Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးလင်းနယ်တွင် ပြည်သူပိုင်စားနပ်ရိက္ခာများ ခိုးယူလုယက်ရန်လာသည့် စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်၊ စစ်ကောင်စီတပ်သားသုံးဦး ဒဏ်ရာရ

ထိုတိုက်ပွဲမှာ ၁နာရီခန့် ပြင်းထန်စွာကြာမြင့်ခဲ့ပြီးနောက် နံနက် ၇နာရီခန့်တွင်လည်း နောက်တစ်ကြိမ်ထပ်မံ ဖြစ်ပွားခဲ့ပြီး နာရီဝက်ခန့်အပြန် အလှန်ပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။

(YDFထီးလင်း တပ်ဖွဲ့ဝင်များအား ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ်)
(YDFထီးလင်း တပ်ဖွဲ့ဝင်များအား ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ်)

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် ပြည်သူပိုင်စားနပ် ရိက္ခာများ ခိုးယူလုယက်ရန်လာသည့် စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသုံးဦးပြင်းထန်ဒဏ်ရာရရှိကြောင်း YDF (ထီးလင်း) က ထုတ်ပြန်သည်။

ရွှေအောင်သာကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် ယနေ့(ဇွန်၁၆ ရက်)နံနက် ၅ နာရီခန့်ကစ၍ အောင်းကျေးရွာရှိ ပြည်သူများ၏ စားနပ်ရိက္ခာများအား ခိုးယူလုယက်ရန်အလာတွင် လက်ဦးမှုရယူ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုတိုက်ပွဲမှာ ၁နာရီခန့် ပြင်းထန်စွာကြာမြင့်ခဲ့ပြီးနောက် နံနက် ၇နာရီခန့်တွင်လည်း နောက်တစ်ကြိမ်ထပ်မံ ဖြစ်ပွားခဲ့ပြီး နာရီဝက်ခန့်အပြန် အလှန်ပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။

“အောင်းနဲ့ ရွှေအောင်သာက လေးမိုင်ဝန်းကျင် လောက်ပဲဝေးတယ်။ရွှေအောင်သာမှာတပ်စွဲထားတာလည်း ခြောက်လ လောက်ရှိပြီ။အင်အားက ၈၀ဝန်းကျင်လောက်ရှိတယ်။ရိက္ခာပြတ်လာပြီဆို ဘေးကနီးစပ်ရာ ရွာတွေထဲ ဝင် ဝင်ဆွဲ ပြီး လုယက်နေကြ။ဒီနေ့က သတင်းရတာနဲ့ စောင့်တိုက်နိုင်တာ”ဟု YDF ထီးလင်း တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ထို့နောက် နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်မှာ ရိက္ခာမပါ​ဘဲ ခြင်းကြား​ဗလာဖြင့် ရွှေအောင်သာသို့ဆုတ်ခွာသွားခဲ့ရသည်ဟု ဆိုသည်။

စစ်ကောင်စီဘက်မှ သုံးဦးပြင်းထန်ဒဏ်ရာရရှိ၍ကျဆုံးသတင်းစုံစမ်းဆဲ​ဖြစ်ကာ YDF(ထီးလင်း)ဘက်မှ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ခိုက်မှု ဖြစ်စဥ်တွင် ထိခိုက်၊​သေဆုံးစာရင်း အတိ အကျ မသိရှိရသေးဘဲ ဒုတိယအကြိမ် ဖောက်ခွဲပစ်ခတ်မှုအပြီးတွင် လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခြင်းခံရသော်လည်း ပူး ပေါင်းအဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

သတင်း

စစ်ကောင်စီယာဉ်တန်း၌ ယာဉ်အစီးရေ ၁၀၀ကျော်ပါဝင်ရာ ယာဉ်တန်းလုံခြုံရေး၊ မိုင်းရှာဖွေရေး ဆောင်ရွက်သည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်သွားလာနေသည်ဟု ဆိုသည်။

သတင်း

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရသွားကာ စစ်ကားတစ်စီးထိုးရပ်ကာ အလောင်းနှင့် ဒဏ်ရာရသူများကို ကောက်တင်သွားသည်ဟု ထုတ်ပြန်သည်။

သတင်း

ဗြိတိန်အရေးယူပိတ်ဆို့လိုက်သော ကုမ္ပဏီသုံးခုလုံးသည် အာဏာသိမ်းပြီးချိန်မှစ၍ တပ်မတော်အတွက် လေယာဉ်အစိတ်အပိုင်းများ ထောက်ပံ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ကြေညာချက်၌ ဖော်ပြသည်။