Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်ရေးတပ်ဖွဲ့များကို စစ်​ကောင်စီတပ်အနိုင်မရနိုင်ကြောင်းကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ပြော

“ဒီကနေ့ လက်တွေ့ကျကျတွေးကြည့်ရင် သူတို့(စစ်ကောင်စီ) ဘယ်လိုနိုင်နိုင်မလဲဆိုတာကို မြင်တွေ့ရဖို့ ခက်ခဲပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်

စစ်အာဏာရှင်အုပ်ချုပ်မှုကို တိုက်ခိုက်ဆန့်ကျင်နေသော တော်လှန်ရေးတပ်ဖွဲ့များကို မြန်မာစစ်ကောင်စီက အနိုင်ရနိုင်ဖွယ်မရှိဘဲ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားသင့်ကြောင်း အမေရိကန် အကြီးတန်းသံတမန်က ပြောကြားသည်။

“ဒီကနေ့ လက်တွေ့ကျကျတွေးကြည့်ရင် သူတို့(စစ်ကောင်စီ) ဘယ်လိုနိုင်နိုင်မလဲဆိုတာကို မြင်တွေ့ရဖို့ ခက်ခဲပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်က ပြောပါတယ်။

ဆက်လက်ပြီး “သူတို့(စစ်ကောင်စီ)ထိန်းချုပ်နယ်မြေတွေဆုံးရှုံးနေတယ်။ သူတို့စစ်တပ်ဟာ ဆိုးဆိုးရွားရွားအရှုံးတွေနဲ့ ရင်ဆိုင်နေရတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်သောကြာနေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် Reuters နဲ့ အခြားသတင်းထောက် တစ်ဦးတို့နှင့် ဒဲရက်ရှိုလက်တို့တွေ့ဆုံစဉ် မြန်မာစစ်တပ်သည် နိုင်ငံတကာ၌သာမက ပြည်တွင်း၌လည်း အ ထီးကျန်ဖြစ်လာနေပြီး တိုက်ခိုက်မှုများကို ရပ်တန့်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားသင့်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာ ရှုတ်ချထားသည့် အမေရိကန်သည် အာဏာသိမ်း စစ်ခေါင်းဆောင်များနှင့်ပါဝင်ပတ်သက်သူများကိုဒဏ်ခတ်အရေးယှုများပြုလုပ်ထားပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံနှင့် စင်ကာပူ၊ အင်ဒိုနီရှား၊မလေးရှားစသည့်နိုင်ငံများနှင့်ပူးပေါင်းလုပ်ဆောင်နေကြောင်း ပြောသည်။

ထို့အပြင် တရုတ်သည် မြန်မာ့အရေးအဖြေရှာရေးတွင်အစိတ်အပိုင်းတစ်ခုဖြစ်နိုင်သည်ဟု မျှော် လင့်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံက ပြောသည်။

Ref : Reuters

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကရင်လက်နက်ကိုင်အဖွဲ့များနှင့်နီးစပ်​သောသတင်းရင်းမြစ်က“နောက်ဆုံးသိရတာကတော့ ရဲစခန်းမှူးနဲ့ ရဲ ၂ယောက်ကို ဖမ်းသွားတယ်။ အချုပ်သားတွေကို ခေါ်သွားတယ်။ ရဲ ၂ယောက်သေတယ်ပြောတယ်။ အချုပ်သားဆိုတာ ဝေါ်လေ အချုပ်မှာ ဖမ်းထားတဲ့ သူတွေပေါ့” ဟုပြောသည်။

သတင်း

စစ်ကောင်စီ၏ရွေးကောက်ပွဲကို အသိအမှတ်ပြုလိုက်ပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ပြန်ရောက်သွားပြီး စစ်အာဏာရှင်စနစ်ကို ပိုမိုခိုင်မြဲသွားစေမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

မြစ်အရှေ့ဘက်ခြမ်းစစ်ကြောင်းမှ စစ်ကောင်စီတပ်များ ဆင်ချောင်းရွာသက်ပင်အောက်၌ရှိနေစဥ် ယင်းနေ့နံနက် ၈ နာရီခန့်တွင် PDF ပူးပေါင်းအဖွဲ့မှ အီဂါနာတစ်လုံးပစ်ချခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကြောင်း ဖော်ပြသည်။

သတင်း

ဇွန် ၁၀ ရက်ကလည်း ထီးချိုင့်နယ် မန္တလေး-ဗန်းမော်ဗျူဟာလမ်းတစ်နေရာတွင် တပ်မ(၈၈)လက်အောက်ခံ ခလရ (၈၃)မှ စစ်ကောင်စီတပ်သားနှစ်ဦးကို Eagles Army-HPDF တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ပြည်သူ့ရင်ခွင်သို့ပို့ဆောင်ခဲ့သည်။