Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်မြို့နယ်သို့ရောက်နေသော စစ်ကောင်စီတပ် တစ်ရက်အတွင်း သုံးကြိမ်တိုက်ခိုက်ခံရ၊ ၁၀ဦးခန့်သေ

မြစ်အရှေ့ဘက်ခြမ်းစစ်ကြောင်းမှ စစ်ကောင်စီတပ်များ ဆင်ချောင်းရွာသက်ပင်အောက်၌ရှိနေစဥ် ယင်းနေ့နံနက် ၈ နာရီခန့်တွင် PDF ပူးပေါင်းအဖွဲ့မှ အီဂါနာတစ်လုံးပစ်ချခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကြောင်း ဖော်ပြသည်။

မြောင်နယ် ဧရာဝတီမြစ်ကြောင်းအနီး ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများကျူးလွန်ခဲ့သည်(ပုံဟောင်း)
မြောင်နယ် ဧရာဝတီမြစ်ကြောင်းအနီး ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများကျူးလွန်ခဲ့သည်(ပုံဟောင်း)

မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း သုံးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်သား ၁၀ဦးသေဆုံးကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM)က ထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၁၂)နံနက် ၄နာရီခွဲက ဧရာဝတီမြစ်အောက်ဘက်၊ မြေတော်ရွာဘက်သို့ စက်မနှိုးဘဲ စက်လှေဖြင့် တိတ်တဆိတ်စုန်ဆင်းလာသော စစ်ကောင်စီတပ်ကို CDSOM ၊ PDF – Taloke ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့အပါဝင် မဟာမိတ် ၁၄ ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်များသည် ဧရာဝတီမြစ် အနောက်ဘက် ပန်းညိုရွာဘက်တွင် စစ်ကြောင်းတစ်ကြောင်းထားရှိပြီး မြစ်အရှေ့ဘက်မှ ခိုးယူလုယက်လာသောပစ္စည်းများကို စစ်ကြောင်းတစ်ကြောင်းက သယ်ယူပေးခြင်း၊ မြစ်ကြောင်းအတွင်းသွားလာသော ပြည်သူပိုင်လှေများကို ဆပ်ကြေးကောက်ခြင်းတို့ကို ကျူးလွန်ကြကြောင်း ထုတ်ပြန်သည်။

အဆိုပါ မြစ်အရှေ့ဘက်ခြမ်းစစ်ကြောင်းမှ စစ်ကောင်စီတပ်များ ဆင်ချောင်းရွာသက်ပင်အောက်၌ရှိနေစဥ် ယင်းနေ့နံနက် ၈ နာရီခန့်တွင် PDF ပူးပေါင်းအဖွဲ့မှ အီဂါနာတစ်လုံးပစ်ချခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကြောင်း ဖော်ပြသည်။

အလားတူ ညောင်တိုရွာအုပ်ချုပ်ရေးမှူးအိမ်၌ စုဝေးနေသော စစ်ကောင်စီတပ်ကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် အီဂါနာဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူး ဝင်းလွင်နှင့် ပျူစောထီးနှစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိသူတစ်ဦး သေဆုံးခဲ့သည်။

ယင်းနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ(၆၀) မမအပါအဝင် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ PDFပူးပေါင်းတိုက်မှ စနိုက်ဘာဖြင့် ပြန်လည်ပစ်ခတ်ရာ စစ်ကောင်စီတပ်သားတစ်ဦး ထပ်မံသေဆုံးပြီး ယမန်နေ့တစ်ရက်ထဲ စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“လူသားဒိုင်းအဖြစ် ပြည်သူများက်ို ခေါ်ဆောင် ၍ အုပ်စုဖွဲ့ နေကြသောကြောင့် ပြည်သူများအားထိခိုက်မှုမရှိစေရန်အလို့ငှာ ကျွန်တော်တို့တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ကြသည်”ဟု CDSOM မှ ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကရင်လက်နက်ကိုင်အဖွဲ့များနှင့်နီးစပ်​သောသတင်းရင်းမြစ်က“နောက်ဆုံးသိရတာကတော့ ရဲစခန်းမှူးနဲ့ ရဲ ၂ယောက်ကို ဖမ်းသွားတယ်။ အချုပ်သားတွေကို ခေါ်သွားတယ်။ ရဲ ၂ယောက်သေတယ်ပြောတယ်။ အချုပ်သားဆိုတာ ဝေါ်လေ အချုပ်မှာ ဖမ်းထားတဲ့ သူတွေပေါ့” ဟုပြောသည်။

သတင်း

စစ်ကောင်စီ၏ရွေးကောက်ပွဲကို အသိအမှတ်ပြုလိုက်ပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ပြန်ရောက်သွားပြီး စစ်အာဏာရှင်စနစ်ကို ပိုမိုခိုင်မြဲသွားစေမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

“ဒီကနေ့ လက်တွေ့ကျကျတွေးကြည့်ရင် သူတို့(စစ်ကောင်စီ) ဘယ်လိုနိုင်နိုင်မလဲဆိုတာကို မြင်တွေ့ရဖို့ ခက်ခဲပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်က ပြောပါတယ်။

သတင်း

ဇွန် ၁၀ ရက်ကလည်း ထီးချိုင့်နယ် မန္တလေး-ဗန်းမော်ဗျူဟာလမ်းတစ်နေရာတွင် တပ်မ(၈၈)လက်အောက်ခံ ခလရ (၈၃)မှ စစ်ကောင်စီတပ်သားနှစ်ဦးကို Eagles Army-HPDF တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ပြည်သူ့ရင်ခွင်သို့ပို့ဆောင်ခဲ့သည်။