Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စက်သုံးဆီပြတ်လပ်နိုင်​သောသတင်း​ကြောင့် ​ဆိုင်အချို့တွင်ဝယ်မရဘဲအောက်တိန်းဆီ​ဈေးမြင့်တက်

နိုင်ငံအတွင်းစက်သုံးဆီ အဓိကတင်သွင်းရောင်းချနေသည့် Denko ကုမ္ပဏီက စက်သုံးဆီလေးမျိုးအနက် အောက်တိန်း ၉၂ နှင့် ၉၅ များသည် လက်ကျန်နည်းနေ၍ မကြာခင် အောက်တိန်း ၉၅ ပြတ်လပ်တော့မည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် စွမ်းအင်ဝန်ကြီးဌာနထံ တင်ပြသည့်စာ ပေါက်ကြားလာခြင်းဖြစ်သည်။

(၂၀၂၂ ဧပြီ ၁၉ ရက်က စက်သုံးဆီဆိုင်များတွင် ဆီနည်း​နေသဖြင့်အကန့်အသတ်ဖြင့်သာ​ရောင်းချရာဆီပြတ်လပ်မည်စိုး၍ကားများစုပြုံတိုး​​ဝှေ့၍ဆီဖြည့်ရန် ​စောင့်ဆိုင်း​နေကြစဥ်။ ဓါတ်ပုံ-CJ)

နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်နိုင်သည်ဆို​သောသတင်းများထွက်​ပေါ်လာပြီး​နောက် အောက်တိန်း ၉၂ တစ်လီတာလျှင်ကျပ် ၂၂၀၀ကျော်အထိ ဈေးတက်လာကြောင်း စက်သုံးဆီဝယ်ယူသူများကပြောသည်။

နိုင်ငံအတွင်းစက်သုံးဆီ အဓိကတင်သွင်းရောင်းချနေသည့် Denko ကုမ္ပဏီက စက်သုံးဆီလေးမျိုးအနက် အောက်တိန်း ၉၂ နှင့် ၉၅ များသည် လက်ကျန်နည်းနေ၍ မကြာခင် အောက်တိန်း ၉၅ ပြတ်လပ်တော့မည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် စွမ်းအင်ဝန်ကြီးဌာနထံ တင်ပြသည့်စာ ပေါက်ကြားလာခြင်းဖြစ်သည်။

Denko ဆီဆိုင်က စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ထံတင်ပြသည့်စာတွင် ၎င်းတို့ထံတွင် စက်သုံးဆီလေးမျိုးအနက် အောက်တိန်း နှစ်မျိုးမှာ လက်ကျန်နည်း​နေပြီး ၊ မိတ်ဆွေကုမ္ပဏီများထံမှ ချေးငှားခြင်း၊ ဝယ်ယူခြင်းတို့ဖြင့် ဖြန့်ဖြူးရောင်းချနေသော်လည်း အောက်တိန်း ၉၅မှ လိုသလောက်မရတော့ဟု Denkoကဆိုထားသည်။

ရန်ကုန်နှင့် မန္တလေးဆိုင်များကို ဦးစားပေးရောင်းချမည်ဖြစ်သော်လည်း ဆိုင် ၃၈ ဆိုင်တွင် အောက်တိန်း ၉၅ ကုန်ပါက ရောင်းချမှုရပ်နားမည်ဟုဆိုထားသည်။

အဆိုပါစာလူမှုကွန်ယက်တွင် ​ပေါက်ကြားပြီး​နောက်Denkoကုမ္ပဏီက ယ​နေ့တွင်ကုမ္ပဏီ၏​ဖေစ်ဘွခ်စာမျက်နှာတွင် ဆီသင်္ဘောများရောက်ရှိပြီဖြစ်၍ စက်သုံးဆီများကို အခက်အခဲမရှိရောင်းချပေးမည်ဟု ချက်ချင်းထုတ်ပြန်ခဲ့သည်။

ထိုအတူ စစ်ကောင်စီထိန်းချုပ်ထားသည့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကလည်း စက်သုံးဆီတင်လာသည့် သင်္ဘော လေးစီးသည် ဆိပ်ကမ်းတွင် ဆီများချနေပြီး နောက်ထပ်လေးစီးလည်း ထပ်မံဆိုက်ကပ်ဦးမည်ဟုချက်ချင်း ထုတ်ပြန်ကြေညာခဲ့သည်။

