Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပွင့်ဖြူမှ စစ်​ကောင်စီတပ်စစ်​ဆေး​ရေးဂိတ်အနီးမိုင်းဆွဲတိုက်ခိုက်ရာ ရဲနှစ်ဦးဒဏ်ရာရ

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သား၊ ရဲ၊စစ်‌ကောင်စီခန့်အုပ်ကြီး၊ ဒလန်သတင်းပေးများနှင့် အနီးကပ်မနေကြရန်နှင့် စစ်ကောင်စီကို အရှိန်ဟုန်မြှင့်ဆက်လက်တိုက်ခိုက်သွားမည်ဟု PDF ပွင့်ဖြူက ပြောသည်။

(၂၀၂၁ ခုနှစ် မတ်လအတွင်းက ပွင့်ဖြူမြို့နယ်၌ ရန်ပွဲတစ်ခုဖြစ်ပွားစဥ် တွေ့မြင်ရသော ရဲတစ်ဦးနှင့် ပြည်သူများ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်အနီး မိုင်းဆွဲတိုက်ခိုက်ရာ ရဲနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ပြည်သူကာကွယ်ရေးအဖွဲ့-ပွင့်ဖြူက သတင်းထုတ်ပြန်သည်။

မေလ ၁၈ ရက် နံနက် ၈း ၃၂ အချိန်က ပွင့်ဖြူမြို့နယ် တောင်ဘက် စစ်ဆေးရေးဂိတ်အနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲနှစ်ဦးထိခိုက်ဒဏ်ရာရသွားပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ပြည်သူကာကွယ်ရေးအဖွဲ့-ပွင့်ဖြူက ပြောသည်။

ငွေအားလက်နက်အား မလုံလောက်ခြင်းကြောင့် ဆွဲမိုင်း Remote မိုင်းများဖြင့် အခွင့်ရေးရတိုင်း ကြိုးစားတိုက်ခိုက်နေကြောင်း၊ပြီးခဲ့သည့်ရက်ပိုင်းက မြို့တွင်းစစ်ဆင်ရေးများဖော်ဆောင်ခဲ့သော်လည်း ပြည်သူများနှင့်မလွတ်ကင်းသည့်အတွက် ဖျက်သိမ်းခဲ့ရကြောင်း ပြည်သူကာကွယ်ရေးအဖွဲ့-ပွင့်ဖြူက ပြောသည်။

ယမန်နေ့ကလည်း ပွင့်ဖြူအရှေ့ပိုင်းရပ်ကွက် စစ်ကောင်စီခန့် အုပ်ကြီးအိမ်တွင် ခွဲမိုင်းစီစဉ်ထားသော်လည်း ပြည်သူများနှင့် မလွတ်ကင်းသောကြောင့် နောက်ဆုတ်ခဲ့ရသည်ဟု PDF ပွင့်ဖြူက ဆိုသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သား၊ ရဲ၊စစ်‌ကောင်စီခန့်အုပ်ကြီး၊ ဒလန်သတင်းပေးများနှင့် အနီးကပ်မနေကြရန်နှင့် စစ်ကောင်စီကို အရှိန်ဟုန်မြှင့်ဆက်လက်တိုက်ခိုက်သွားမည်ဟု PDF ပွင့်ဖြူက ပြောသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ PDF-ပွင့်ဖြူထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

PDF-ပွင့်ဖြူသည် မတ်လ ၁၈ ရက်နေ့ညပိုင်းက ပွင့်ဖြူမြို့နယ်၊ အနောက်လေးအိမ်နှင့် မကြီးစုကျေးရွာတစ်ဝိုက်တွင် ကင်းလှည့်လာသော အကြမ်းဖက်စစ်တပ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့သ​ည်ဟု သိရသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်တပ်မှ မီးရှို့နေစဥ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ အသေအပျောက်များနိုင်ကြောင်း၊ ထို့​နောက် စစ်​ကောင်စီတပ်က ညောင်ကားယားကျေးရွာအား ညနေ ၅နာရီဝန်းကျင်မှစ၍ မီးစရှို့ရာ ညပိုင်းအထိ လောင်ကျွမ်းခဲ့ပြီး ​နေအိမ် ၃၀ ခန့် မီး​လောင်ပျက်စီးခဲ့ကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။

သတင်း

စစ်‌ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသူ ၁၅ဦးခန့်အား သယ်ဆောင်ပြီး နောင်ကြီးအိုင်ရဲစခန်းတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး ဗိုလ်အဆင့်အပါအဝင် စစ်ကောင်စီတပ်သား ရှစ်ဦးခန့် သေဆုံးကြောင်း တပ်တွင်းသတင်းများမှတစ်ဆင့် ARA က အတည်ပြုသည်။

သတင်း

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား ခြောက်ဦး အရှင်ဖမ်းဆီးရမိပြီး သေဆုံးအရေအတွက်ကို အတည်ပြုချက် ရယူနေဆဲ ဖြစ်သည်ဟုဆိုသည်။ တိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှ တော်လှန်ရေးရဲဘော် သုံးဦး ကျဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် မေလ ၁၈ရက် နေ့ခင်းပိုင်းတွင် တိုက်လေယာဉ် နှင့် ရဟတ်ယာဉ်များ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြိမ် ၃၀ ​ကျော် ရှိသည်ဟုသိရသည်။