Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းရှိ လမ်းပိုင်းအချို့ကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်

သတိပေးမေတ္တာရပ်ခံချက်သည် နောက်တစ်ကြိမ် သတင်းမထုတ်မပြန်မချင်း သက်ရောက်နေမည်ဖြစ်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့က ပြောသည်။

(စစ်ကိုင်းတိုင်း၊ မန္တလေး - မုံရွာလမ်းပိုင်းတွင် ယခင်လပိုင်းအတွင်းက လမ်းပိတ်ထား၍ စောင့်ဆိုင်းနေသော ယာဥ်တန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ လမ်းပိုင်းအချို့ကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်သိမ်းထားကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်သည် ဒေသခံများ၏ကားများကို အသုံးပြုကာသွားလာနေသောကြောင့် မြိုင် – ပခုက္ကူလမ်းအား အရေးကြီးကိစ္စများမှလွဲ၍ သွားလာခြင်းမပြုဘဲ ပူးပေါင်းဆောင်ရွက်ပေးပါရန်နှင့် အရေးကြီးသွားလာရန်လိုအပ်ပါက ဆိုင်ရာအဖွဲ့များသို့ အကြောင်းကြားသွားလာကြပါရန် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့က မေတ္တာရပ်ခံသည်။

သတိပေးမေတ္တာရပ်ခံချက်သည် နောက်တစ်ကြိမ် သတင်းမထုတ်မပြန်မချင်း သက်ရောက်နေမည်ဖြစ်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့က ပြောသည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ သာစည်လမ်းပေါ်တွင် ယနေ့(မေလ ၂၆ ရက်) နံနက် ၉နာရီမှစ၍ ခေတ္တာယာယီပိတ်ထားကြောင်း ဒေသတွင်းမြို့ပြပြောက်ကျားအဖွဲ့များက အသိပေးသည်။

လမ်းပိတ်ရခြင်းမှာ မိုင်းများမတော်တဆ ပေါက်ကွဲမှုများဖြစ်ပေါ်နိုင်၍ ခေတ္တယာယီပိတ်ထားရခြင်းဖြစ်ကြောင်း မြို့ပြပြောက်ကျားအဖွဲ့များက ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိလမ်းပိုင်းအားလုံးလည်း ယာယီပိတ်လိုက်ကြောင်း ခင်ဦးအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ပြန်လည်သွားလာရန် ပြန်လည်ခွင့်ပြုပေးမည့်အချိန်ကို ထုတ်ပြန်ပေးမည်ဟု ၎င်းအဖွဲ့များက ပြောသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ ဖုန်းလိုင်းများအား ဖြတ်တောက်ထားသည်။

သတင်း

ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးကလည်း ယနေ့ မနက် ၈ နာရီ မိနစ် ၂၀မှစတင်ပြီး MPT, အော်ရီဒူးဖုန်းလိုင်းများ စတင်နှေးကွေးလာပြီး ဖုန်းခေါ်ဆိုမှုများ အဆင်မပြေဖြစ်လာသည်ဟု ထုတ်ပြန်ထားသည်။

သတင်း

စစ်အာဏာသိမ်းမှုနောက်ပိုင်း မကွေးတိုင်းအတွင်း ထိတွေ့တိုက်ပွဲများနှင့် လေကြောင်းတိုက်ပွဲများအပါအဝင် ပြင်းထန်သောတိုက်ပွဲများကြောင့်အရပ်သားပြည်သူ ၅၀,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၊တရားလက်လွတ်လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် အကျဉ်းရုံး စီရင်ကွပ်မျက်မှုများ၊ မီးရှို့သတ်ဖြတ်မှုများနှင့် အခြားသော ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့သည်။

မေးမြန်းခန်း

စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုပများဆုံးခံရ​သော​ဒေသမှာစစ်ကိုင်းတိုင်းဖြစ်ပြီး ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဧပြီလကုန်အထိ့ Data For Myanmar ပြုစုထား​သောစာရင်းအရ နိုင်ံတစ်ဝန်း​နေအိမ်​ပေါင်း ၁၁,၄၀၀ ​ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရ ရာတွင် စစ်ကိုင်းတိုင်းမှာ ၇၅၀၀ ​ကျော်ရှိခဲ့သည်။