“ဒီလို စာတွေ တရစပ်ထုတ်နေတယ်ဆိုကတည်းက ဆီပြတ်လပ်တော့မယ်ဆိုတာ သွယ်ဝှိုက်သတိပေးနေတာပါ။ ဒေါ်လာ အရမ်းလိုနေလို့ ဆီဝယ်ဖို့ ခက်ခဲနေတာ လုပ်ငန်းရှင်တိုင်းသိပါတယ်”ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။

မြို့ပြများတွင် အောက်တိန်းမှာအများဆုံးအသုံးပြုကြသဖြင့် ဆိုင်အချို့တွင် အောက်တိန်း ၉၅ ဝယ်ယူ၍ မရသော်လည်း နေရာအများစုတွင်မူ ဝယ်ယူရနိုင်သေးကြောင်း ယနေ့ဆီဖြည့်တင်းခဲ့သူတစ်ဦးကပြောသည်။

​အောက်တိန်းဆီပြတ်လပ်နိုင်သည်ဆို​သောသတင်းကြောင့် ​မေ ၁၉ တွင် ဈေးကွက်အတွင်း အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၂၁၀ ကျပ် ၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၂၈၀ကျပ်နှင့် ဒီဇယ် တစ်လီတာကို ၂၂၀၀ကျပ် အထိမြင့်တက်သွားသည်။

မေ ၁၇ ရက်တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၀၉၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၂၁၅၀ကျပ်နှင့် ဒီဇယ်တစ်လီတာကို ၂၂၆၀ကျပ်သာ ရှိခဲ့သည်။

နယ်မြို့ အချို့တွင် ​အောက်တိန်းဆီမှာ ပြတ်လပ်သွားပြီးဝယ်ယူမရဖြစ်​နေသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ပြတ်လပ်နေတဲ့ စက်သုံးဆီ အမျိုးအစား ဟာ 95 ၊ 92 ဖြစ်တယ်လို့ ဒီနေ့ စက်သုံးဆီဆိုင်တွေထံမှာ ဆီဖြည့်ခဲ့သူ တစ်ဦးက ပြောပြပါတယ်။

သတင်း

စက်သုံးဆီဝယ်ယူခဲ့သူတစ်ဦးကလည်ယ မနက် ၅နာရီကတည်းကလ ဆီဆိုင်များတွင် ဝယ်ယူရန်စောင့်ဆိုင်း​ခဲ့ကြပြီး ​နေ့ခင်းပိုင်းတွင်တန်းစီသူနည်းသွား​သော်လည်းအချို့ဆိုင်များမှာဆီကုန်နေ၍အ​ရောင်းရပ်သွားသည်လည်း ကြုံတွေ့ရသည်ဟု ဝယ်ယူသူများကပြောသည်။

ဗီဒီယို

ကနေ့ ဧပြီ ၁၉ ရက်ညနေပိုင်းမှာ Denko , BOC နဲ့ရွှေဗျိုင်းဖြူ ဆီဆိုင်တွေက သူတို့ဆီဆိုင်တွေမှာစက်သုံးဆီ အကန့်အသတ်မရှိပြန်လည်ရောင်းချနေတဲ့အကြောင်း တစ်ပြိုက်နက်တည်း ထုတ်ပြန်လာကြတာဖြစ်ပါတယ်။

သတင်း

“နေရာတိုင်းမှာ ကားတန်းရှည်ကြီး ရှိနေတယ်။ သမဝါယမခေတ်ကလို့ တန်းစီရောင်းတဲ့ မြင်ကွင်းမြို့ဗျာ။ တစ်ဆိုင်ကိုလည်း ကျပ် ၂၀၀၀၀ဖိုးဘဲ ဖြည့်ပေးတော့တယ်”ဟု တောင်ဥက္ကလာပတွင် စက်သုံးဆီသွားရောက်ဖြည့်တင်းခဲ့သူတစ်ဦးကပြောသည်။