Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆီးရီးယား သမ္မတ နန်းတော်တွေကို ဗုံးကြဲမယ်လို့ အစ္စရေး ခြိမ်းခြောက်ထားတယ်လို့ဆို

အီရန်နဲ့ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို လျှော့မချရင် သမ္မတ နန်းတော်တွေကို ဗုံးကြဲမယ်လို့ အစ္စရေးက ဆီးရီးယား သမ္မတ ဘာရှာ အာဆတ်ဒ်ကို ခြိမ်းခြောက်ထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဆီးရီးယား သမ္မတ နန်းတော်တွေကို ဗုံးကြဲမယ်လို့ အစ္စရေး ခြိမ်းခြောက်ထားတယ်လို့ဆို
ဆီးရီးယား သမ္မတ နန်းတော်တွေကို ဗုံးကြဲမယ်လို့ အစ္စရေး ခြိမ်းခြောက်ထားတယ်လို့ဆို

အာရပ် သတင်းဌာန တစ်ခုဖြစ်တဲ့ Elaphက အစ္စရေးစစ်တပ် IDFဟာ ဒီရာဇသံကို အာဆတ်ဆီ ရှင်းရှင်းလင်းလင်း တိတိကျကျ ပေးပို့ထားကြောင်း ဖော်ပြခဲ့ပါတယ်။ အစ္စရေးရဲ့ ရန်သူတော် အီရန်ဟာ ဆီးရီးယားမှာ အာဆတ်ရဲ့ သစ္စာတော်ခံ တပ်တွေနဲ့ ပူးပေါင်းပြီး စစ်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်နေပါတယ်။

IDFက အာဆတ် အနေနဲ့ အီရန်နဲ့ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုကို ရပ်တန့်တာ၊ ဒါမှမဟုတ် ထင်သာမြင်သာ လျှော့ချတာတွေ မရှိခဲ့ရင် သမ္မတ နေထိုင်ရာ အိမ်တော်တွေကို ဗုံးကြဲသွားမယ်လို့ သတိပေးထားတာဖြစ်ကြောင်း Elaphက ဆိုပါတယ်။ IDFကတော့ ဒီသတင်းအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

အစ္စရေး သတင်းဌာန Jerusalem Postကလည်း အာရပ် မီဒီယာရဲ့ ဖော်ပြချက်ကို သီးခြား အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲလို့ ဆိုပါတယ်။ အစ္စရေးဟာ နယ်နိမိတ်ချင်း နီးကပ်တဲ့ ဆီးရီးယား ပိုင်နက်ထဲမှာ အီရန်တပ်တွေ လာရောက် ဖြန့်ကျက်ထားတဲ့အပေါ် ခြိမ်းခြောက်မှု တစ်ခုအနေနဲ့ ရှုမြင်ထားပါတယ်။ အရင်ကလည်း ဆီးရီးယား ပိုင်နက်ထဲက စစ်ရေး ပစ်မှတ်တွေကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်း ဆီးရီးယားက စွပ်စွဲပေမယ့် အစ္စရေးကတော့ ဘာမှ မဖြေရှင်းပါဘူး။

Elaph သတင်းဌာနဟာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ အခြေစိုက်ပြီး ဆော်ဒီအာရေးဘီးယား နိုင်ငံသားတချို့ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အရင်ကတော့ အာရပ် ကမ္ဘာနဲ့ရော၊ အစ္စရေး အစိုးရ အရာရှိတွေကိုပါ လက်တံရှည်ရှည် ချိတ်ဆက်နိုင်တာမျိုးတွေ ရှိခဲ့ပါတယ်။ ၂၀၁၇ တုန်းက IDF အကြီးအကဲ ဂါဒီ အီဆန်ကော့နဲ့ ပထမဆုံး အင်တာဗျူးခွင့်ရတဲ့ ဆော်ဒီ မီဒီယာအဖြစ် Elaphက နာမည် ကျော်ခဲ့ဖူးပါတယ်။

အရင်က ပြည်တွင်းစစ်အပြီး ဆီးရီးယားမှာ အာဆတ်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ အီရန်နဲ့ ရုရှားတို့က အပြိုင်အဆိုင် စွက်ဖက်ခဲ့ပေမယ့် အခုအခါမှာတော့ ရုရှားက ယူကရိန်း စစ်ပွဲအတွက် အာရုံများနေပြီး ဆီးရီးယား အစိုးရအပေါ် အီရန်ရဲ့ လွှမ်းမိုးမှုက ပိုမို ကြီးထွားလာကြောင်း Elaphက ဖော်ပြသွားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဗီဒီယို

အစ္စရေး စစ်တပ် ကွန်မန်ဒိုဟောင်း တစ်ဦးဖြစ်တဲ့ သန်းကြွယ်သူဌေး ဘန်းနက်တ်က သူ့အစိုးရဟာ မူဝါဒပိုင်း အငြင်းပွားစရာတွေ ရှိခဲ့တယ် ဆိုရင်တောင် နိုင်ငံရဲ့ စီးပွားရေး တိုးတက်အောင်၊ အလုပ်လက်မဲ့ ပြဿနာ လျော့ပါးအောင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့ကြောင်း ကာကွယ် ပြောဆိုထားပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ NUG Pay မိုဘိုင်းငွေပေးချေမှုကို မကြာခင် စတင်သုံးစွဲနိုင်တော့မည်ဟု NUG စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက မေလတွင် သတင်းမီဒီယာများကိုပြောကြားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ပြည်သူလူထုကို ယခုလိုခြိမ်းခြောက်ခြင်းဖြစ်သည်။

သတင်း

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်များ၊ ပျူစောထီးများနှင့် အနီးကပ်နေထိုင်ခြင်းမပြုကြရန် ထပ်မံ မေတ္တာရပ်ခံထားသည်။

ဗီဒီယို

လေယာဉ်မှူးဟာ ထောက်လှမ်းရေး အရာရှိတွေရဲ့ စစ်ဆေး မေးမြန်းမှုကို ခံခဲ့ရပါတယ်။ ကနဦး အခြေအနေအရ သူဟာ ကန့်သတ် လေပိုင်နက်မှန်း မသိဘဲ ကမ်းခြေဖက် ချဉ်းကပ် ပျံသန်းမိခဲ့တာလို့ လေယာဉ်မှူးက ဝန်ခံထားပါတယ်။ သူဟာ အရပ်ဖက် လေကြောင်း ပျံသန်းမှု စည်းမျဉ်းတွေကို ဖောက်ဖျက်မိတဲ့အတွက်တော့ ဖြေရှင်းရဦးမှာ...