Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာပြည်သူများကို မမေ့လျော့ရန် နိုင်ငံတကာကို ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

ယခုသီတင်းပတ် မြန်မာကတ်သလစ်ဘုန်းတော်ကြီးများအထွေထွေညီလာခံ နောက်ဆုံးထုတ်ပြန်ချက်တွင် ဆက်လက်ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်ဒဏ်ခံစားနေရသော မြန်မာအရပ်သားပြည်သူ များ၏ အကျပ်အတည်းကို လွန်စွာစိုးရိမ်ကြောင်း ဖော်ပြသည်။

(ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် ။ ။ဓါတ်ပုံ-CNA)
(ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် ။ ။ဓါတ်ပုံ-CNA)

နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မြန်မာပြည်သူများကို မမေ့လျော့ရန် ပုပ်ရဟန်းမင်းကြီးက ယမန်နေ့တွင် တိုက်တွန်းလိုက်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုများကို ခံစားနေရသည့် မြန်မာပြည်သူများကို လျစ်လျူရှုမထားရန် ပုပ်ရဟန်းမင်းကြီးက ပန်ကြားချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“အခြေခံလူသားချင်းစာနာမှုအကူအညီ ကင်းမဲ့နေဆဲ​ မြန်မာပြည်သူအများအပြားရဲ့ နာကျင်မှု ငိုကြွေးသံတွေကို ကျွန်ုပ်တို့ ကြားနေရဆဲပါ။ နောက်ပြီး မြန်မာပြည်သူတွေဟာ အကြမ်းဖက်မှုတွေက လွတ်မြောက်ဖို့နဲ့ နေအိမ်တွေကို မီးရှို့ခံနေရတာတွေကြောင့် အတင်းအကျပ်နေရပ်စွန့်ခွာနေရပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်က မိန့်ကြားသည်။

ယခုသီတင်းပတ် မြန်မာကတ်သလစ်ဘုန်းတော်ကြီးများအထွေထွေညီလာခံ နောက်ဆုံးထုတ်ပြန်ချက်တွင် ဆက်လက်ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်ဒဏ်ခံစားနေရသော မြန်မာအရပ်သားပြည်သူ များ၏ အကျပ်အတည်းကို လွန်စွာစိုးရိမ်ကြောင်း ဖော်ပြသည်။

ထို့အပြင် ဘက်အားလုံးအနေဖြင့် လူသားဘ၀နှင့် ဂုဏ်သိက္ခာကို လေးစားလိုက်နာရန် အထက်ပါဘုန်းတော်ကြီးများက တောင်းဆိုခဲ့သည်။

အသက်ရှင်သန်ခွင့်ကို လေးစားရန်နှင့် ဘာသရေးဝတ်ပြုနေရာများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို အလေးအမြတ်ထားရန် ကတ်သလစ်ဘုန်းတော်ကြီးများကအခိုင်မမာတောင်းဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ကပ်ဘေးဒုက္ခကို ရပ်တန့်ရန် တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနှင့် တရားဝင် အရပ်သားအစိုးရအုပ်ချုပ်မှုတို့ မဖြစ်မနေ ပြန်လည်ရရှိရမည်ဖြစ်ပြီး ဖက်ဒရယ်ဒီမို ကရေစီနိုင်ငံတည်ထောင်ရန်လိုအပ်ကြောင်း သံအမတ်ကြီးက ပြောသည်။

သတင်း

မြန်မာနိုင်ငံရှိ ကလေးသူငယ် ၁ သန်းသည် ကူးစက်နိုင်သော ရောဂါကာကွယ်ဆေး ထိုးနှံရခြင်းမရှိသေးဘဲ ၂၀၂၁ နှစ်ဆန်းမှစတင်ကာ ကလေးငယ် ၃ သန်းသည် ဘေးကင်းသောရေထောက်ပံ့မှု မရရှိသေးပေ။

သတင်း

အကြမ်းဖက်စစ်ကောင်စီကမူ ၎င်းတို့ကို ‘တရားမဝင်စစ်အစိုးရ’ဟု ပြင်သစ်က သုံးနှုန်းခဲ့မှုနှင့် ကုလသမဂ္ဂအပါအဝင်အနောက်အင်အားကြီးနိုင်ငံများက ပြင်းထန်စွာဝေဖန်ရှုတ်ချခဲ့ခြင်းအပေါ် ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။

သတင်း

ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်တွင် တရားမ၀င်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်၍ ထောက်ခံသွားမည်ဟုဖော်ပြသည်။