Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးတွင်စစ်​ကောင်စီတပ်က ​ရွာတစ်ရွာကိုဖျက်ဆီးစဥ်ခုခံကာကွယ်​​ပေး​သော​ချောင်းဦးPDFမှရဲ​ဘော်တစ်ဦးကျဆုံး

ကျဆုံးအာဇာနည်ရဲဘော်ဆောင်ရွက်လက်စဖြစ်သောစစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတာဝန်ကို ကျန်ရစ်သူရဲဘော်များက ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချောင်းဦး PDF အဖွဲ့ကဝန်ခံကတိပြုခဲ့ကြသည်။

ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာအတွင်းသို့ စစ်​ကောင်စီတပ်က ဝင်ရောက်စီးနင်းဖျက်ဆီးမှုကို ကာကွယ်ခဲ့သည့်ချောင်းဦးPDF အဖွဲ့ကရဲဘော်တစ်ဦးလက်နက်ကြီးထိမှန်ကာ ကျဆုံးခဲ့သည်။

ဇွန်လ၁၈ရက်နေ့နံနက်ပိုင်းကအကြမ်းဖက်စစ်ကောင်စီတပ်များသည် ချောင်းဦးမြို့နယ်၊ ညောင်ပင်တဲကျေးရွာသို့ ဝင်ရောက်စီးနင်းဖျက်ဆီးချိန် PDF ရဲဘော်များကကာကွယ်ချိန် တပ်ခွဲ (၃) မှ ရဲဘော် တိုးနိုင်ဝင်းသည် လက်နက်ကြီးထိမှန်ပြီး နိုင်ငံတော်အတွက်အသက်ပေးလှူ၍ မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်းချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတွင်နိုင်ငံတော်နှင့်ပြည်သူ့အကျိုးစီးပွားအတွက်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသဖြင့် ကျွန်ုပ်တို့ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဆို့နင့်ကြေကွဲဝမ်းနည်းရကြောင်း ချောင်းဦး PDF ၏ ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် ရေးသားထားသည်။

ကျဆုံးအာဇာနည်ရဲဘော်ဆောင်ရွက်လက်စဖြစ်သောစစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတာဝန်ကို ကျန်ရစ်သူရဲဘော်များက ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချောင်းဦး PDF အဖွဲ့ကဝန်ခံကတိပြုခဲ့ကြသည်။

ချောင်းဦးမြို့နယ်သည်တော်လှန်ရေးအားကောင်းရာမုံရွာ၊ မြင်းမူ၊ မြောင်၊ ​မကွေးတိုင်းရေစကြိုအစရှိသည့်မြို့နယ်များနှင့်နယ်ချင်းဆက်နေပြီးတော်လှန်ရေးအစောပိုင်းကာလကတည်းကအကြမ်းဖက်စစ်တပ်အားခုခံတော်လှန်နေသည့် ဒေသတစ်ခုဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီ၏ သောင်းကျန်းသူများသည် ညောင်ပင်တဲကျေးရွာမှ ပြည်သူပိုင်တန်ဖိုးကြီးပစ္စည်းများကို လုယက်ယူဆောင်သွားပြီး ချောင်းဦးမြို့နယ်၊ ရွာတော်လေးကျေးရွာသို့ ရောက်ရှိသွားကြောင်း၊ ထိုမှတဆင့် မည်သည့်ကျေးရွာသို့ ဆက်လက်ထွက်ခွာမည်ကို မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။

သတင်း

တော်လှန်ရေးအောင်မြင်မှု၊ရှုံးနှိမ့်မှုသည် ပြည်သူလူထုပူးပေါင်းပါဝင်မှုအပေါ်တွင် များစွာမူတည်နေပြီး တော်လှန်ရေး၏ အကောင်းအဆိုး အကျိုးအမြတ်သည်လည်း ပြည်သူလူထုသာလျှင်ဖြစ်သည်ဟု ဖော်ပြသည်။

သတင်း

ပစ်ခတ်ခံရပြီးနောက် စစ်​ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး တရားမဝင်ဖမ်းဆီးစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နိုင်သဖြင့် ပြည်သူများအနေဖြင့် သတိရှိစွာနေထိုင်ရန် တိုက်တွန်းသည်။

သတင်း

တိုက်ခိုက်ချိန် ၅ မိနစ်နီးပါးသာကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ကြောင်း၊ ရဲဘော် နှစ်ဦး လက်နက်ကြီး ထိမှန်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်ခြင်းမရှိကြောင်း PDFက ဆိုသည်။