Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီက စစ်ကိုင်းတိုင်းကို ယ​နေ့နံနက်မှစ၍ ဖုန်းနှင့်အင်တာနက်လိုင်းများဖြတ်​တောက်ထား

ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးကလည်း ယနေ့ မနက် ၈ နာရီ မိနစ် ၂၀မှစတင်ပြီး MPT, အော်ရီဒူးဖုန်းလိုင်းများ စတင်နှေးကွေးလာပြီး ဖုန်းခေါ်ဆိုမှုများ အဆင်မပြေဖြစ်လာသည်ဟု ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းတွင် အဓိကမြို့ကြီးများအပါအဝင်တစ်တိုင်းလုံးနီးပါး ယ​နေ့(မေ ၂၄ ရက်)မနက်ပိုင်းကစတင်ပြီး အင်တာနက်နှင့်ဖုန်းလိုင်းများပြတ်တောက်နေသည်။

စစ်ကိုင်းတိုင်း၏ မြို့တော် မုံရွာမြို့ကို ယနေ့ မနက်ပိုင်းတွင် အင်တာနက်လိုင်းစတင်ဖြတ်တောက်ထားပြီးတချို့ နေရာများတွင်ဖုန်းလိုင်းပါပြတ်တောက်သွားပြီဖြစ်ကြောင်း မုံရွာမြို့ခံတစ်ဦးကပြောသည်။

စစ်​ကောင်စီတပ်က မုံရွာ ၊​ရွှေဘို ၊ စစ်ကိုင်း၊က​လေးမြို့ မှအပ စစ်ကိုင်းတိုင်းရှိ ကျန်​ဒေသများအားလုံးကို၂၀၂၂ မတ်လ ၄ ရက်မှ စ၍ အင်တာနက်ဖြတ်​တောက်ခံထားရပြီး ယ​နေ့
နံနက်တွင် မူ မုံရွာမြို့ တွင်ပါ အင်တာနက်​ရော ၊​နေရာအချို့တွင်ဖုန်းလိုင်းများပါ ပြတ်​တောက်​နေခြင်းဖြစ်သည်။

“ခု​လေးပဲဖုန်းဆက်​နေရင်း ၇ နာရီအတိမှာဖုန်းပြတ်သွားတယ်” ဟု ကနီ PDF (၂) မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့​ပြောသည်။

စစ်​ကောင်စီတပ်ကစစ်ကိုင်းတိုင်းတွင်​မေ ၂၄ ရက်တွင်ဖုန်းနှင့်အင်တာနက်လိုင်းများဖြတ်​တောက်မည်ဟုယမန်​နေ့ညကသတင်းထွက်​ပေါ်ခဲ့ပြီး ​ဒေသခံပြည်သူများအ​ပေါ် အကြမ်းဖက်စစ်တပ်က ဆိုးရွားစွာအကြမ်းဖက်မည်ကို ပြည်သူများစိုးရိမ်ပူပန်​နေကြသည်။

ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးကလည်း ယနေ့ မနက် ၈ နာရီ မိနစ် ၂၀မှစတင်ပြီး MPT, အော်ရီဒူးဖုန်းလိုင်းများ စတင်နှေးကွေးလာပြီး ဖုန်းခေါ်ဆိုမှုများ အဆင်မပြေဖြစ်လာသည်ဟု ထုတ်ပြန်ထားသည်။

မုံရွာ၊ကနီ အပြင် ကန့်ဘလူ၊ခင်ဦး၊ ကျွန်းလှ၊ ပုလဲ၊ ပလက်ဝ၊ ရေဦး၊ ယင်းမာပင် မြို့နှင့်မြို့နယ်တို့တွင်လည်း အင်တာနက်လိုင်းမျာအပြင် ဖုန်းလိုင်းများပါ မေ ၂၄ ရက်( ယနေ့) မနက်ပိုင်းက စတင်ပြတ်တောက်နေ​ကြောင်း​ဒေသခံများက​ပြောသည်။ အဆိုပါ မြို့နယ်များသို့ People’s Spring ကဖုန်း​ခေါ်ဆိုဆက်သွယ်​သော်လည်းဆက်သွယ်မရ​ပေ။

