Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အနောက်နိုင်ငံတွေက သံအရာရှိတွေကို ရုရှား နှင်ထုတ်

ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာကြောင့် နှစ်ဖက် ဆက်ဆံရေး အအေးခဲ အတင်းမာဆုံး ဖြစ်နေခဲ့ပါတယ်။

နှစ်ဖက် ဆက်ဆံရေး တင်းမာလာချိန်မှာ ရုရှား အစိုးရဟာ အနောက်နိုင်ငံတွေက ဒါဇင်နဲ့ချီ များပြားတဲ့ သံတမန်ရေးရာ အရာရှိတွေကို နှင်ထုတ်လိုက်ပါတယ်။

စပိန်၊ ပြင်သစ်နဲ့ အီတလီတို့က သံရုံးဝန်ထမ်း ၈၅ ဦးဟာ ရုရှားကနေ ထွက်ခွာရမယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေက ရုရှား သံအမတ်တွေကို သူလျှိုမှုနဲ့ စွပ်စွဲ အကြောင်းပြပြီး ပြည်နှင်ဒဏ် ပေးခဲ့တာတွေကို လက်တုံ့ပြန်တဲ့ သဘောပါပဲ။

ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာကြောင့် နှစ်ဖက် ဆက်ဆံရေး အအေးခဲ အတင်းမာဆုံး ဖြစ်နေခဲ့ပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ မော်စကိုမှာ ပြင်သစ် သံအမတ် ပီယေးလီဗိုင်းကို ဆင့်ခေါ် တွေ့ဆုံပြီး ပြင်သစ် သံရုံးဝန်ထမ်း ၃၄ ဦးကို နှင်ထုတ်ကြောင်း အသိပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စပိန် သံရုံးက ဝန်ထမ်း ၂၇ ဦးနဲ့ အီတလီ သံရုံးက ၂၄ ဦးတို့ပါ ပြည်နှင် ခံရမယ့်အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

စပိန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဒီလုပ်ရပ်ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ အနုတ်လက္ခဏာဆန်တဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်လာမယ်လို့ ရုရှားကို သတိပေးခဲ့ပါတယ်။ အီတလီ ဝန်ကြီးချုပ် မာရီယို ဒရာဂီကလည်း ရုရှားရဲ့ လုပ်ရပ်ကို ရန်လိုမှု တစ်ခုလို့ ဝေဖန်ခဲ့ပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို စတင် ကျူးကျော် တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေက ရုရှားအပေါ် စီးပွားရေး အရရော၊ သံတမန်ရေး အရာပါ တုံ့ပြန် ပိတ်ဆို့ အရေးယူမှုတွေ ရှိလာသလို ယူကရိန်း အစိုးရကိုလည်း ငွေအား၊ လက်နက်အင်အား အလုံးအရင်း ထောက်ပံ့ ကူညီပေးနေကြပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

PDF တွေအတွက် အဓိက အားနည်းချက်ဟာ စစ်လက်နက်ခဲယမ်းမီးကျောက် ဖြစ်တယ်လို့ ဝန်ကြီးကဝန်ခံထားပါတယ်။စစ်လက်နက်ခဲယမ်း ဝယ်ယူဖို့ ၊ထုတ်လုပ်ဖို့ အတွက် လိုအပ်တဲ့ဘဏ္ဍာရန်ပုံငွေ ရှာဖွေတာ ၊ လက်နက်သယ်ယူ ဖြန့်ဝေ တပ်ဆင်ရာ မှာ စိန်ခေါ်မှုအခက်အခဲအများကြီးကြုံရတယ်လို့ ဝန်ကြီးကပြောဖူးပါတယ်။

ဗီဒီယို

ယာဉ်တန်းဟာ ဖင်လန်နဲ့ နယ်စပ်နားက ရုရှားမြို့ဖြစ်တဲ့ ဗိုင်ဘော့ဂ်ဆီ ဦးတည်နေခဲ့တာပါ။ ဖင်လန် အစိုးရက သူတို့ဟာ NATOနဲ့ ပေါင်းစည်းသွားမယ်လို့ ပြောကြားခဲ့ပြီး မကြာခင်မှာပဲ ဒီယာဉ်တန်းကို တွေ့ရတာလို့ မျက်မြင်တွေက ဆိုပါတယ်။

ဗီဒီယို

ဖင်လန်ကို လျှပ်စစ်ဓာတ်အား တင်ပို့မှု ဖြတ်တောက်လိုက်တာနဲ့ ပတ်သက်လို့ RAO Nordicက ဒါဟာ နှစ်ပေါင်း ၂၀ ကြာ ကုန်သွယ်မှု သမိုင်းကြောင်းတလျှောက် ပထမဆုံး ကြုံရတဲ့ ထူးခြားဖြစ်စဉ်လို့ ပြောပါတယ်။ RAO Nordicဟာ ဖင်လန်ရဲ့ ဓာတ်အား သုံးစွဲမှု ၁၀ ရာခိုင်နှုန်းလောက်ကို...

ဗီဒီယို

ရုရှားဟာ ယူကရိန်းနဲ့ စစ်ပွဲအတွင်းမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ တရားဝင် စွပ်စွဲချက်ကိုတော့ အရင်ကတည်းက ကြုံခဲ့ဖူးပြီးသားပါ။ ပြီးခဲ့တဲ့လမှာ ကနေဒါ လွှတ်တော်က ရုရှားရဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ထောက်ခံ ကြေညာခဲ့ပါတယ်။