Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီလေတပ်ကို ထောက်ပံ့တဲ့ မြန်မာနဲ့ ရုရှား ကုမ္ပဏီ ခြောက်ခု ကို ဗြိတိန်အစိုးရ ပိတ်ဆို့အရေးယူ

အဲဒီအစီရင်ခံစာမှာဆိုရင် စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာအပါအဝင် ကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုစနစ်တကျ ကျုးလွန်နေတယ်လို့ေ ဖာ်ပြထားတာပါ။

စစ်ကောင်စီလေတပ်
စစ်ကောင်စီလေတပ်

စစ်ကောင်စီရဲ့လေတပ်ကို လေယာဉ်အစိတ်အပိုင်းတွေထောက်ပံ့ ပြုပြင်ထိန်းသိမ်းရေးလုပ်နေတဲ့ မြန်မာ ကုမ္ပဏီ သုံး ခုကို ဗြိတိန်အစိုးရက ပိတ်ဆို့အရေးယူလိုက်တယ်လို့ဒီနေ့မှာ ကြေညာလိုက်ပါတယ်။

အဲဒီကုမ္ပဏီတွေကတော့ Synpex Shwe Company Ltd၊ Myanmar New Era Trading Company Ltd နဲ့ Sky Aviator Company Ltd တို့ ဖြစ်ပါတယ်။

ဒီကုမ္ပဏီတွေဟာ အာဏာသိမ်းပြီးချိန်ကစပြီး စစ်တပ်အတွက် လေယာဉ်အစိတ်အပိုင်းတွေထောက်ပံ့တာ ၊ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာပါဝင်ပတ်သက်ခဲ့တယ်လို့ ဗြိတိန်အစိုးရက ဆိုထားပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်အတွက် လက်နက်နဲ့ လေယာဉ်အစိတ်အပိုင်းတွေထောက်ပံ့ရာမှာပါဝင်ပတ်သက်နေတဲ့ ရုရှားကုမ္ပဏီ သုံးခုကိုလည်း အရေးယူပိတ်ဆို့လိုက်တယ်လို့သိရပါတယ်။

ဒီလိုဒဏ်ခတ်အရေးယူမှုအသစ်တွေကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး Amnesty International ရဲ့ အစီရင်ခံစာ ထုတ်ပြီး သိပ်မကြာခင်မှာပဲ လုပ်ဆောင်တာလို့ ရှင်းပြထားပါတယ်။

အဲဒီအစီရင်ခံစာမှာဆိုရင် စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာအပါအဝင် ကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုစနစ်တကျ ကျုးလွန်နေတယ်လို့ေ ဖာ်ပြထားတာပါ။

အာဏာသိမ်းစစ်ကောင်စီကိုကန့်သတ်တာနဲ့အတူ ပူတင်ရဲ့ စစ်ယန္တယားဆီ စီးဆင်းသွားနိုင်မယ့် ဝင်ငွေကိုပစ်မှတ်ထားကာ မြန်မာနဲ့ ရုရှားနိုင်ငံရှိ လက်နက်ကုမ္ပဏီကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်သွားမယ်လို့ ဗြိတိန်အစိုးရက ကတိကဝတ်ပြုထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ခိုက်မှု ဖြစ်စဥ်တွင် ထိခိုက်၊​သေဆုံးစာရင်း အတိ အကျ မသိရှိရသေးဘဲ ဒုတိယအကြိမ် ဖောက်ခွဲပစ်ခတ်မှုအပြီးတွင် လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခြင်းခံရသော်လည်း ပူး ပေါင်းအဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

သတင်း

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရသွားကာ စစ်ကားတစ်စီးထိုးရပ်ကာ အလောင်းနှင့် ဒဏ်ရာရသူများကို ကောက်တင်သွားသည်ဟု ထုတ်ပြန်သည်။

သတင်း

ထိုတိုက်ပွဲမှာ ၁နာရီခန့် ပြင်းထန်စွာကြာမြင့်ခဲ့ပြီးနောက် နံနက် ၇နာရီခန့်တွင်လည်း နောက်တစ်ကြိမ်ထပ်မံ ဖြစ်ပွားခဲ့ပြီး နာရီဝက်ခန့်အပြန် အလှန်ပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။

သတင်း

ဗြိတိန်အရေးယူပိတ်ဆို့လိုက်သော ကုမ္ပဏီသုံးခုလုံးသည် အာဏာသိမ်းပြီးချိန်မှစ၍ တပ်မတော်အတွက် လေယာဉ်အစိတ်အပိုင်းများ ထောက်ပံ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ကြေညာချက်၌ ဖော်ပြသည်။