“စစ်ကိုင်းကို ပစ်မထားပါနဲ့။ပြည်သူတွေ အနေနဲ့ ရော နိုင်ငံတကာ အနေနဲ့ပါပိုပြီး အာရုံစိုက်ပေးဖို့ တောင်းဆိုပါတယ်။လူမျိုးတုံသတ်ဖြတ်မှုတွေပိုပြီးဖြစ်လာဖို့ အကြမ်းဖက်စစ်တပ် အနေနဲ့ စီစဥ်နေပြီလို့ ပြောချင်တယ်”ဟု ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ပြောသည်။

ထို့အပြင် ယနေ့ နံနက် ၉ နာရီခန့်က စ၍ စစ် ကိုင်းတိုင်းရှိ သက်ဆိုင်ရာ ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ဖုန်းသို့ လူထုနွေဦးမှချိတ်ဆက်ရာတွင်လည်း အများစုမှ ဖုန်းခေါ်ဆို၍ မရရှိတော့ပေ။

အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း နေအိမ်များမီးရှို့ခြင်းနှင့် ဒေသခံပြည်သူများကို အစုလိုက်ဖမ်းဆီးပစ်သတ်မှုများကို မေလတွင်ပိုမိုကျူးလွန်​နေသည်။

စစ်​ကောင်စီတပ်က ယခုနှစ်မတ်လ ၄ရက်မှစ၍ စစ်ကိုင်းတိုင်းရှိ မြို့နယ်လေးမြို့နယ်(စစ်ကိုင်း၊မုံရွာ၊ ရွှေဘို၊ကလေး)မှလွဲ၍ ကျန်မြို့နယ်အားလုံး၌ MPT၊ အော်ရီဒူး နှင့် တယ်လီနော စသည့် ဆက်သွယ်ရေးမိုဘိုင်း အင်တာနက်လိုင်းများကို ရက်အကန့်အသတ်မရှိ ထိန်းချုပ်ဖြတ်တောက်ထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြသည့် ပြည်သူလူထုများကို စစ်ကောင်စီတပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခြင်းအပါအဝင် နည်းမျိုးစုံဖြင့် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း တို့လုပ်ဆောင်ခဲ့၍ ၂၀၂၁ ဧပြီမှစ၍ ဒေသအသီးသီးတွင် စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်တော်လှန်သည့် လှုပ်ရှားမှုများ တစ်နေ့တခြားများပြားလာခဲ့သည်။

သတင်း

အကြမ်းဖက်စစ်တ​ပ်သည် မိုးကောင်းရွာအတွင်းရှိ နေအိမ် ၂၀ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးရဲဘော်များသည် ယခင်ရက်ပိုင်းအတွင်းက သေနတ်ပါသည့် ရဲနှစ်ဦးကိုပင် ဝင်လုံးတိုက်ခိုက်ခဲ့ပြီး ယခုလို အပြစ်မဲ့ပြည်သူအမျိုးသမီးတစ်ဦးကို တိုက်ခိုက်ရန်အကြောင်းမရှိကြောင်း ဒေသခံအချိူ့က ထင်မြင်ချက်ပေးသည်။

သတင်း

ဗမာပြည်၌ တည်ငြိမ်သည်ဟု ယူဆ၍ ရသည့် ဦးသိန်းစိန် အစိုးရနှင့် NLD အစိုးရ လက်ထက်၌ပင် ငြိမ်းချမ်းရေးမဖော်ဆောင်နိုင်ခဲ့ရာ လက်ရှိ ရှုပ်ထွေးသည့် အခါသမယ၌ စစ်မှန်သည့် ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်ဟု ယုံကြည်၍ ဆွေးနွေးပွဲမတက်ရခြင်းဖြစ်သည်ဟု ၎င်း ကဆိုသည်။