Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သေ့ဘော့ဘိုးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ခြောက်ဦးအရှင်ဖမ်းမိ၊ လက်နက်မျိုးစုံ ၁၂လက်နှင့် ခဲယမ်းများရဟု ကော်ဘရာစစ်ကြောင်းအသိပေး

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား ခြောက်ဦး အရှင်ဖမ်းဆီးရမိပြီး သေဆုံးအရေအတွက်ကို အတည်ပြုချက် ရယူနေဆဲ ဖြစ်သည်ဟုဆိုသည်။ တိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှ တော်လှန်ရေးရဲဘော် သုံးဦး ကျဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

တော်လှန်ရေးရဲဘော် သုံးဦးကျဆုံး၊ စစ်ကောင်စီတပ်မှ လေယာဉ်မျိုးစုံ ခြောက်စီးဖြင့် ၃၅ကြိမ် တိုက်ခိုက်ခဲ့ဟုဆို

မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေ ကားလမ်းဘေး၊ သေ့ဘော့ဘိုးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ သေ့ဘော့ဘိုး စခန်းအား ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ဦး အရှင်ဖမ်းမိပြီး လက်နက်ကြီးလက်နက်ငယ်မျိုးစုံ ၁၂လက်ရရှိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

မေလ (၁၈)ရက် နံနက် ၉နာရီမှစ၍ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ ညနေ ၄နာရီအထိတိုက်ပွဲ ဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လေယာဉ်မျိုးစုံ စုစုပေါင်း ၆စီးသုံးပြီး လေကြောင်း တိုက်ခိုက်မှု ၃၅ကြိမ် ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ATR – 42 အမျိုးအစား ကင်းထောက်လေယာဉ်ဖြင့် ဝဲပျံလျက် အမောင်းသင်တိုက်ခိုက်ရေးလေယာဉ် Yak- 130 အမျိုးအစား (၂) စီး၊ဗုံးကြဲ‌ လေယာဉ်အမျိုးအစား K-8 လေယာဉ် (၂)စီး၊ ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် MiG -29 တစ်စီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား ခြောက်ဦး အရှင်ဖမ်းဆီးရမိပြီး သေဆုံးအရေအတွက်ကို အတည်ပြုချက် ရယူနေဆဲ ဖြစ်သည်ဟုဆိုသည်။ တိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှ တော်လှန်ရေးရဲဘော် သုံးဦး ကျဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ထံမှ ကနဦး သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများမှာ ၈၁ မမ တာဝေး စိန်ပြောင်း (၁)လက်၊ ၆၀ မမ တာဝေးစိန်ပြောင်း(၁)လက်၊ MA -10 အမျိုးအစား RPG (၁) လက်၊ ၆၀ မမကွန်မန်ဒိုစိန်ပြောင်း (၁)လက်၊ MG – 3 စက်လတ်(၁)လက်၊ MA – 2 (၄)လက်၊ MA – 3 (၂) လက်၊ MA – 5 (၁)လက် စုစုပေါင်း လက်နက်ကြီး လက်နက်ငယ် ၁၂လက် နှင့် ခဲယမ်းများ၊ နင်းမိုင်း နှင့် ဒရုန်း အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။

အရှင်ဖမ်းဆီးရမိသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များတွင် တပ်ကြပ်ကြီး နှစ်ဦး၊ တပ်ကြပ် တစ်ဦး၊ ဒုတပ်ကြပ် တစ်ဦး နှင့် တပ်သား နှစ်ဦးတို့ ပါဝင်ပြီး စစ်သုံ့ပန်း စည်းမျဉ်းဥပဒေနှင့်အညီ ကောင်းမွန်စွာထိန်သိမ်းကာ ဆေးကုသပေးထားသည်ဟု ထုတ်ပြန်သည်။

ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်း တပ်ဖွဲ့များမှ အဆိုပါဒေသအား နယ်မြေရှင်းလင်းရေး ဆက်လက် ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်တပ်မှ မီးရှို့နေစဥ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ အသေအပျောက်များနိုင်ကြောင်း၊ ထို့​နောက် စစ်​ကောင်စီတပ်က ညောင်ကားယားကျေးရွာအား ညနေ ၅နာရီဝန်းကျင်မှစ၍ မီးစရှို့ရာ ညပိုင်းအထိ လောင်ကျွမ်းခဲ့ပြီး ​နေအိမ် ၃၀ ခန့် မီး​လောင်ပျက်စီးခဲ့ကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။

သတင်း

စစ်‌ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသူ ၁၅ဦးခန့်အား သယ်ဆောင်ပြီး နောင်ကြီးအိုင်ရဲစခန်းတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး ဗိုလ်အဆင့်အပါအဝင် စစ်ကောင်စီတပ်သား ရှစ်ဦးခန့် သေဆုံးကြောင်း တပ်တွင်းသတင်းများမှတစ်ဆင့် ARA က အတည်ပြုသည်။

သတင်း

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သား၊ ရဲ၊စစ်‌ကောင်စီခန့်အုပ်ကြီး၊ ဒလန်သတင်းပေးများနှင့် အနီးကပ်မနေကြရန်နှင့် စစ်ကောင်စီကို အရှိန်ဟုန်မြှင့်ဆက်လက်တိုက်ခိုက်သွားမည်ဟု PDF ပွင့်ဖြူက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် မေလ ၁၈ရက် နေ့ခင်းပိုင်းတွင် တိုက်လေယာဉ် နှင့် ရဟတ်ယာဉ်များ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြိမ် ၃၀ ​ကျော် ရှိသည်ဟုသိရသည်။