Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပခန်းကြီးနယ်​မြေရဲစခန်းမှ ရဲတစ်ဦး ဂျီသရီးတစ်လက်၊ကျည် ၁၀၀ ​တောင့်ဖြင့်ပြည်သူ့ရင်ခွင်ခိုလှုံ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦး ​သေနတ်တစ်လက်နှင့်ကျည်အများအပြားဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြောင်း Young Force (UG) အဖွဲ့က သတင်းထုတ်ပြန်သည်။

(ပြည်သူနှင့်ပူး​ပေါင်းခဲ့​သောရဲတပ်ဖွဲ့ဝင်က လက်နက်နှင့်ကျည်များ အပ်နှံစဥ်။ ဓါတ်ပုံ-Young Force UG)
(ပြည်သူနှင့်ပူး​ပေါင်းခဲ့​သောရဲတပ်ဖွဲ့ဝင်က လက်နက်နှင့်ကျည်များ အပ်နှံစဥ်။ ဓါတ်ပုံ-Young Force UG)

ရေစကြိုမြို့နယ်၊ပခန်းကြီးရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် မထမ်းဆောင်လို၍ G3(တစ်လက်)၊ ကျည်ဘောက်(၂)ခု၊ ကျည်အဆံ အတောင့်(၁၀၀)နှင့်အတူ ပြည်သူ့ ရင်ခွင်သို့ ပြည်သူနှင့်အတူခိုလှုံ ပူးပေါင်းခဲ့ကြောင်း ရေစကြိုနယ်အခြေစိုက် Young Force (UG)က အသိပေးသည်။

လတ်တလော လုံခြုံရေးအခြေအနေအရ အဆိုပါရဲတပ်သား၏အမည်နှင့်ကိုယ်ပိုင်အမှတ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ကချန်လှပ်ထားပြီးလွတ်မြောက်နယ်မြေသို့ပို့ဆောင်ထားသည်။

“လမ်းစရိတ် (၁)သိန်းထောက်ပံ့ပေးပြီး ဂုဏ်ပြုငွေကတော့ ထင်တာထက်ပိုများပါမယ်။”ဟု Young Force (UG)က ဆိုသည်။

(ပြည်သူနှင့်ပူး​ပေါင်းခဲ့​သောရဲတပ်ဖွဲ့ဝင်က လက်နက်နှင့်ကျည်များ အပ်နှံစဥ်။ ဓါတ်ပုံ-Young Force UG)
(ပြည်သူနှင့်ပူး​ပေါင်းခဲ့​သောရဲတပ်ဖွဲ့ဝင်က လက်နက်နှင့်ကျည်များ အပ်နှံစဥ်။ ဓါတ်ပုံ-Young Force UG)

ဆက်လက်၍ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်သားနှင့်ရဲများ CDM ပြုလုပ်မည်ဆိုပါက လုံခြုံရေး အာမခံဖြင့် စိတ်ချရသည့် နေရာများအထိ ပို့ဆောင်ပေးမည်ဖြစ်ပြီးပြည်သူနှင့်အတူပူးပေါင်းမည့် မည်သူ့ကိုမဆို လက်ခံကြိုဆိုကြောင်း Young Force (UG)အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရေစကြိုမြို့နယ်သည် အကြမ်းဖက်စစ်တပ်အား ခုခံတော်လှန်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး ဇွန်လ ၉ ရက်နေ့က ရေစကြို-ချောင်းဦးလမ်းပေါ်ရှိ ဆင်ဖြူရှင်တံတားဂိတ်(စစ်ကိုင်းတိုင်းဘက်ခြမ်း) တိုက်ခိုက်ခံရကာ အကြမ်းဖက်အုပ်စုဝင် ၃ ဦးသေဆုံးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကရင်လက်နက်ကိုင်အဖွဲ့များနှင့်နီးစပ်​သောသတင်းရင်းမြစ်က“နောက်ဆုံးသိရတာကတော့ ရဲစခန်းမှူးနဲ့ ရဲ ၂ယောက်ကို ဖမ်းသွားတယ်။ အချုပ်သားတွေကို ခေါ်သွားတယ်။ ရဲ ၂ယောက်သေတယ်ပြောတယ်။ အချုပ်သားဆိုတာ ဝေါ်လေ အချုပ်မှာ ဖမ်းထားတဲ့ သူတွေပေါ့” ဟုပြောသည်။

သတင်း

ရဲစခန်းသိမ်းပိုက်မှုနှင့် ထိခိုက်ကျဆုံးအခြေအနေ အသေးစိတ် မသိရသေးသော်လည်း အင်အားအနည်း ငယ်သာရှိသည့် ဝေါ်လေရဲစခန်းမှ ရဲများသည် စခန်းကို တိုက်ခိုက်ခံရစဉ် စခန်းကို စွန့်ခွာထွက်ပြေးသွားသည်ဟု သိရကြောင်း သတင်းရင်းမြစ်က ပြောသည်။

သတင်း

ပြည်သူများ အနေဖြင့် ဇွန်လ ၁၃ရက်နေ့မှစပြီး ဗျူဟာလမ်း(ခရိုင်ချင်းဆက်လမ်း)အား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (PDFများ)မှ တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ဖြတ်သန်းသွားလာခြင်းမပြုရန်လည်းသတိ​ပေးထားသည်။

သတင်း

ခုခံစစ်အတွင်း စစ်ကောင်စီလက်ဝေခံများကို အရှင်ဖမ်းမိပါက NUG အစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အတိုင်း လူကိုလူလိုဆက်ဆံကာ ပြန်လွှပေးခဲ့သော်လည်း PDF များကို စစ်တပ်ကဖမ်းမိပါက ရက်ရက် စက်စက် နှိပ်စက်မေးမြန်းပြီး သတ်ပစ်ခဲ့သော လူ့မိစ္ဆာများလက်အောက်တွင် စစ်ကျွန်ဘဝဖြင့် အရိုးထုတ်စရာဘာအကြောင်းမျှမရှိဟု အသိပေးသည်။