်းတာတွေ လုပ်မယ်လို့ လည်းသိရပါတယ်။

စစ်ကောင်စီလက်ထက်မှာပြုလုပ်တဲ့ ကျောက်မျက်ရတနာပြပွဲတွေမှာ ဝယ်ယူခဲ့သူတွေကို ခိုးရာပါ ပစ္စည်း လက်ခံမှုနဲ့အမှုဖွင့်အရေးယူသွားဖို့ရှိတယ်လို့ NUG ရဲ့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒီနေ့ရက်စွဲနဲ့ အသိပေးကြေညာချက်ထုတ်ပြန်ပါတယ်။

အဲဒီကြေညာအရ စစ်ကောင်စီ ရဲ့ကျောက်မျက်ပြပွဲတွေမှာ ဝယ်ယူခဲ့သူတွေကို ဝယ်ယူချိန်က ပေးချေခဲ့တဲ့ တန်းဖိုး ၂ ဆကို နိုင်ငံတော်ထံ ပြန်လည်ပေးလျော်ရမှာဖြစ်တဲ့အပြင် ခိုးရာပါပစ္စည်းလက်ခံမှုနဲ့အမှုဖွင့်မယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် နိုင်ငံပိုင်ကျောက်မျက်ရတနာ၊ လက်ဝတ်ရတနာ ၊ ပုလဲအတွဲတွေကို ရောင်းချရာမှာ အဓိက တာဝန်ရှိတဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကို နိုင်ငံတော်ပိုင်ပစ္စည်းအလွဲသုံးမှုနဲ့အရေးယူမယ်လိုNUG က သတိပေးထားပါတယ်။

ရတနာပြပွဲတွေမှာ ပါဝင်တဲ့ပုဂ္ဂလိက ကုမ္ပဏီတွေ ၊အရောင်းဆိုင်တွေကိုလည်း မှတ်တမ်းတင်ထားပြီး အမည်ပျက်စာရင်းသွင်းတာ ၊လုပ်ငန်း လုပ်ကိုင်ခွင့်ပိတ်သိမ်းတာတွေ လုပ်မယ်လို့ လည်းသိရပါတယ်။

စစ်ကောင်စီဟာပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းနဲ့ ဒီနှစ်ဧပြီအတွင်းနေပြည်တော်မှာ ကျောက်မျက်ပြပွဲကျင်းပခဲ့တာရှိပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အခွန်ဆောင်သည့်လုပ်ငန်းရှင်များတွင် သာမာန်စတိုးဆိုင်ပိုင်ရှင်အဆင့်များသာ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ ထိုကြောင့် လုပ်ငန်းရှင်ကြီးများအနေဖြင့် NUGကို တရားဝင်အခွန်ဆောင်ရန် စာပေးပို့သွားမည်ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

သတင်း

NUGက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင်ဆိုင်ထားသည့် အင်းယားလမ်း၊ အိမ်နံပတ်(၁၄)ကို အ​မေရိကန်ဒေါ်လာ ၁၀သန်းသတ်မှတ်ပြီး ရှယ်ယာစနစ်ဖြင့်ရောင်းချနေသည်။

သတင်း

မြ၀တီမြို့နယ် သေ့ဘောဘိုး ဒေသ တိုက်ပွဲ၌ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်း အများအပြားရရှိကြောင်း စစ်မြေပြင်မှ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မှူးတစ်ဦးက ပြောကြားသည်။

သတင်း

​သေ​ဘောဘိုး​ဒေသမှ စစ်​ကောင်စီတပ်စခန်းကိုဆုတ်ခွာရန် သတိ​ပေး​သော်လည်း မဆုတ်ခွာဘဲ အင်အားထပ်တိုးလာသဖြင့် ​KNU ဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များက ​မေ ၁၇ မှစ၍ စခန်းကိုသွား​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။