Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွာလုံးကျွတ်မီးရှို့ခံ​ရ​သော ​ချောင်းဦးမြို့နယ်၊ မကျည်းတန်းရွာအ​ရေးပေါ်အကူအညီများလိုအပ်​နေ

အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် တစ်ရွာလုံး အိမ်နှစ်လုံးသာကျန်ခဲ့ပြီး ရွာလုံးကျွတ်မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း၊ ရွာသူရွာသားများမှာ နေထိုင်စားသောက်ရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများကပြောသည်။

(တစ်ရွာလုံးတွင် ၂ အိမ်သာကျန်​သာကျန်​အောင်ပြာကျသည့်အထိ့ အကြမ်းဖက်စစ်တပ်ကမီးရှို့ခံရ​သောမန်ကျည်းတန်းရွာ။ ။ဓါတ်ပုံ-CJ)
(တစ်ရွာလုံးတွင် ၂ အိမ်သာကျန်​သာကျန်​အောင်ပြာကျသည့်အထိ့ အကြမ်းဖက်စစ်တပ်ကမီးရှို့ခံရ​သောမန်ကျည်းတန်းရွာ။ ။ဓါတ်ပုံ-CJ)

အကြမ်းဖက်စစ်တပ်၏ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မန်ကျည်းတန်းကျေးရွာတွင် ပြည်သူများ မီးလောင်ပြင်၌ တဲထိုး​ကာနေထိုင်နေရပြီး အခြေခံစားကုန်နှင့်လူသုံးကုန်များ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၁၀ ရက်နေ့ ​ညနေ ၄ နာရီခန့်က အကြမ်းဖက်စစ်တပ်သည် မန်ကျည်းတန်းကျေးရွာထဲသို့ဝင်ရောက်လာပြီး ညအိပ်စခန်းချခဲ့သည်။ နောက်တစ်နေ့ ဇွန်လ၁၁ ရက်နေ့နံနက် ၆ နာရီခန့်မှစတင်ကာ မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(တစ်ရွာလုံးတွင် ၂ အိမ်သာကျန်​သာကျန်​အောင်ပြာကျသည့်အထိ့ အကြမ်းဖက်စစ်တပ်ကမီးရှို့ခံရ​သောမန်ကျည်းတန်းရွာ။ ။ဓါတ်ပုံ-CJ)
(တစ်ရွာလုံးတွင် ၂ အိမ်သာကျန်​သာကျန်​အောင်ပြာကျသည့်အထိ့ အကြမ်းဖက်စစ်တပ်ကမီးရှို့ခံရ​သောမန်ကျည်းတန်းရွာ။ ။ဓါတ်ပုံ-CJ)

အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် တစ်ရွာလုံး အိမ်နှစ်လုံးသာကျန်ခဲ့ပြီး ရွာလုံးကျွတ်မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း၊ ရွာသူရွာသားများမှာ နေထိုင်စားသောက်ရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများကပြောသည်။

Public Service Announcement
Public Service Announcement

“အစားအသောက်ဆိုတဲ့နေရာမှာ အဓိကက ဆီ ၊ဆား၊ဆန် အဲဒါမျိုး အခြေခံဟာတွေလိုအပ်နေပါတယ်။ နောက်ပြီး သူတို့အတွက် ရံပုံငွေလဲလိုတယ်​ဗျ။ ဆေးဝါးပိုင်းဆိုင်ရာတွေအတွက်ပေါ့။ အဓိက လူအသုံးကုန်အခြေခံတွေလိုတာဗျ။ အခုက မီးလောင်ပြင်ကြီးထဲမှာ တဲထိုးပြီး ဖြစ်သလိုနေနေရတဲ့အခြေနေမို့ပါ။”ဟု ​ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် မန်ကျည်းတန်းကျေးရွာအပြင် ချောင်းဦးမြို့နယ်အတွင်းရှိ ဘလွေကျေးရွာ၊ တောကျောင်းကြီးကျေးရွာ၊ တောကျောင်းလေးကျေးရွာတို့ကိုပါ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။

အကြမ်းဖက်စစ်တပ်သည် ဇွန်လ ၁၄ ရက်နေ့က ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာတွင် ပြည်သူ၄ဦးအား အရှင်လတ်လတ်နောက်ပြန်ကြိုးတုပ်ကာ မီးရှို့သတ်ဖြတ်သွားကြောင်း၊ ထိုနေ့တွင်ပင် အကြမ်းဖက်စစ်တပ်အားပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ ပျူစောထီး (၆)ဦး သေဆုံးခဲ့ကြောင်း ChaungU Revolution က ထုတ်ပြန်ထားသည်။

(တစ်ရွာလုံးတွင် ၂ အိမ်သာကျန်​သာကျန်​အောင်ပြာကျသည့်အထိ့ အကြမ်းဖက်စစ်တပ်ကမီးရှို့ခံရ​သောမန်ကျည်းတန်းရွာ။ ။ဓါတ်ပုံ-CJ)
(တစ်ရွာလုံးတွင် ၂ အိမ်သာကျန်​သာကျန်​အောင်ပြာကျသည့်အထိ့ အကြမ်းဖက်စစ်တပ်ကမီးရှို့ခံရ​သောမန်ကျည်းတန်းရွာ။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မေလ (၃၁) ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးခဲ့၍ လူနေအိမ်ပေါင်း ၁၃၈၄၀ ခန့် မီးလောင်ကျွမ်းပျက်စီးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ရေးအခြေအနေကြောင့် ဒေသခံပြည်သူများ အနေဖြင့် သတိရှိစွာသွားလာနေထိုင်ရန်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ သတိပေးချက်များကို လိုက်နာပေးရန်လည်း တိုက်တွန်းသည်။

သတင်း

ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ၎င်း ၏ထောက်တိုက်တိုင် ပျူစောထီးအဖွဲ့ကို တစ်ရက်ထဲ သုံးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန် ၁၅ ရက်တွင် ထုတ်ပြန်သည်။

သတင်း

စစ်တပ်သည် ဇွန်လ၁၀ရက်နံနက်ပိုင်းကပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်အနောက်ဘက်ရှိ ဒဲ့ပြား၊အရှေ့ကမ်းဖြူ၊တောင်ပါးလူ အစရှိသည့် ကျေးရွာ ရွာ၃ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။

သတင်း

ကိုင်းမ ကျေးရွာတွင် နေအိမ်၁၀လုံး၊ နှောကုန်းရွာတွင် နေအိမ် ၅၂လုံး၊ လျော်ဖြူကုန်းရွာမှ နေအိမ် ၁၁၈ လုံးနှင့် စပါးကျည် ၃၅လုံး၊ ဇော်ချောင်းကျေးရွာမှ နေအိမ် ၈၉ လုံး၊ အလယ်ခုံ ကျေးရွာမှ ဘုန်းကြီးကျောင်း၁ ကျောင်းနှင့် နေအိမ် ၁၆၄လုံးတို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း...