Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကပ်ရောဂါ ကူးစက်မှုတွေနဲ့ ပတ်သက်လို့ ဌာနဆိုင်ရာ အရာရှိတွေကို ကင်မ်ဂျုံအန်း အပြစ်ဖို့

မြောက်ကိုရီးယားဟာ အခုလ အစောပိုင်းမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားနေကြောင်း ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် ရက်ပိုင်းလောက် အကြာမှာပဲ ပြည်တွင်း ကူးစက်လူနာ အရေအတွက်က သန်းနဲ့ချီ များပြားလာကြောင်း အစိုးရ တာဝန်ရှိသူတွေက ဝန်ခံခဲ့ပါတယ်။

ပြည်တွင်းမှာ ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ ပိုမိုဆိုးရွားလာတာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက တာဝန်ရှိသူတွေရဲ့ တုံပြန် ကိုင်တွယ်မှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

မြောက်ကိုရီးယားဟာ အခုလ အစောပိုင်းမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားနေကြောင်း ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် ရက်ပိုင်းလောက် အကြာမှာပဲ ပြည်တွင်း ကူးစက်လူနာ အရေအတွက်က သန်းနဲ့ချီ များပြားလာကြောင်း အစိုးရ တာဝန်ရှိသူတွေက ဝန်ခံခဲ့ပါတယ်။

ကင်မ်ဟာ ကပ်ရောဂါ တိုက်ဖျက်ရေး ကဏ္ဍကို ကိုယ်တိုင် ဦးဆောင်နေပြီး မြောက်ကိုရီးယား အနေနဲ့ နိုင်ငံ သမိုင်းတလျှောက်မှာ အကြီးမားဆုံး အကျပ်အတည်း၊ စိန်ခေါ်မှုကြီး တစ်ခုနဲ့ ရင်ဆိုင်နေရကြောင်း ဝန်ခံခဲ့ပါတယ်။ ကင်မ်က အစိုးရ အဖွဲ့ ခေါင်းဆောင်တွေနဲ့ အစည်းအဝေး ပြုလုပ်ချိန်မှာ ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် တာဝန်ယူနေတဲ့ အဖွဲ့အစည်းတွေ၊ အရာရှိတွေဟာ တက်ကြွမှု၊ အာရုံစူးစိုက်မှု မရှိဘဲ ဖြစ်ကတတ်ဆန်း လုပ်ကိုင်ခဲ့တာကြောင့် အခုလို ခက်ခဲပြီး ရှုပ်ထွေးတဲ့ အခြေအနေတွေဆီ ဦးတည်သွားစေတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရ မီဒီယာတွေက ဖော်ပြသွားပါတယ်။

တကယ်ဆိုရင် မြောက်ကိုရီးယားဟာ ရောဂါတွေ ဆိုးဆိုးရွားရွား ပျံ့နှံ့ မလာခင်မှာ ကြိုတင် ကာကွယ် တားဆီးဖို့ ကောင်းမွန်တဲ့ အခင်းအကျင်းတွေ ရှိနေခဲ့တယ်လို့ ကင်မ်က ပြောပါတယ်။ နောက်ပြီး သူ့အနေနဲ့ တရိပ်ရိပ် မြင့်တက်လာတဲ့ ကူးစက်နှုန်း ဒီရေကို ပြန်ကျသွားအောင် ကြိုးစားနိုင်မယ်လို့ ယုံကြည်ထားဆဲ ဖြစ်ကြောင်း ကင်မ်က ဆိုပါတယ်။ ကင်မ်ဟာ မြို့ကြီးတွေမှာ Lockdown ကြေညာချက်တွေ ထုတ်ပြန်ထားသလို မြောက်ကိုရီးယား စစ်တပ်ကိုလည်း ကပ်ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီဖို့ အမိန့်ပေးထားပါတယ်။

လူဦးရေ ၂၅ သန်းလောက်ရှိတဲ့ မြောက်ကိုရီးယားမှာ ကပ်ရောဂါ အခြေအနေက ဘယ်လောက်ထိ ဆိုးရွားနေသလဲ ဆိုတာကို ပြင်ပကမ္ဘာက ခန့်မှန်းဖို့ မလွယ်ပါဘူး။ ပြုံယမ်းမှာ တင်းကျပ်တဲ့ အသွားအလာ ကန့်သတ်မှုတွေ ပြဋ္ဌာန်းခဲ့တဲ့နောက် နိုင်ငံတကာ သံတမန်တွေလည်း ထွက်ခွာသွားကြတဲ့အတွက် ပြည်တွင်း ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရ မီဒီယာက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကိုပဲ ကိုးကား လေ့လာနေရပါတယ်။

မြောက်ကိုရီးယား အစိုးရဟာ လက်ရှိ အချိန်ထိ နိုင်ငံတကာက ကိုဗစ် ကာကွယ်ဆေးတွေနဲ့ ဆေးဝါးပစ္စည်းတွေ ပေးပို့ဖို့ အကူအညီ တောင်းခံတာမျိုးလည်း မရှိသေးပါဘူး။ ကမ္ဘာပေါ်မှာ ကိုဗစ် ကာကွယ်ဆေးကို တရားဝင် တင်သွင်းဖို့ လက်မခံတာဆိုလို့ မြောက်ကိုရီးယားနဲ့ အီရီထရီးယား နှစ်နိုင်ငံသာ ရှိတော့တယ်လို့လည်း သိရပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

ဗီဒီယို

မြောက်ကိုရီးယား အစိုးရဟာ ပြည်တွင်းမှာ ကပ်ရောဂါ ကူးစက်မှုတွေ ရှိနေပြီး လူပေါင်း သိန်းနဲ့ချီ ဖျားနာနေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပထမဆုံးအကြိမ် အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရ မီဒီယာတွေရဲ့ ဖော်ပြချက်အရ နေ့တိုင်း ကူးစက်လူနာရော၊ အသေအပျောက်ပါ တရိပ်ရိပ် တိုးနေတယ်လို့လည်း သိရပါတယ်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်ကို စွန့်ခွာသူနှစ်ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)နှင့် ကချင်နိုင်ငံရေးဆိုင်ရာကြားကာလညှိနှိုင်း​ရေးအဖွဲ့(KPICT)တို့၏ ထပ်မံကူညီဆောင်ရွက်ပေးမှုဖြင့် အောင်မြင်စွာစွန့်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

နိုင်ငံတကာ

ဒုံးကျည်တွေဟာ အမြင့် ၉၀ ကီလိုမီတာလောက်ထိ ပျံတက်ပြီး ကီလိုမီတာ ၃၆၀ လောက် အကွာအဝေးထိ ရောက်ရှိချိန်မှာ ပင်လယ်ထဲ ကျဆင်းသွားခဲ့ပါတယ်။ အမြင့်ဆုံး မြန်နှုန်းဟာ အသံရဲ့ မြန်နှုန်း ၅ ဆလောက်ထိ ရောက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဗီဒီယို

မေလ ၁၂ ရက်မှာတော့ မြောက်ကိုရီးယား အစိုးရ မီဒီယာတွေက ပြည်တွင်းမှာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ Omicronမျိုးကွဲ ပျံ့နှံ့ ကူးစက်နေကြောင်း တရားဝင် ထုတ်ပြန်လာပါတယ်။ Omicronရဲ့ ထပ်ဆင့်မျိုးကွဲ BA.2 ကူးစက်မှုတွေကို ပြုံယမ်းမြို့တော်နားမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။