Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့ မြေပြင်သပိတ်ဆန္ဒပြ လူငယ် ၃၀ ကျော် ယမန်နေ့ညက ဖမ်းဆီးခံရ

“ဒီနေ့လဲဧည့်စာရင်းအကြောင်းပြပြီးမြို့နယ်အချို့မှာသပိတ်လူငယ်တွေကို လိုက်ရှာနေတယ်။ အချင်းချင်းသိတဲ့သူတွေကိုလည်းရှောင်ဖို့သတိပေးထားရပါတယ် ” ဟုသပိတ်တွင် ပါဝင်လေ့ရှိသည့် လူငယ်တစ်ဦးက ပြောသည်။

(၂၀၂၁၊ မတ်လ ၁၂ ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြလူငယ်တွေကို ဖမ်းဆီးဖို့ ရှာဖွေနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - Getty Images)
(၂၀၂၁၊ မတ်လ ၁၂ ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြလူငယ်တွေကို ဖမ်းဆီးဖို့ ရှာဖွေနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - Getty Images)

●ယနေ့တွင်အခြား သပိတ်ကော်မတီဝင်များကိုလည်း စစ်ကောင်စီက ဆက်လက်ရှာဖွေနေ

ရန်ကုန်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျား ဆန္ဒပြသပိတ်များကိုဖော်ဆောင်နေသည့်လူငယ် ၃၀ကျော် ယမန်နေ့ (ဇွန်လ ၁၃) ညပိုင်းကစစ်ကောင်စီတပ်၏ အဓမ္မဖမ်းဆီးခြင်းခံရကြောင်းတော်လှန်ရေးအင်အားစုများ၏ အိုးဝေလူမှုကွန်ယက်စာက ထုတ်ပြန်သည်။

အဆိုပါသပိတ်လူငယ်များသည်ယမန်နေ့ညပိုင်းကစမ်းချောင်း၊ကြည့်မြင်တိုင်၊ တာမွေ နှင့် ရန်ကင်းမြို့နယ်များတွင် တစ်ညအတွင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

သပိတ်လူငယ်များစီးနင်းခဲ့သည့်အဌားယာဥ်မောင်းဖမ်းဆီးခံရခြင်းမှတစ်ဆင့်နောက်ဆက်တွဲ လူငယ်များဖမ်းဆီးခံခြင်း ဖြစ်နိုင်ကြောင်းမြို့နယ် သပိတ်ကော်မတီဝင်လူငယ်တစ်ဦးက​ပြောသည်။

” သပိတ်က လူတွေ ဌားစီးတဲ့ ကားဆရာ အရင်ဖမ်းခံရာကနေ ယနောက်ဆက်တွဲလူငယ်တွေပါဖမ်းခံရတာလို့သိရတယ်။ မနေ့ညကတစ်ညထဲကို ၃၀ ကျော်လောက် ဖမ်းခံရတယ်လို့တော့ ကြားပါတယ် ” ဟု၎င်းကဆက်ပြောသည်။

ထို့အပြင် ယနေ့ (ဇွန်လ ၁၄) တွင်လည်း ရန်ကုန်မြို့ မြို့နယ်အများစု၌ အကြမ်းဖက် စစ်ကောင်စီဝင်များက သပိတ်လူငယ်များကို ဆက်လက်ရှာဖွေမှုများ ပြုလုပ်နေကြောင်း သ​ပိတ်ကော်မတီဝင်များမှ တဆင့် သိရသည်။

“ဒီနေ့လဲဧည့်စာရင်းအကြောင်းပြပြီးမြို့နယ်အချို့မှာသပိတ်လူငယ်တွေကို လိုက်ရှာနေတယ်။ အချင်းချင်းသိတဲ့သူတွေကိုလည်းရှောင်ဖို့သတိပေးထားရပါတယ် ” ဟုသပိတ်တွင် ပါဝင်လေ့ရှိသည့် လူငယ်တစ်ဦးက ပြောသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အထွေထွေသပိတ်ကော်မတီ GSC မှ ယနေ့ နံနက်အစောပိုင်း ၄ နာရီဝန်းကျင်တွင် အနီရောင်အဆင့် ကြေညာထားပြီး အခြား သပိတ်ကော်မတီများကလည်း မြေပြင်သပိတ်လူငယ်များ လုံခြုံရေးအထူးဂရုစိုက်ကြရန် ထုတ်ပြန်ထားသည်။

ထို့အပြင်ရန်ကုန်ရှိသပိတ်ရဲဘော်များလည်းမိမိတို့၏ ရဲဘော်ရဲဘက်အချင်းချင်း အပြန်အလှန် သတင်းရမရ စိစစ်ကြရန်နှင့် အဆက်အသွယ် မရရှိပါက နေရာရွေ့ရန်၊ ပြည်သူများအနေဖြင့်လည်း ဝိုင်း၀န်းကူညီစောင့်ရှောက်ပေးကြရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုသို့ဘာသာရေးကိုခုတုံးလုပ်ပြီးလိမ်လည်၍ ငွေကြေးအလှူခံကာ ကိုယ်ကျိုးရှာသူငါးဦးကို နောက်နောင်ယခုကဲ့သို့ ထပ်မံမပြုလုပ်ရန် ခံဝန်ကတိထိုးစေ၍ ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သတင်း

ဇွန်လ ၆ ရက်တွင် ရန်ကုန်မြို့ရှိ Foodpanda Rider ၇,၀၀၀ ကျော်အနက် ၅,၀၀၀ကျော် အလုပ်မဆင်းသပိတ်၌ ပါဝင်ခဲ့ကြောင်း ယင်းသပိတ်ကို ဦးဆောင်သူတစ်ဦးဖြစ်သည့် ဗိုလ်မင်းဒင်ကပြောကြားထားသည်။

သတင်း

ဇွန် ၁၀ ရက်ကလည်း ထီးချိုင့်နယ် မန္တလေး-ဗန်းမော်ဗျူဟာလမ်းတစ်နေရာတွင် တပ်မ(၈၈)လက်အောက်ခံ ခလရ (၈၃)မှ စစ်ကောင်စီတပ်သားနှစ်ဦးကို Eagles Army-HPDF တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ပြည်သူ့ရင်ခွင်သို့ပို့ဆောင်ခဲ့သည်။

သတင်း

လုယက်သူ ၅ဦးလုံး မုံရွာမြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သူများဖြစ်သည်။